• ချက်ကော့ဝတ္တုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။

    နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

    Ks 17,000
  • ဆမ်းမာဆက်မွမ်၏ ဝတ္ထုတိုများ

    ဆရာကျော်အောင် ဘာသာပြန်တဲ့ ဆမ်းမားဆက်မွမ်း ၏ ဝတ္ထုတိုများ က ဘယ်အချိန်မဆို မရိုးနိုင်တဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး ဝတ္ထုတိုစာအုပ်များထဲမှ တစ်အုပ်ဆိုလျှင် မှားအံ့မထင်။ 1964 မှာ ထွက်ခဲ့တဲ့ မူရင်းစာအုပ်ဟာ ယနေ့ထက်တိုင် ကမ္ဘာမှာ ထင်ရှားနေဆဲဖြစ်ပြီး Goodreads မှာ Rating 4.3 , Amazon မှာ Rating 4.4 ရထားပါတယ်။ မြန်မာဘာသာပြန်ကလဲ စာချစ်သူတို့ နှစ်သက်သဘောကျကြပြီး ယနေ့ထက်တိုင် အကြိမ်ရေ အသစ်များ ထုတ်ဝေနေရဆဲ ရှိပါတယ်။
    ဆမ်းမားဆက်မွမ်ဟာ ဝတ္ထုရှည်ကြီးများ ရေးသားခဲ့ရာမှာ အောင်မြင်သလို ဝတ္ထုတိုများဟာလဲ ဆိုခဲ့သလို လူကြိုက်များလှပါတယ်။ ဒီစာအုပ် ဆရာကျော်အောင် ပြန်ဆိုတဲ့ ဆမ်းမားဆက်မွမ်၏ ဝတ္ထုတိုများမှာ ဝတ္ထုတို ၁၅ ပုဒ် ပါဝင်ပြီး ရယ်မောဖွယ် … လွမ်းဆွေးဖွယ် … စတဲ့ ရသမျိုးစုံကို ခံစားရမှာပါ။ ဆမ်းမားဆက်မွမ်ဟာ ခရီးသွားလာခြင်းကို ဝါသနာပါပြီး ကမ္ဘာအရပ်ရပ်ကို ခရီးထွက်ခဲ့သူပါ။ ခရီးသွားရင်း ဝတ္ထုတစ်ပုဒ်ရေးဖို့ ကုန်ကြမ်းရှာတွေပြီဆိုရင် အဲ့ဒီနေရာဒေသမှာ ရက်အတန်ကြာနေပြီး ဝတ္ထုအတွက် လေ့လာသူ ဖြစ်ပါတယ်။ ဒီအတွက် ဆမ်းမားဆက်မွမ်ရဲ့ ဝတ္ထုတိုတွေဟာ ကမ္ဘာအရပ်ရပ်က နေရာဒေသတွေမှာ အခြေခံထားတာ ဖတ်ရမှာ ဖြစ်ပြီး ကာလဒေသစရိုက်၊ လူတွေရဲ့ ပြုမူလှုပ်ရှားပုံ စတာတွေက သူ့ဝတ္ထုတွေမှာ ထင်ရှားလှပစွာ ပေါ်ပေါက်နေပါတယ်။
    ဆမ်းမားဆက်မွမ်ကို နှစ်ဆယ်ရာစုရဲ့ အကျော်ကြားဆုံး စာရေးဆရာများထဲက တစ်ဦးလို့ သတ်မှတ်ပြီး အကျွမ်းကျင်ဆုံး ဝတ္ထုတိုရေးဆရာလို့ နေရာပေးကြတယ်။ ဆမ်းမားဆက်မွမ် ကိုယ်တိုင်ကတော့ ဝတ္ထုတိုအရာမှာ ပြင်သစ်စာရေးဆရာ မိုပါဆွန်းက အကျွမ်းကျင်ဆုံးလို့ ဆိုပါတယ်။ ဆမ်းမားဆက်မွမ်ဟာ ဘဝတစ်လျှောက် စာပေလက်ရာများစွာ (ဝတ္ထုတို/ရှည်၊ ပြဇာတ်၊ အတ္ထုပ္ပတ္တိ၊ ခရီးသွားစာပေ၊ စာပေအကဲဖြတ်စာတမ်း) ရေးခဲ့သူဖြစ်ပြီး အသက် ၇၀ အရွယ်တွင် စာပေရေးသားခြင်းကို အနားယူခဲ့တယ်။ ဆမ်းမားဆက်မွမ်ဟာ သူ့ဘဝကို သူပြန်သုံးသပ်တဲ့အခါ သူဟာ ဘယ်သူ့အပေါ်မှာမှ မနာလိုဝန်တိုစိတ် မရှိဘဲ ရှင်သန်ခဲ့တယ်။ လုပ်ချင်ရာ လုပ်ခဲ့တယ်။ အဲ့ဒီလို နေခဲ့တဲ့အတွက်လဲ သူ့ဘဝကို သူကျေနပ်တယ်လို့ ဆိုထားပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ “ကျွန်တော် မလုပ်ဖူးတာ သိပ်မရှိဘူး။ လူအတော်များများနဲ့လဲ သိကျွမ်းခဲ့တယ်။ စာအုပ်တွေလဲ အများကြီးဖတ်ခဲ့တယ်။ ရုပ်ရှင်တွေ အများကြီး ကြည့်ခဲ့တယ်။ ဂီတတွေ အများကြီးနားထောင်ခဲ့တယ်။ ကျောက်ရုပ်တွေ၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ လက်ရာကောင်း အဆောက်အအုံတွေ အများကြီး မြင်ခဲ့တွေ့ခဲ့တယ် … ဒါဆိုရင် လုံလောက်ပါပြီ” တဲ့။
    ဝတ္ထုရေးဖွဲ့ခြင်းနဲ့ ပတ်သက်ပြီးလဲ ဆမ်းမားဆက်မွမ်က “လူတစ်ယောက်၏စရိုက်သည် အခြားသူများနှင့် မတူဘဲ ထူးခြားသည်။ ထိုစရိုက်ကို အခြေတည်ကာ သူ့အကြောင်း ဝတ္ထုရေးလို့ ကောင်းမည်ဟု ထင်မြင်ယူဆလျှင်၊ စိတ်ကူးရလျှင် ထိုအကြောင်းကို ကျွန်တော်ရေးသည်။ တစ်ခါတရံ ထူးခြားသည့် အခြေအနေတစ်ခုခုတွင် စိတ်နေသဘောထားတစ်စုံတစ်ခုကြောင့် မမျှော်လင့်ထားသည့် အဖြစ်အပျက်တစ်ခု ပေါ်လာရသည်။ ထိုအခါ ကျွန်တော့်မှာ ရေးစရာ အကွက်ဝင်လာသည်။ ထို့ကြောင့် ထိုအဖြစ်အပျက်ကို ကျွန်တော် ဝတ္ထုရေးသည်။ သို့သော်လည်း ကျွန်တော် ထပ်၍ ပြောချင်ပါသေးသည်။ ထိုလူ့စရိုက်၊ ထိုလူ့အဖြစ်သနစ်တို့မှာ ဖြစ်ရိုးဖြစ်စဉ်နှင့် ကွဲလွဲသည့် လူ့သဘာဝများသာ ဖြစ်လေသည်။ ယင်းတို့မှာ ယေဘုယျ သဘောမဆောင်၊ ခြွင်းချက် သဘောသာဆောင်သည်” လို့ ဆိုပါတယ်။
    Ks 12,000
  • ငွေလရောင်ကျိန်စာ

