၁၉၂၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင် ရပ်နေ သခင်ညီမောင်နှင့် ဒေါ်ရွှေကြင်တို့မှ ဖွားမြင်သော သားသမီး သုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်အရင်းမှာလည်း ‘အောင်သင်း’ ပင်ဖြစ်သည်။
အသက် ၅ နှစ်သားအရွယ်တွင် တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ ၏ မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းအောင် မြင်ပြီးနောက် တောင်တွင်းကြီးမြို့ မိုးထိမြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာ ဆက်လက်သင်ကြားခဲ့သည်။ ဆဋ္ဌမတန်းတွင် ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်နှင့် ကြုံခဲ့သည်။ ထိုနှစ်၌ မိခင်ကွယ်လွန်သည်။
သတ္တမတန်း၌ ပညာသင်ကြားနေစဉ်တွင် ပညာဘက်၌ အာရုံ လျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက် ကျောင်းထွက်နေစဉ် ဖခင် နောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေဝတ်သည်။ သာမဏေဘဝနှင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘဝ မှ ထွက်လိုက်ရသည်။
ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ သို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက် သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
၁၉၄၉ ခုနှစ် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ ၏ ဖမ်းဆီးခြင်းခံရကာ မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလတွင် သရက်ထောင်ကိုဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။
၁၉၅၂ ခုနှစ်ရောက်မှ တောင်တွင်းကြီးမြို့သို့ ပြန်လာခဲ့ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင်ရောက်ဖြေဆိုရာ ထိုနှစ်မှာပင် စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၅၃ ခုနှစ်၊ အောက်တိုဘာလတွင် မိုးထိအထက်တန်း ကျောင်း၌ အလယ်တန်းပြဆရာအဖြစ် ဝင်ရောက်အမှုထမ်းခဲ့ပြီး ၁၉၅၆ ခုနှစ်တွင် အလုပ်မှထွက်၍ မကွေးကောလိပ်၌ ဥပစာဝိဇ္ဇာတန်းကို စတင် တက်ရောက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ဆက်လက် တက်ရောက်ပြီး ၁၉၆၀ ခုနှစ်တွင် ဝိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိကဗေဒဘာသာ တွဲဖြင့် အောင်မြင်ခဲ့သည်။
၁၉၆၁ ခုနှစ်တွင် ဘီအီးဒီ ဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခဦးဝန်၏လက်ထက်၌ မဟာဝိဇ္ဇာအရည်အချင်းစစ်စာမေးပွဲဖြေခွင့် ပေါ်လာခဲ့သောကြောင့် မြန်မာစာမဟာဝိဇ္ဇာအရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြဖြစ်လာသည်။ ၁၉၆၃ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ရသည်။ ၁၉၆၅ ခုနှစ်၊ မေလတွင် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ မြန်မာစာဌာနသို့ လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့ အမှုထမ်းရသည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန် တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရောက် ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ]ဝတ္ထုတိုလေ့လာချက်စာတမ်း}ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။
