-
အောင်မြင်သူတို့ခရီးလမ်း
ကိုနေ (Y.I.E)Scott Galloway ရဲ့ The Four စာအုပ်ကို ကိုနေ (Y.I.E) က ‘အောင်မြင်သူတို့ရဲ့ ခရီးလမ်း’ အမည်နဲ့ ဘာသာပြန်ထားတဲ့စာအုပ်မှာ ကမ္ဘာကျော်ကုမ္ပဏီကြီးလေးခုဖြစ်တဲ့ အက်ပဲလ်၊ အမေဇွန်၊ ဖေ့စ်ဘွတ်၊ ဂူးဂဲလ် တို့ရဲ့ သရုပ်မှန်ကို အကောင်း၊ အဆိုး မျှတစွာ ဘက်မလိုက်ဘဲ ဖော်ပြထားတယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။ စာရေးသူ Scott Galloway ဟာ NYU Stern School of Business မှာ Marketing ပါမောက္ခတစ်ဦးဖြစ်ပြီး သူ့ရဲ့ ထိုးထွင်းဉာဏ်ရှိတဲ့ သုံးသပ်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ စတိုင်ကြောင့် လူသိများသူပါ။The Four စာအုပ်မှာ မူရင်းစာရေးသူ Scott Galloway ဟာ အစိုးရကိုယ်တိုင်က ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးရတဲ့အထိ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကုမ္ပဏီကြီးလေးခုရဲ့ ကမ္ဘာပေါ် မသိမသာ အင်အားချဲ့ထွင်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ရောင်းစားခံရမှာကို သိသိကြီးနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်က မလွန်ဆန်နိုင်ပုံတွေကို အားမနာတမ်း ချပြထားတယ်။အဲဒီနည်းပညာဘီလူးကြီးလေးခုဟာ ပျော်ရွှင်မှု၊ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့် ရှာဖွေတွေ့ရှိမှုတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ပြီးတော့ လစာငွေမြင့်မားတဲ့ အလုပ်အကိုင်ပေါင်းများစွာ၊ အိမ်မှာနေရင်း လုပ်ကိုင်နိုင်တဲ့ Online Shop တွေများစွာကိုလည်း ဖန်တီးပေးခဲ့တယ်။ ဒီလိုဆိုတော့ The Four ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေခဲ့တာကို ငြင်းမရပါဘူး။
Ks 9,500အောင်မြင်သူတို့ခရီးလမ်း
Ks 9,500 -
စီးပွားရေးသင်ခန်းစာတွေ
ကိုနေ (Y.I.E)လူသားတိုင်း၊ အဖွဲ့အစည်းတိုင်း ဘဝမှာ မလွဲမသွေ ကြုံတွေ့ရမှာက ဆုံးဖြတ်ချက်တွေပါ။ ရှောင်လို့ မရမှာက ဆုံးဖြတ်ချက်တွေ ချဖို့ပါ။ ဆုံးဖြတ်ချက်တွေဟာ မှန်ကန် ကောင်းမွန်ခဲ့ရင် အောင်မြင်မှုဆီသွားမယ့် လမ်းပေါ်ရောက်နိုင်သလို လွဲမှား ချွတ်ချော်ခဲ့ရင်တော့ ကျရှုံး ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီအတွက် လုပ်ငန်းကြီးသည်ဖြစ်စေ၊ လုပ်ငန်းငယ်သည်ဖြစ်စေ၊ မည်သူမဆို မိမိတို့ရဲ့ လုပ်ငန်း အဖွဲ့အစည်းတွေမှာ ဆုံးဖြတ်ချက်တွေ ချဖို့ ဖြစ်လာရင် အလောတကြီး မဆုံးဖြတ်ဘဲ အသေအချာ အလေးအနက်ထား တွေးခေါ် စဉ်းစားပြီးမှ ဆောင်ရွက်ကြပါတယ်။ ဒီလို တွေးခေါ် စဉ်းစားတဲ့ အပိုင်းမှာ မိမိတို့ရဲ့ ရှေ့က လုပ်ငန်းကြီးတွေ အောင်မြင်မှု အကြီးကြီး ရအောင် ဘယ်လို ပြုမူခဲ့သလဲ၊ ဘာတွေ လုပ်ခဲ့လို့ အောင်မြင်မှု သရဖူကို အကြာကြီး ဆောင်းနိုင်ခဲ့သလဲ ဆိုတာ အစဉ်အမြဲ လေ့လာနေရပါမယ်။