    ရှေးတုန်းက ထမံသီရွာမှာ လပြည့်ညဆိုရင် လူကနေ ကျားဖြစ်သွားတတ်တဲ့ ဒဏ္ဍာရီတွေကို စာဖတ်သူတို့ ကြားဖူးကြမလား မသိဘူး။ မြစ်ထဲ ဆင်းသမျှ သတ္တဝါမှန်သမျှ အစရှာမရအောင် သတ်ဖြတ်စားသောက်တတ်တဲ့ မိချောင်းကြီး ပါးဖြူကိုတော့ ဧရာဝတီမြစ်ဝကျွန်းပေါ်က လူတွေ ကြားဖူးကြမယ်နဲ့ တူပါရဲ့။ ပါးဖြူသောင်းကျန်းလွန်းလို့ သမန်းမိချောင်းညီအစ်ကိုနှစ်ယောက် လာနှိမ်နင်းတဲ့ ဒဏ္ဍာရီကိုတော့ လူသိနည်းလိမ့်မယ် ထင်ပါတယ်။
    အနောက်တိုင်းမှာတော့ လပြည့်ညမှာ လူစင်စစ်ကနေ ဝံပုလွေဖြစ်သွားတတ်တဲ့ သမန်းဝံပုလွေဒဏ္ဍာရီတွေဟာ အင်မတန် နာမည်ကြီးပါတယ်။ ဒါကို သဘာဝတရားရဲ့ သွေးပျက်ချောက်ခြားဖွယ် ထူးခြားဆန်းကြယ်မှုလို့လည်း ခေါ်ကြရဲ့။
    စတီဖင်ကင်းဟာ ဒီလိုထူးခြားဆန်းပြားပြီး ထိတ်လန့်ချောက်ခြားဖွယ်ကောင်းလှတဲ့ ဒဏ္ဍာရီကို အခြေတည်ပြီး ခေတ်သစ်သမန်းဝံပုလွေဇာတ်လမ်းတစ်ပုဒ် ဖန်တီးခဲ့ပါတယ်။ နာမည်က Cycle of the Werewolf တဲ့။ တိုက်ရိုက်ဘာသာပြန်ရရင် ‘သမန်းဝံပုလွေရာသီစက်ဝန်း’ပေါ့။ ကျနော်ကတော့ လပြည့်ညရဲ့ ဝင်းပသာယာတဲ့ လရောင်ဟာ တချို့သူတွေအတွက် ကြောက်မက်ဖွယ် အခြားသော ဘဝတစ်ပါး၊ တချို့သူတွေအတွက် ထိတ်လန့်တုန်လှုပ်ဖွယ် သေခြင်းတရားအဖြစ် ပြောင်းလဲပေးလိုက်တာမို့ ‘ငွေလရောင်ကျိန်စာ’လို့ နာမည်ပေးလိုက်ပါတယ်။
    Ks 3,500
  • ချက်ကော့ဝတ္ထုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။ နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

    Ks 5,000

Main Menu