၁၉၅၉ ခုနှစ်၊ မေလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခံရသော သရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးသည် အောင်သင်း၏ ပထမဆုံး လက်ရာဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင်ရေးပြီး ရှုမဝသို့ ဦးစွာပေးပို့ခဲ့သည်။ ရှုမဝအယ်ဒီတာအဖွဲ့က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာ များကို မထည့်ရန် ဆုံးဖြတ်ထားသောကြောင့် ပြန်ပို့ပေးခဲ့သည်။ အတန်ကြာ မှ မြဝတီသို့ပို့ခဲ့ရာ မြဝတီက ဖော်ပြခဲ့ခြင်းဖြစ်သည်။
၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါးနှစ်ပုဒ် (လူသေလူမဖြစ်မီက သျှင်ဥက္ကဋ္ဌဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ်ကဗျာ ဘာသာပြန် တစ်ပုဒ်ကို ရေးသားခဲ့သည်။ လူတစ်ဦး၏စာမူသုံးပုဒ်ဖော်ပြရန် မသင့်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ကဗျာတွင် ]မောင်သံနိုင်}ဟူသော အမည်နှင့် ဖော်ပြခဲ့သည်။
၁၉၆၂ ခုနှစ်တွင် ]စာဆိုတော်}ဟူသော ပြားငါးဆယ်တန် မဂ္ဂဇင်း ကလေး ထွက်လာခဲ့ဖူးသည်။ ထိုမဂ္ဂဇင်း၏ စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ခံခဲ့သည်။ (တာဝန်ခံအယ်ဒီတာမှာ တပ်မတော်မင်းရဲထွန်းဖြစ်သည်) ထိုစာစောင်တွင်လည်း လစဉ် သုံးလေးပုဒ် ရေးရသောကြောင့် ]မောင်သံနိုင်} ကို တစ်ခါ ထပ်ပြီး သုံးလိုက်သေးသည်။ သို့သော် နောက်ပိုင်း တွင် အောင်သင်းမှတစ်ပါး အခြား မည်သည့်နာမည်ကိုမျှ မသုံးတော့ပါ။ နာမည်ရင်းအတိုင်းသာ ရေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကံ့ကော်မြိုင်စာတမ်း များစာစု၌ စာတမ်းသုံးပုဒ်ရေးခဲ့ရာ နှစ်ပုဒ်ကို ထိုစဉ်က အထက်တန်း၊ အလယ်တန်း မြန်မာစကားပြေလက်ရွေးစင်တို့တွင် ကျောင်းသားစာအဖြစ် ပြဋ္ဌာန်းခဲ့သည်။
၁၉၆၆ ခုနှစ် ပတ်ဝန်းကျင်တွင် ]စိတ်ပင်လယ်စာတမ်းများ}အတွက် စာတမ်းငယ်နှစ်ပုဒ် ရေးပေးခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ရှုမဝ၌ ]မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ} ဟူသော စာပေဝေဖန်ရေး ဆောင်းပါးကို ရေးခဲ့သည်။ ထိုအချိန်မှစ၍ စာပေသဘောတရား၊ စာပေ ဝေဖန်ရေးများကို ဆက်တိုက်ရေးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် ]စာပေရေးရာ ဆောင်းပါးများ}အမည်ရှိ စာပေဆောင်းပါးစာစုကို ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ်(၁) မှစ၍ ၂၅ လတိုင်တိုင် ]အကြိုက်ဆုံးဝတ္ထုတို}ကဏ္ဍကို လစဉ်ရေးသားခဲ့သည်။
၁၉၇၈ ခုနှစ်၊ ဧပြီလတွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါဝင်ပတ်သက်သည် ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆသောကြောင့် အလုပ်မှ ထုတ်ပယ် ခြင်း ခံရသည်။ ၁၉၇၉ ခုနှစ်နောက်ပိုင်းတွင် အလွတ်နည်းပြသင်တန်းများ၌ မြန်မာစာသင်ပေးခြင်း၊ စာပေရေးသားခြင်းနှင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။
ထို့နောက် အခါအားလျော်စွာ စာပေဟောခြင်း၊ ရေးသူဖတ်သူ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း၊ စာပေဝေဖန်ရေးဆောင်းပါးများ ရေးသားခြင်း၊ လူငယ်များအတွက် စာကြည့်သင်းယဉ်ကျေးမှု ထွန်းကား ဖွံ့ဖြိုးရေးအတွက် ဆော်သြရေးသားဟောပြောခြင်း၊ ပညာရေးဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ သုတရသစာပေများ ရေးသားခြင်း၊ ယနေ့တိုင် လူငယ်များ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ဘဝများ ကိုယ်ရည်ကိုယ် သွေးတောက်ပြောင် စိမ်းလန်းရေးအတွက် စာပေရေးသားဟောပြောခြင်း အားဖြင့် စာပေအနုပညာ၌ ဘဝကိုမြှုပ်နှံကာ အချိန်ပြည့် စာရေးဆရာအဖြစ် သက်ဝင်ရှင်သန်နေထိုင်ရင်း ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။