Verne Harnish ရေးသားတဲ့ The Greatest Business Decisions of All Time ကို ကိုနေ (Y.I.E) ဘာသာပြန်တဲ့ သမိုင်းထဲမှ အကောင်းဆုံး ဆုံးဖြတ်ချက်တွေပေးတဲ့ စီးပွားရေး သင်ခန်းစာတွေ စာအုပ်မှာ ကမ္ဘာပေါ်က အင်မတန် ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေဟာ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်လာတဲ့အခါ ဘာတွေကို ဘယ်လို ဆုံးဖြတ်ခဲ့လဲ ဆိုတဲ့အကြောင်းတွေ လေ့လာဖတ်ရှုရပါမယ်။
ဒီ စာအုပ်ထဲမှာဆိုရင် ကမ္ဘာကျော်နည်းပညာကုမ္ပဏီကြီး Apple က သူတို့ဆီကထွက်ခွာသွားတဲ့ စတီဗ်ဂျော့ ကို လုပ်ငန်းခွင်ထဲ ပြန်လည် ခေါ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ လုပ်ဆောင်ချက်ကြောင့် ကုမ္ပဏီဟာ ကမ္ဘာမှာ ဘယ်လို တစ်ကျော့ပြန် အောင်မြင်မှုတွေ သိမ်းပိုက်နိုင်ခဲ့လဲ ဆိုတဲ့အကြောင်းကို စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။ ဒါ့အပြင် ၎င်းကဲ့သို့ အခြားခြားသော ကမ္ဘာကျော်လုပ်ငန်းကြီးများ ဖြစ်တဲ့ Samsung , Toyota , Ford , IBM , Boeing Jet , TATA Steel အစရှိတဲ့ လုပ်ငန်းပေါင်း ၁၅ မျိုးတို့မှာ အခက်အခဲ အချို့ကို ဖြတ်သန်း ကြုံတွေ့ရစဉ် ချမှတ်ခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကိုလည်း မှတ်သား နာယူ လိုက်နာဖွယ် ဖတ်ရှုရပါမယ်။
အောင်မြင်မှု ရရှိချင်ရင် အောင်မြင်သူတွေ ဘယ်လို လုပ်ခဲ့လဲ၊ အောင်မြင်မှုတွေ ရအောင် ဘာတွေ ဆုံးဖြတ်ခဲ့လဲ ဆိုတာ သိကို သိနေရပါမယ်။ မိမိတို့ ရှေ့က စီးပွားရေး လုပ်ငန်းကြီးတွေ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဘယ်လိုဆုံးဖြတ်ချက်တွေနဲ့ အောင်မြင်ခဲ့သလဲ သိရှိခွင့်ရတာဟာ သိပ်ကို တန်ဖိုး ကြီးမားလှပါတယ်။ Fortune Magazine Editor ဖြစ်သူ Verne Harnish ရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်ကြောင့် ဒီလို တန်ဖိုးကြီးမားလှတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအကြောင်းကို သိရှိခွင့် ရခဲ့ပါပြီ။ ဒီစာအုပ်မှာ ကမ္ဘာကျော် စီးပွားရေးလုပ်ငန်းကြီးတွေရဲ့ ဆုံးဖြတ်ချက် သက်သက်ချည်းသာ ဖတ်ရှုရမှာ မဟုတ်ဘဲ လုပ်ငန်းတို့ရဲ့ သဘောသဘာဝ၊ ဖြတ်သန်းလည်ပတ်ပုံအချို့၊ ဘာအတွက် ဒီလို ဆုံးဖြတ်ချက်တွေ ချဖို့ ဖြစ်လာရလဲ၊ စတဲ့ အဖိုးတန် အချက်အလက်တွေကိုပါ လေ့လာဖတ်ရှုနိုင်မှာပါ။ ဒီအတွက် ကုမ္ပဏီများရဲ့ အုပ်ချုပ်မှု ဒါရိုက်တာများသာမက လုပ်ငန်းတစ်ခုလုံးက ရာထူးအဆင့်ဆင့် ရှိသူတိုင်း လေ့လာဖတ်ရှုပြီး အမြဲတမ်း ဆောင်ထားရမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
Ks 6,000စီးပွားရေးသင်ခန်းစာတွေ
Ks 6,000 -
ဇီးရိုးတူဝမ်း
ဒီယေဇီးရိုးတူဝမ်းဟာ စွန့်ဦးတီထွင် လောကသားများ (အထူးသဖြင့် စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်တော့မယ့်လူတွေ) အတွက် ၂၁ ရာစု အလေးထားဆုံး စာအုပ် ၁၀ အုပ်မှာ တစ်အုပ် အပါအဝင် ဖြစ်ပါတယ်။
ဘာကြောင့် အခုလို အလေးထားရပါသလဲ?