![]() | အောင်သင်း၁၉၂၇ ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင် ရပ်နေ သခင်ညီမောင်နှင့် ဒေါ်ရွှေကြင်တို့မှ ဖွားမြင်သော သားသမီး သုံးယောက်အနက် အကြီးဆုံးဖြစ်သည်။ အမည်အရင်းမှာလည်း ‘အောင်သင်း’ ပင်ဖြစ်သည်။ အသက် ၅ နှစ်သားအရွယ်တွင် တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ ၏ မူလတန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ စတုတ္ထတန်းအောင် မြင်ပြီးနောက် တောင်တွင်းကြီးမြို့ မိုးထိမြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာ ဆက်လက်သင်ကြားခဲ့သည်။ ဆဋ္ဌမတန်းတွင် ၁၉၃၈ ခုနှစ် ကျောင်းသားသပိတ်နှင့် ကြုံခဲ့သည်။ ထိုနှစ်၌ မိခင်ကွယ်လွန်သည်။ သတ္တမတန်း၌ ပညာသင်ကြားနေစဉ်တွင် ပညာဘက်၌ အာရုံ လျော့နည်းလာသဖြင့် စာမေးပွဲကျရှုံးခဲ့သည်။ ထို့နောက် ကျောင်းထွက်နေစဉ် ဖခင် နောက်အိမ်ထောင်ပြုသည်။ ၁၉၄၁ ခုနှစ်တွင် ရှင်သာမဏေဝတ်သည်။ သာမဏေဘဝနှင့် ပညာသင်နေစဉ် ဒုတိယကမ္ဘာစစ်ဖြစ်လာ၍ သာမဏေဘဝ မှ ထွက်လိုက်ရသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီး ၁၉၄၇ ခုနှစ်တွင် ပြည်သူ့ရဲဘော်တပ်ဖွဲ့ သို့ ဝင်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှတစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက် သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ၁၉၄၉ ခုနှစ် ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ ၏ ဖမ်းဆီးခြင်းခံရကာ မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရပြီး ၁၉၄၉ ခုနှစ်၊ နိုဝင်ဘာလတွင် သရက်ထောင်ကိုဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဘီအီးဒီ ဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခဦးဝန်၏လက်ထက်၌ မဟာဝိဇ္ဇာအရည်အချင်းစစ်စာမေးပွဲဖြေခွင့် ပေါ်လာခဲ့သောကြောင့် မြန်မာစာမဟာဝိဇ္ဇာအရည်အချင်းစစ်သင်တန်း တက်ရောက်ခွင့်ကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နည်းပြဖြစ်လာသည်။ ၁၉၆၃ ခုနှစ်တွင် မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ရသည်။ ၁၉၆၅ ခုနှစ်၊ မေလတွင် ပြင်ဦးလွင် စစ်တက္ကသိုလ်၊ မြန်မာစာဌာနသို့ လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့ အမှုထမ်းရသည်။ ၁၉၇၀ ခုနှစ်၊ အောက်တိုဘာလတွင် ရန်ကုန် တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာဝိဇ္ဇာတန်းကို ဆက်လက်တက်ရောက် ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ]ဝတ္ထုတိုလေ့လာချက်စာတမ်း}ပြုစုတင်ပြပြီး မဟာဝိဇ္ဇာတန်းကို ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။ ၁၉၅၉ ခုနှစ်၊ မေလထုတ် မြဝတီမဂ္ဂဇင်းတွင် ဖော်ပြခံရသော သရက်ထောင်ဖောက်ခဲ့စဉ်က ဆောင်းပါးသည် အောင်သင်း၏ ပထမဆုံး လက်ရာဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင်ရေးပြီး ရှုမဝသို့ ဦးစွာပေးပို့ခဲ့သည်။ ရှုမဝအယ်ဒီတာအဖွဲ့က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာ များကို မထည့်ရန် ဆုံးဖြတ်ထားသောကြောင့် ပြန်ပို့ပေးခဲ့သည်။ အတန်ကြာ မှ မြဝတီသို့ပို့ခဲ့ရာ မြဝတီက ဖော်ပြခဲ့ခြင်းဖြစ်သည်။ ၁၉၆၀ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများထုတ်ဝေသော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါးနှစ်ပုဒ် (လူသေလူမဖြစ်မီက သျှင်ဥက္ကဋ္ဌဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ်ကဗျာ ဘာသာပြန် တစ်ပုဒ်ကို ရေးသားခဲ့သည်။ လူတစ်ဦး၏စာမူသုံးပုဒ်ဖော်ပြရန် မသင့်ဟု ဆုံးဖြတ်သောကြောင့် Henery Davibes ၏ The Welcome ကဗျာတွင် ]မောင်သံနိုင်}ဟူသော အမည်နှင့် ဖော်ပြခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ]စာဆိုတော်}ဟူသော ပြားငါးဆယ်တန် မဂ္ဂဇင်း ကလေး ထွက်လာခဲ့ဖူးသည်။ ထိုမဂ္ဂဇင်း၏ စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ခံခဲ့သည်။ (တာဝန်ခံအယ်ဒီတာမှာ တပ်မတော်မင်းရဲထွန်းဖြစ်သည်) ထိုစာစောင်တွင်လည်း လစဉ် သုံးလေးပုဒ် ရေးရသောကြောင့် ]မောင်သံနိုင်} ကို တစ်ခါ ထပ်ပြီး သုံးလိုက်သေးသည်။ သို့သော် နောက်ပိုင်း တွင် အောင်သင်းမှတစ်ပါး အခြား မည်သည့်နာမည်ကိုမျှ မသုံးတော့ပါ။ နာမည်ရင်းအတိုင်းသာ ရေးခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ကံ့ကော်မြိုင်စာတမ်း များစာစု၌ စာတမ်းသုံးပုဒ်ရေးခဲ့ရာ နှစ်ပုဒ်ကို ထိုစဉ်က အထက်တန်း၊ အလယ်တန်း မြန်မာစကားပြေလက်ရွေးစင်တို့တွင် ကျောင်းသားစာအဖြစ် ပြဋ္ဌာန်းခဲ့သည်။ ထို့နောက် အခါအားလျော်စွာ စာပေဟောခြင်း၊ ရေးသူဖတ်သူ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးခြင်း၊ စာပေဝေဖန်ရေးဆောင်းပါးများ ရေးသားခြင်း၊ လူငယ်များအတွက် စာကြည့်သင်းယဉ်ကျေးမှု ထွန်းကား ဖွံ့ဖြိုးရေးအတွက် ဆော်သြရေးသားဟောပြောခြင်း၊ ပညာရေးဆိုင်ရာ၊ ကျင့်ဝတ်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ သုတရသစာပေများ ရေးသားခြင်း၊ ယနေ့တိုင် လူငယ်များ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ဘဝများ ကိုယ်ရည်ကိုယ် သွေးတောက်ပြောင် စိမ်းလန်းရေးအတွက် စာပေရေးသားဟောပြောခြင်း အားဖြင့် စာပေအနုပညာ၌ ဘဝကိုမြှုပ်နှံကာ အချိန်ပြည့် စာရေးဆရာအဖြစ် သက်ဝင်ရှင်သန်နေထိုင်ရင်း ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့ တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ |
-
အနာဂတ်ကို မကြောက်နဲ့
အောင်သင်းဆရာအောင်သင်း ရေးသားထားတဲ့ အနာဂတ်ကိုမကြောက်နဲ့ ဆိုတဲ့ စာအုပ်လေးမှာ ဆောင်းပါးဆယ့်ခြောက်ပုဒ်ပါဝင်ပါတယ်။ ဒီစာအုပ်မှာ စာဖတ်သူတို့ မြင်တွေ့ရမှာက ဆရာအောင်သင်း ရေးဖွဲ့နေကျအတိုင်း လူငယ်တွေကို သိစေလိုတဲ့ အကြောင်းအရာတွေကို စာထဲကနေ စေတနာပါပါနဲ့ ထည့်သွင်းပြောဆိုထားတာမျိုးပါပဲ။ စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်တိုင်းဟာ အကြောင်းအရာ၊ အဖြစ်အပျက်လေးတွေပေါ်မှာ အခြေခံပြီး သိသင့်သိထိုက်တဲ့အရာကို မိတ်ဆွေတစ်ယောက်က ဘေးနားထိုင်ပြီးပြောပြနေသလို ခံစားမိစေပါတယ်။ ဒါကြောင့်မို့ ဆရာ့ရဲ့ ဆောင်းပါးတွေကို ဖတ်ရှုလေ့လာခြင်းဟာ စာဖတ်သူတို့အဖို့ အသိပညာနဲ့ တွေးခေါ်မှုစွမ်းအားတွေ မြင့်မားလာစေခြင်းလည်း ဖြစ်ပါတယ်။
တချို့နေရာတွေမှာတော့ ကိုယ့်မြေအပေါ် တိုးတက်စေလိုတဲ့ စိတ်ဇောက ထင်ဟပ်နေပြန်ပါတယ်။ ဆရာကြီးရဲ့ ကိုယ့်အရပ်ဒေသအပေါ် တိုးတက်ထွန်းကားချင်စိတ် ပြင်းထန်ပုံဟာ တချို့စာစုလေးတွေထဲ အားမလိုအားမရ ဖြစ်ပုံကိုကြည့်ကာ သိမြင်နိုင်ပါတယ်။ ဒါတွေကို ဆရာအောင်သင်းက အသိမိတ်ဆွေအချင်းချင်း ပြောဆိုဆွေးနွေးပုံမျိုးနဲ့လည်း ရေးသားထားခဲ့ပါတယ်။
လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာတွေပြုလုပ်မယ်ဆိုရင် အတိတ်ကဆိုးကံကို ပြင်နိုင်စွမ်းရှိပါတယ်။ အတိတ်မှာ ကောင်းခဲ့ပေမဲ့ လက်ရှိအနေအထားက ဆိုးတာတွေသာပြုလုပ်နေရင် ကောင်းနေတဲ့ အတိတ်ကံတွေပါ ပျက်စီးဆုံးရှုံးနိုင်ကြောင်းကို ဆရာက ဗုဒ္ဓအယူအဆအတိုင်း ရေးသားထားခဲ့ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ လက်ရှိအချိန်လေးကိုသာ ကောင်းတာတွေသတိကပ်ပြီး ပြုလုပ်သွားမယ်ဆိုရင် အနာဂတ်ဟာ ကြောက်စရာမလိုကြောင်း ဒီစာအုပ်ကနေ ပြောပြချင်ပုံပါပဲ။
ဒါကြောင့် အနာဂတ်အတွက် တွေးတောနေသူတွေ၊ အနာဂတ်ကို ပုံဖော်နေသူတွေ၊ အနာဂတ်ကို ရင်လေးနေသူတွေအားလုံး ဒီစာအုပ်လေးကို ဖတ်ကြည့်သင့်ပါတယ်။ လူအားလုံးဟာ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို မျှော်လင့်ရင်း ရှင်သန်နေကြရတာ မဟုတ်ပါလား။
Ks 6,000အနာဂတ်ကို မကြောက်နဲ့
Ks 6,000 -
တစ်ခါတုန်းက တပည့်တွေ နှင့် အခြားပင်ကိုရေးဆောင်းပါးများ
အောင်သင်းဆရာဦးအောင်သင်းရဲ့ ” တစ်ခါတုန်းကတပည့်တွေနှင့် အခြားပင်ကိုယ်ရေးဆောင်းပါးများ ” ဆိုတဲ့ စာအုပ်ကလေးဟာ လူငယ်တွေနဲ့ စကားပြောဆိုခြင်းလို့ အမည်တပ်ရမလိုပါပဲ။ သူ့ဆောင်းပါးတွေထဲမှာ လူငယ်တွေကို အားကိုးလိုစိတ်၊ ကျေးဇူးတင်စိတ်၊ အမှားအမှန်ကို သင်ခန်းစာယူလိုစိတ်တို့ကို အဓိကထားပြီး ရေးဖွဲ့ထားတယ်။ အမှာစာကို ဖယ်လိုက်ရင် ဆောင်းပါးခြောက်ပုဒ် ဖတ်ရှုရပါမယ်။ ဆရာကြီးရဲ့ အရေးအဖွဲ့တွေထဲမှာ လူငယ်တွေရဲ့စိတ်ကို မြင်ရပြီး လူငယ်တွေရဲ့အသံကိုလည်း ကြားယောင်မိစေမှာပါ။
ဆရာကြီးရဲ့ လူငယ်တွေအပေါ်ထားရှိတဲ့ စေတနာကို ဒီဆောင်းပါးတွေထဲမှာ ထိထိမိမိ ခံစားကြရမှာပါ။ ‘ထဘီသင်ခန်းစာ’ဆိုတဲ့ ဆောင်းပါးကလေးမှာဆိုရင် မိန်းကလေးငယ်များ အိမ်ထောင်ဖက်ရွေးခြင်းအပေါ် မှန်ကန်စေချင်တဲ့ ဆရာကြီးရဲ့စိတ်ကို လှစ်ခနဲ မြင်လိုက်ရပါတယ်။ ဆရာနဲ့ တပည့်ကြားက လေးစားချစ်ခင်မှု၊ သွန်သင်ဆုံးမမှုတွေကို အကြောက်တရားမပါဘဲ ပကတိအရှိအတိုင်း ပွင့်ပွင့်လင်းလင်း တွေ့မြင်ရတာဟာ ချစ်စရာကောင်းလှပါရဲ့။ ‘နှလုံးသားပရိယာယ်’မှာဆိုလည်း ထိုနည်းတူပါပဲ။ တပည့်တစ်ယောက်ရဲ့ ထင်ယောင်ထင်မှားစိတ်ကို သေချာဆွေးနွေး သုံးသပ်ပြထားတာကို တွေ့ရပြန်ပါတယ်။
‘သူများဖြစ်ရင်’ ဆိုတဲ့ ဆောင်းပါးလေးကတော့ ဘဝမှာရှင်သန်နေထိုင်ရင်း စဉ်းစားတွေးခေါ်ပုံကို ကိုယ်တိုင်သင်ယူလိုက်ရသလိုပါပဲ။ ဆရာတစ်ယောက်ဟာ စာသင်ခန်းထဲမှာ သင်ခန်းစာတွေပို့ချရုံနှင့်မပြီးဘဲ စိတ်ဓာတ်ရေးရာကိုပါ အထောက်အပံ့ဖြစ်ပေးနိုင်တယ်ဆိုတာ ပြသပေးထားတယ်။ ‘တစ်ခါတုန်းကပတ်ဝန်းကျင်’မှာတော့ တရင်းတနှီးမရှိလှတဲ့ တပည့်မလေးအပေါ်မှာတောင် ဆရာတစ်ယောက်ရဲ့ စာနာနားလည်ပေးနိုင်စိတ်နဲ့ မုဒိတာတရားကို မြင်တွေ့ကြရမှာပါ။
‘တခြားစာမျက်နှာ’ကို ဖတ်ရတဲ့အခါမှာ စကားလုံးတွေကြောင့် လူတချို့ရဲ့ ဆက်ဆံရေးလေး ချောမွေ့သွားတာကို ကြည်နူးဝမ်းမြောက်စရာ တွေ့ရပြန်ပါတယ်။ ဒီဆောင်းပါးလေးကြောင့် စကားတစ်လုံးတိုင်းဟာ လူမှုဆက်ဆံရေးမှာ အရေးပါတဲ့အပြင် ငြိမ်းချမ်းသာယာမှုကို အထောက်အကူဖြစ်စေတာ သတိထားမိမှာပါ။ ‘ကလေးတွေမုန့်ဖိုး’ဆိုတဲ့ ဆောင်းပါးလေးမှာတော့ ဆရာနဲ့တပည့်တွေကြားက သံယောဇဉ်အတုံ့အလှည့်ကို ခံစားလိုက်ရပြန်ပါတယ်။ ရောင်ပြန်ဟပ်တဲ့အထဲမှာ မေတ္တာရောင်ပြန်ဟာ အလင်းလက်ဆုံးပါလားလို့ သဘောပေါက်နားလည်စေတဲ့ ဆောင်းပါးလေးတစ်ပုဒ်ပါပဲ။ ‘ဘဝပစ်မှတ်’ဆိုတဲ့ ဆောင်းပါးလေးမှာတော့ စာသားလေးတစ်ကြောင်းက ရင်ထဲ စွဲကျန်နေခဲ့တယ်။