ယခု စာအုပ် ဇီးရိုးတူဝမ်းကို ရေးသားသူ သီအဲ့လ်ဟာ ဆီလီကွန်တောင်ကြားရဲ့ ပွဲတိုင်းကျော်တစ်ဦးဖြစ်တဲ့ စွန့်ဦးတီထွင်သူနဲ့ ရင်းနှီးမြှုပ်နှံသူ ပီတာ သီယဲလ်တစ်ယောက် ကုမ္ပဏီ အမြောက်အမြားမှာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ သူ့အတွေ့အကြုံတွေကို အခြေခံပြီး ရေးသားထားတဲ့ စာအုပ် ဖြစ်နေလို့ပါပဲ။
ဒီစာအုပ်စတင်ထွက်ရှိချိန်မှာ ဆီလီကွန်တောင်ကြားနဲ့ စီးပွားရေးလောကကြား စာအုပ်ပါ အကြောင်းအရာတွေကို အများအပြား ဆွေးနွေးငြင်းခုံခဲ့ကြပါတယ်။ အကြောင်းကတော့ ဆွန်ဇူးရဲ့ သေနင်္ဂဗျူဟာကျမ်း၊ ဒါဝင်ကျမ်းများကို လက်စွဲပြုတတ်ပြီး ရင်ဆိုင်ယှဉ်ပြိုင်ခြင်းကို အလေးထားကြတဲ့ လက်ရှိ စီးပွားရေးလောကသားတွေရဲ့ အတွေးအခေါ်ဟာ မှားယွင်းပြီး ဘယ်လို အတွေးအခေါ်မျိုးက အနာဂတ်မှာ အကျိုးအမြတ် ဖြစ်ထွန်းနိုင်မယ်ဆိုပြီး သူခန့်မှန်းပြထားတဲ့ ပုံစံကြောင့်ပါပဲ။
စာရေးသူဟာ သူရင်းနှီးမြှုပ်နှံခဲ့တဲ့ လုပ်ငန်းများစွာအရ အောင်မြင်မှုကို ရယူပေးနိုင်မယ့် ဖော်မြူလာဆိုတာ မရှိဘူးလို့ ဆိုပါတယ်။ အဲ့ဒီအစား စီးပွားရေးလုပ်ငန်းတစ်ခုကို အခြေခံမူများဖြင့် စတင်ရမယ်လို့ အခိုင်အမာ ဆိုပါတယ်။ ဒါဖြင့် စာရေးသူပြောတဲ့ စီးပွားရေး အခြေခံမူများဟာ ဘာတွေလဲ။
အရာရာ ထပ်ဖန်တလဲလဲ ဖြစ်ပျက်နေတဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကမ္ဘာကြီးမှာ အောင်မြင်ပြီးသား လုပ်ငန်းတွေအတိုင်း ပုံတူကူးချတဲ့အခါ သင့်လုပ်ငန်းသာမက ကမ္ဘာကြီးအတွက်ပါ ဘာဖြစ်သွားနိုင်မလဲ။ အဲ့ဒီအစား ယခင်က တစ်ခါမှ ဖြစ်ပေါ်ခဲ့ဖူးခြင်း မရှိသေးတဲ့ တီထွင်မှုအသစ်တစ်ခုကို စတင်ဖန်တီးတဲ့အခါ ဘယ်လို ဖြစ်ပျက်သွားနိုင်သလဲ။ ဖြစ်ပေါ်လာနိုင်တဲ့ လုပ်ငန်းအဆင့် တစ်ခုစီတိုင်းအတွက် သီယဲလ် သုံးသပ်ပြထားပုံ၊ ယခင်ဖြစ်ပြီးသား အခြေအနေတွေနဲ့ နှိုင်းယှဉ် တွက်ချက်ပြထားပုံတွေဟာ စီးပွားရေးသမားတိုင်းအတွက် အထူးဂရုပြု လေ့လာစဉ်းစားစရာတွေ အပြည့် ဖြစ်ပါတယ်။