” လက်တည့်တာချင်းတူရင်တောင် စိတ်တည့်တဲ့လူက အမှတ်ပိုကောင်းတယ် ” တဲ့။ဆရာကြီးဟာ ဆောင်းပါးတွေကို ရေးဖွဲ့ရာမှာ လူငယ်တွေရဲ့စိတ်ကို နားလည်ခံစားနိုင်အောင် အဓိကထား ရေးဖွဲ့ခဲ့ပေမယ့် စာဖတ်သူတွေအဖို့ ဆရာတစ်ယောက်ရဲ့ မေတ္တာ၊ စေတနာတွေကို လေးလေးနက်နက် ခံစားမိပါလိမ့်မယ်။ ဆရာဆိုတာ ပညာအပြင် စိတ်ကိုပါ သင်ကြားပေးရမယ်ဆိုတာ ဆရာဦးအောင်သင်းက ဒီစာအုပ်လေးရဲ့ စာမျက်နှာတွေပေါ်ကနေ အမွေပေးသွားခဲ့ပါတယ်။
Ks 4,500 -
လူငယ်ရဲ့ ဘဝနှင့် တန်ဖိုး
အောင်သင်း“လူငယ်တွေကို ရွှေချမှ အနာဂတ် တောက်ပမယ်”
ဆရာဦးအောင်သင်းဟာ သူ့ရဲ့ နာမည်ကျော် စာပေဝေဖန်ရေး ဆောင်းပါးများကြောင့် စာပေလူကြမ်းမင်းသားလို့ နာမည်ကျော်ခဲ့သလို စာပေဟောပြောပွဲများမှာ အဟော၊ အပြော ထူးကဲစွာ ကောင်းမွန်မှုကြောင့် ဟောပြောပွဲများရဲ့ နာမည်ကျော်စာရေးဆရာတစ်ဦးလည်းဖြစ်ပါတယ်။ ဆရာအောင်သင်းရဲ့ ဟောချက်၊ ပြောချက်များဟာ လူငယ်တွေကို လမ်းမှန်ရောက်ဖို့၊ နည်းလမ်းမှန်စွာလျှောက်ဖို့ သူ့ရဲ့ ခွန်အားမှန်သမျှကို ထုတ်နှုတ်သုံးစွဲခဲ့သူပါ။ စင်ပေါ်ကနေ ဟောပြောရာမှာ လူငယ်တွေကို တိုက်ရိုက်ပြောဟန် မင်း နဲ့ ငါ စကားလုံးဖြင့် တည့်တိုးဟောပြောရာ နားဆင်သူတို့မှာ စိတ်ခွန်အားများကို ချက်ချင်းဆိုသကဲ့သို့ ရရှိစေပါတယ်။ လူငယ်တွေအပေါ် တိုးတက်စေချင်လွန်းတဲ့ ဆရာ့ရဲ့ နှုတ်ထွက်စကားတွေ အင်မတန် ထိထိမိမိ ရှိလှတာကြောင့် အောင်သင်းဟောတဲ့ စာပေဟောပြောပွဲ ဆိုရင် အောင်မြင်တယ်လို့ ပြောစမှတ် ရှိကြပါတယ်။
ယခုစာအုပ် “လူငယ်ရဲ့ ဘဝနှင့် တန်ဖိုး” ဟာ ၃၀.၅.၂၀၀၅ စစ်ကိုင်းတိုင်း၊ ဂန့်ဂေါ်မြို့နယ်၊ ဟံသာဝတီရွာ၊ ပညာလွင်ပြင်စာကြည့်တိုက် (၃) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဟောပြောခဲ့စဉ်က ဟောပြောချက်များကို ပြန်လည် ပုံနှိပ်ထုတ်ဝေထားတာ ဖြစ်ပါတယ်။ ဟောပြောပွဲမှ ဆရာအောင်သင်းရဲ့ ဟောချက်ပြောချက်များဟာ ထိထိမိမိ ရှိလှတာမို့ ပွဲအပြီး တစ်နှစ်ခန့်အကြာမှာပဲ ဆရာ့ထံ စာအုပ်ထုတ်ဝေဖို့ ခွင့်တောင်းခဲ့တဲ့ စာအုပ်လေးလည်း ဖြစ်ပါတယ်။ ပထမအကြိမ် ထုတ်ဝေခဲ့စဉ်ကလည်း လူကြိုက်များခဲ့ပြီး ယခုအခါ မဟာစာပေမှ ဒုတိယအကြိမ်အဖြစ် ထပ်မံ ပုံနှိပ်ထုတ်ဝေခဲ့တာပါ။ စာအုပ်လေးထဲမှာ ခွင့်လွှတ်သောမျက်စိဖြင့် ကြည့်ကြပါ၊ ဘဝရဲ့အဓိပ္ပာယ်၊ အချိန်ကို ဘယ်လိုအသုံးချသလဲ၊ အိမ်ထောင်ဖက်ရွေးချယ်နည်း၊ စွဲမက်ခဲ့သောညီမျှခြင်း အစရှိတဲ့ လူငယ်အကျိုးပြု အကြောင်းအရာ စုစုပေါင်း ၃၉ ခန်းတိတိကို လေ့လာဖတ်ရှုရပါမယ်။
စာရေးဆရာချစ်ဦးညိုက ဆရာဦးအောင်သင်းရဲ့ အရည်အချင်းတစ်ရပ်ကို ဖွင့်ဆိုရာမှာ “ခက်ခဲနက်နဲတဲ့ အကြောင်းအရာတွေကို အင်မတန်မှ ရှင်းလင်းလွယ်ကူအောင် ပြောတတ်၊ ဆိုတတ်၊ ရေးတတ်သူ” လို့ ဆိုခဲ့ပါတယ်။ ထပ်မံပြီး ဆရာဦးအောင်သင်းရဲ့ စာပေလက်ရာတွေနဲ့ ပတ်သက်ပြီး “လူသေပေမဲ့ နာမည်မသေဘူး။ အရေးကြီးတာက နာမည်မသေတဲ့အပြင် သူ့ရဲ့ တရားတွေ၊ သူ့စကားတွေ၊ အယူအဆတွေ၊ လူငယ်တွေအပေါ်ထားတဲ့ စေတနာတွေ၊ မေတ္တာတွေကလည်း မသေဘူး” လို့လည်း ပြောခဲ့ပါတယ်။
ယခု ထုတ်ဝေလိုက်တဲ့ ဆရာဦးအောင်သင်း – လူငယ်ရဲ့ ဘဝနှင့် တန်ဖိုး စာအုပ်ကို ဖတ်ရှုခြင်းဖြင့် လူငယ်တို့ ဘဝလမ်းကို လျှောက်လှမ်းတဲ့အခါ လမ်းမှန်ကို ရောက်ဖို့ အကျိုးပြုစေမယ့် အတွေးအခေါ်၊ အယူအဆ၊ ဒဿန ပညာများ ရရှိ ပိုင်ဆိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
Ks 6,000လူငယ်ရဲ့ ဘဝနှင့် တန်ဖိုး
Ks 6,000 -
ပွဲဦးထွက်စာပေဆောင်းပါးများ
အောင်သင်း“တစ်ခါတစ်ရံ စာဖတ်သူအချင်းချင်း စာကြောင်းပေကြောင်း ဆွေးနွေးရသည်မှာ အရသာတစ်မျိုး ဟု ထင်ပါသည်”
ဆရာ(ဦး)အောင်သင်းဟာ ရသစာပေများ၊ လူငယ်အကျိုးပြုစာပေများ အပါအဝင် စာပေလက်ရာမျိုးစုံကို ရေးသားပြုစုခဲ့တဲ့ စာရေးဆရာတစ်ဦးဖြစ်ပြီး ဆရာရဲ့ စာပေဆိုင်ရာ လေ့လာချက်ဆောင်းပါးတွေဟာလည်း လူကြိုက်များ ကျော်ကြားလှပါတယ်။ ဆရာ(ဦး)အောင်သင်းဟာ ဒီစာအုပ်ပါ စာပေဆောင်းပါးတွေကို ၁၉၇၁ ခုနှစ်တဝိုက်မှာ စတင်ရေးသားခဲ့ပါတယ်။ စာပေဆောင်းပါးများ ဖြစ်သည်နှင့်အညီ ဝေဖန်ရေး၊ ထောက်ပြခြင်း၊ လေ့လာချက်၊ အညွှန်း စသည့်လက်ရာများ ပါဝင်ပြီး ဒီစာပေဆောင်းပါးတွေကို စတင် ရေးသားရာမှာ လက်ဖက်ဝိုင်းတစ်ခုကနေ အစပြုခဲ့ပါသတဲ့။ တက္ကသိုလ်မင်းမော်၊ ရှုမဝအယ်ဒီတာ မောင်မြင့်မြတ်၊ ဆရာ(ဦး)အောင်သင်း တို့ သုံးယောက် လက်ဖက်ရည်ဆိုင် ထိုင်ရင်း အဲ့ဒီအချိန်အခါတုန်းက အင်မတန် ဆွေးနွေးငြင်းခုံလို့ကောင်းတဲ့ ခေါင်းစဉ်ဖြစ်တဲ့ ကာရန်မဲ့ကဗျာများအကြောင်း ရောက်သွားတယ်။ ဆရာ(ဦး)အောင်သင်းက စကားဝိုင်းမှာ ကာရန်နဲ့ ကာရန်မဲ့အကြောင်း ပြောဆိုရာက ရှုမဝမဂ္ဂဇင်းမှာ “မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ” ဆိုတဲ့ ဆောင်းပါး ပါရှိလာပါတယ်။ အဲ့ဒီမှာ အများတွက်ဆ မထားတဲ့ အမြင်ရှုထောင့်တစ်ခုဟာ စာဖတ်ပရိသတ်များရဲ့ ရင်ကို ထိခတ်သွားခဲ့ရာက အောင်သင်းဟာ စာပေဆောင်းပါး ကလောင်ရှင်ဖြစ်လာခဲ့တယ်။
အဲ့ဒီကနေ “ရှေ့နေကောင်းနဲ့ သက်သေကောင်း” “အညာစာတမ်းတစ်စောင်ကို သုံးသပ်ခြင်း” စတဲ့ စာပေဆောင်းပါးတွေ ဆက်လက်ရေးသားခဲ့ပါတယ်။ ထို့နောက် ဝေဖန်ရေးဆောင်းပါး သုံးပုဒ် လေးပုဒ်တည်းနဲ့ နာမည်ကြီးသွားတဲ့ ကလောင်ရှင်ဟု ချီးကျူးမှုတွေ ရခဲ့သလို ပဋိပက္ခ ဆန်ဆန် အရေးအသားများ ရေးလေ့ရှိတာကြောင့် စာရေးဆရာ၊ အယ်ဒီတာ ဝင်းငြိမ်းကနေ “စာပေလူကြမ်းမင်းသား အောင်သင်း” လို့ ကင်ပွန်းတပ်ခဲ့တယ်။ ဘာကြောင့် စာပေလူကြမ်းမင်းသား ဖြစ်ရလဲဆို “လူကြမ်းဟု ဆိုသော်လည်း တမင်သက်သက် ပွဲဆူအောင် လုပ်ခြင်းမဟုတ်ဘဲ စာပေတိုးတက်ရန် စေတနာမှန်သောကြောင့် မင်းသားဟု ဆိုနိုင်ကြောင်း” ဆိုတာကို ထည့်သွင်း ရေးသားခဲ့တယ်။
ပွဲဦးထွက်စာပေဆောင်းပါးများ စာအုပ်မှာ ဆရာ(ဦး)အောင်သင်းရဲ့ ထိမိ စူးရှ သွက်လက် ထက်မြတ်တဲ့ စာပေဆောင်းပါး ၁၁ ပုဒ်ကို ဖတ်ရှုလေ့လာနိုင်မှာ ဖြစ်ပြီး ခေါင်းစဉ်များက –
(၁) မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ
(၂) ရှေ့နေကောင်းနဲ့ သက်သေကောင်း
(၃) အညာစာတမ်းတစ်စောင်ကို သုံးသပ်ခြင်း
(၄) ဒဂုန်တာရာ၏ စာပေအယူအဆကို လေ့လာခြင်း
(၅) ရွှေဥဒေါင်း၏ တစ်သက်တာမှတ်တမ်း
(၆) အညာစာတမ်း၏ နောက်ဆက်တွဲ
(၇) လောက၏ ခင်ပွန်းကောင်းကြီးများ
(၈) သူတို့ ဝေဖန်ရေး
(၉) မင်းသုဝဏ်၏ သူ့မှာတမ်း
(၁၀) ကြည်အေး၏ သစ္စာသစ်
(၁၁) ဇော်ဂျီ တွေးပုံ ရေးပုံ တို့ ဖြစ်ပါတယ်။Ks 6,000ပွဲဦးထွက်စာပေဆောင်းပါးများ
Ks 6,000 -
အမွေ