သီယဲလ်ဟာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်တဲ့အခါ
– အသုံးပြုသူ တိုးပွားစေနည်း
– ရင်ဆိုင်ကြုံတွေ့ရတဲ့ ပြိုင်ဘက်များကို ချဉ်းကပ်နည်း
– စီးပွားရေးလုပ်ငန်းတစ်ခု စဉ်းစားရမယ့် အခြေခံမူများ
– အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကြား မိမိ လုပ်ကိုင်သမျှကို စဉ်းစားသင့်ပုံအစရှိတဲ့ လုပ်ငန်းဆိုင်ရာ အတွေးလေ့ကျင့်ခန်းတွေကို ဘယ်လို စဉ်းစားသင့်ကြောင်း ယခုစာအုပ်မှာ ပြောပြသွားပါတယ်။
အနာဂတ်နဲ့ ပတ်သက်လို့ အကောင်းမြင်တဲ့ ရှုထောင့်ကနေ ရေးသားထားတဲ့ ဇီးရိုးတူဝမ်း စာအုပ်မှာတော့ အောင်မြင်မှုကို မမျှော်လင့်တဲ့ နေရာတွေကနေ ရှာဖွေရင်း အကျိုးအမြတ်များ ဖန်တီးကြည့်ဖို့ သင်ထင်မြင်ခဲ့တဲ့ သင့်အတွေးတွေကို ရေစစ်နဲ့စစ်ချသလို ထပ်ဖန်တလဲလဲ စစ်ထုတ်မေးမြန်းကြည့်ဖို့ ခိုင်းစေနေမှာတော့ အသေအချာပါပဲခင်ဗျာ။Ks 4,000ဇီးရိုးတူဝမ်း
Ks 4,000 -
စီးပွားရေး ကျရှုံးမှုအတွက် ပညတ်ချက် (၁၀) ချက်
ထင်ဇော်မှူးသင်*ဒီနေ့ဖတ်ပြီး မနက်ဖြန်အောင်မြင်နိုင်မည့် စာအုပ်မျိုး ရှာနေပါသလား . . .
*တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ ရှုံးပွဲမရှိ ဖြစ်အောင် လမ်းညွှန်ပေးမည့် စာအုပ်မျိုး ရှာနေပါသလား . . .
*ပြောတဲ့အတိုင်းလိုက်လုပ်ဆိုပြီး အောင်မြင်ရေးနည်းလမ်းအဆင့်ဆင့်ကို ရေးထားတဲ့စာအုပ်မျိုး ရှာနေပါသလား . . .ဒါဆိုရင်တော့ အခုပြောမယ့် စာအုပ်က သင့်အတွက် မဟုတ်ပါဘူး။
ဒါဆို အဲဒီစာအုပ်က ဘယ်သူတွေအတွက်လဲ . . .။အမှားတစ်ခု၊ ရှုံးနိမ့်မှုတစ်ခုဆိုတာ လမ်းဆုံးမဟုတ်ဘဲ ကိုယ်သွားရမယ့်လမ်းမှာ ကိုယ့်ကို နောက်တစ်ဆင့် ထပ်တင်ပေးမယ့် အရာတစ်ခုလို့ ခံယူထားတဲ့ နယ်ပယ်အသီးသီးကလူတွေ . . .
လုပ်ငန်းက ဘယ်ရှုထောင့်ကကြည့်ကြည့် အောင်မြင်နေတယ်လို့ လက်ခံလို့ရနေရဲ့နဲ့ တစ်ခုခုတော့ လွဲနေပြီဟု သိနေသော လုပ်ငန်းရှင်တွေ . . .
ဒီလူတွေအတွက် ဒီစာအုပ်က စဉ်းစားစရာလမ်းစ ပေးနိုင်တယ်။ လုပ်ငန်းစုံ၊ နိုင်ငံစုံမှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံတွေကို နှစ်ခြောက်ဆယ်အတွင်းအားနဲ့ ဒွန်ကီရော့က လွှဲပြောင်းပေးမှာဆိုတော့ အထက်မှာ ဖော်ပြခဲ့တဲ့လူတွေအတွက်ကတော့ အချိန်မအားတဲ့ကြားက သေချာအချိန်ပေးပြီး ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ပါ။
ဖတ်ပြီးရင် ကိုယ်ကျနေတဲ့ ထောင်ချောက်ပဲ ဖြစ်ဖြစ်၊ ကိုယ်ကျနိုင်တဲ့ ထောင်ချောက်ကိုပဲဖြစ်ဖြစ် သိမြင်နိုင်ပြီး မကျအောင် ကျော်လွှားနိုင်၊ ကျခဲ့ရင်တောင်မှ လျင်မြန်စွာ လမ်းပြန်တည့်နိုင်မှာပါ။
***
ဒွန်ကီရော့နှင့်အတူ ရှိနေရချိန်တွင် အမြင့်ကို တက်သွားသော ဓာတ်လှေကားထဲတွင် ရောက်နေသည့်အလား ခံစားရသည်ဟု ဝါရင်းဘတ်ဖတ်က ပြောဖူးသည်။ ယခုအချိန်တွင် ဒွန်ကီရော့နှင့်အတူ လူချင်းအတူတူ ရှိနေရဖို့မဖြစ်နိုင်တော့သော်လည်း သူ အားစိုက်ထုတ်ပြီး ရေးခဲ့သည့် စာအုပ်ကိုတော့ အဖော်ပြုအားကိုးနိုင်သည်။
ယခုစာအုပ်စတင်ခဲ့သည့်အကြောင်းက စိတ်ဝင်စားဖို့ကောင်းသည်။ မစ္စတာကီရော့ကို အဖွဲ့အစည်းကြီးတစ်ခုက အောင်မြင်ရေးဖော်မြူလာများအကြောင်း ဟောပြောပေးဖို့ ကမ်းလှမ်းသည်။ သို့သော် သူက အောင်မြင်အောင် မည်သို့လုပ်ရမည်ကို သူမသိကြောင်း၊ ကျရှုံးအောင် မည်သို့လုပ်ရမည်ကိုတော့ သိကြောင်း၊ လိုချင်လျှင် သူ ပြောပေးနိုင်ကြောင်း အကြောင်းပြန်လိုက်သည်။ ယင်းသည်ပင် စာရှုသူ ယခုဖတ်ရတော့မည့် စာအုပ်ဖြစ်လာမည့် ကနဦးဖြစ်သည်။
ယခုစာအုပ်ကို မစ္စတာကီရော့က အောင်မြင်နေသော လုပ်ငန်းရှင်များအတွက် ပိုအကျိုးရှိမည်ဟု ဆိုခဲ့သည်။ အထူးသဖြင့် အောင်မြင်မှုအသင့်အတင့်ရရှိနေသော လုပ်ငန်းများကို ဦးဆောင်နေရသူများအတွက်ဟု ဆိုခဲ့သည်။ အကြောင်းမှာ သူတို့သည် ကျရှုံးမှုထောင်ချောက်ထဲ ရောက်ရန် အန ္တရာယ်အများဆုံးအနေအထားတွင် ရှိနေသော သူများဖြစ်သောကြောင့်ဖြစ်သည်။Ks 4,000