အောင်သင်းအမွေစာအုပ်ဟာ စာရေးဆရာအောင်သင်းရဲ့ စာအုပ်များထဲကမှ နာမည်ကျော်စာအုပ်တစ်အုပ်လို့ ဆိုနိုင်ပြီး ခေတ်အဆက်ဆက် လူငယ်ပြုပြင်ရေးစာအုပ်များစွာထဲမှာ ထည့်သွင်းဖော်ပြခံရတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ ဒီစာအုပ်မှာ ဆရာအောင်သင်းက အမွေဆိုပြီး ခေါင်းစဥ်ပေးဖြစ်ပုံအကြောင်းကနေ စတင် ပြောပြထားတာ ဖတ်ရှုရပါမယ်။ လောကကြီးမှာ ကောင်းမွေ၊ ဆိုးမွေ ဆိုပြီး ရှိကြတဲ့အခါ လူငယ်တွေအတွက် ဘယ်လိုအရာတွေ ချန်ထားမလဲဆိုတာကို စာရေးဆရာက လေ့လာ ဟောပြောထားတယ်။ ဆရာအောင်သင်းရဲ့ အမွေခေါင်းစဥ်အောက်က ဟောပြောမှုတွေကို ဖတ်ကြည့်ရတဲ့အခါ အတွေ့အကြုံ ဗဟုသုတ ကြွယ်ဝပြီး စာဖတ်နာသူ လူကြီးတစ်ဦးက လူငယ်များကို သိသင့်သိထိုက်တဲ့ အကြောင်းအရာများ၊ ဗဟုသုတများကို ဘေးမှလာ၍ ပြောဆို ဆုံးမ သွန်သင်နေသကဲ့သို့ပင် ခံစား နာယူရမှာ အမှန်ပဲ ဖြစ်ပါတယ်။
ဒီလို ပြောဆို ဆုံးမ သွန်သင်နေသကဲ့သို့ ဆိုတဲ့နေရာမှာလည်း ဆရာအောင်သင်းဟာ သူ့ကိုယ်သူ မပြည့်သောရေပုံးနှင့် နှိုင်းယှဥ်ပြီး မျှော်လင့်ချက် အများကြီး မထားဖို့ ပြောထားပြန်ပါတယ်။ ဒါကြောင့် အမွေစာအုပ်မှာ လူကြီးတစ်ဦးက လူငယ်များအပေါ် ငါသိ၊ ငါတတ်ဟူ၍ ဆရာလုပ်လိုသည့် သဘောမဟုတ်ဘဲ လူတိုင်းမကင်းခဲ့သော အမှားများကို လိုက်ပြီးမပြုလုပ်မိစေဖို့ စေတနာထား လက်ဆင့်ကမ်းထားခြင်းမျိုးပင် ဖြစ်ပါတယ်။
ဆရာအောင်သင်းရဲ့ အမွေစာအုပ်က ဆွေးနွေးချက်များမှာလည်း စိတ်ဝင်စားဖွယ်ရာ ကောင်းလှတာကို ဖတ်ရှုရပါမယ်။ အထူးသဖြင့် လူငယ်တို့ရဲ့ ဘဝကိုအခြေခံတဲ့ သုံးသပ်ချက်တွေ ဖြစ်ပါတယ်။ ဆရာအောင်သင်းရဲ့ အတွေးအခေါ်နဲ့ ဒဿနတွေဟာ ထူးခြားဆန်းသစ်လှတာကို တွေ့မြင်ရမှာ ဖြစ်ပြီး စာပေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ လူငယ်နဲ့ နိုင်ငံရေးအမြင်တွေကို ဖွင့်ဆိုရှင်းလင်းထားတယ်။ ဒါကြောင့်မို့ ဆရာအောင်သင်းရဲ့ အမွေစာအုပ်ဟာ လူငယ်တို့ ဖတ်ရှုလေ့လာသင့်ပြီး လူငယ်ရှိတဲ့အိမ်တိုင်း ရှိထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
Ks 5,000အမွေ
Ks 5,000 -
အောင်သင်း၏ အတွေးစကား
အောင်သင်းဆရာ(ဦး)အောင်သင်းဟာ စာသင်ကြားခြင်း၊ စာပေများ ပြုစုရေးသားခြင်း တို့မှာ အောင်မြင်ကျော်ကြားခဲ့သူ ဖြစ်ပါတယ်။ မျိုးဆက်သစ်တို့အတွက် လူငယ်စိတ်ဓာတ်ရေးရာ အကျိုးပြုစာပေများ ရေးသားခြင်း၊ ဟောပြောခြင်းတို့ကို ဆောင်ရွက်ရာမှာလည်း ဆရာ(ဦး)အောင်သင်းဟာ ဝါသနာ၊ စေတနာ၊ အနစ်နာ စတဲ့ နာ ၃ နာနဲ့ အညီ ရေးသား ဟောပြောခဲ့တာကြောင့် ဆရာရဲ့ အတွေးစကားများဟာ ယနေ့တိုင် ဖတ်ရှုလေ့လာ မှတ်ယူနေရဆဲ ဖြစ်ပါတယ်။‘အောင်သင်း ၏ အတွေးစကား’ စာအုပ်မှာ ဆရာ(ဦး)အောင်သင်း၏ ကိုယ်ပိုင် အတွေးအခေါ်များအပြင် ဆရာဖတ်ခဲ့ မှတ်သားခဲ့တဲ့ အတွေးစကားများကိုပါ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီစာအုပ်မှာ ပါဝင်တဲ့ အတွေးစကားများဟာ အနှစ်ချုပ် သဘောတရားများကို တိုတိုနှင့် လိုတိုရှင်း ရေးသား ဖော်ပြထားတာမို့ ဆရာ ပေးချင်တဲ့ အတွေးအခေါ်တို့ကို အချိန်အများကြီး မပေးရဘဲ လွယ်ကူစွာ နာယူ မှတ်သားနိုင်မှာ ဖြစ်ပါတယ်။အိမ်ထောင်ပြုခြင်း၊လူ့ဘဝတွင် အရာရောက်လှသော အရာ၊အချစ်နှင့်မျက်စိ၊ဒေါင်းမြီးတွေရဲ့ အလှ၊ကြီးပွားမှုနှင့်ဗေဒင်၊မိခင်တွေ အသိပညာမြင့်မှ၊မိမိကိုယ်ကိုသာ ကိုးကွယ်ရာ၊အရှက်နှင့်အသက်၊အချိန်ဖြုန်းတီးမှု၊အတွေ့အကြုံနှင့် အတွေးအကြံ၊ရဲဆေးတင်တယ် ဆိုတာ စသဖြင့် စိတ်ဝင်စားဖွယ် ခေါင်းစဉ်များဖြင့် ဖတ်ရှုရမယ့် အတွေးစကားများ ဖြစ်ပြီး တစ်အုပ်တည်းမှာ အတွေးစကား ၁၀၀ ကျော်ကို လေ့လာ နာယူခွင့် ရမှာမို့ လူငယ်များရှိသော အိမ်တိုင်းရဲ့ စာအုပ်စင်တိုင်းမှာ ထားရှိရမယ့် စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။Ks 5,000အောင်သင်း၏ အတွေးစကား
Ks 5,000