နိုင်ဇော် ၁၀၀
နိုင်ဇော် ၁၀၀ |
|
| 🖊 စာရေးဆရာ | နိုင်ဇော် (Lazy Club) |
|---|---|
| 📖 စာပေအမျိုးအစား | အက်ဆေး (ပင်ကိုရေး) |
| စာမြည်းဖတ်ရန် | View PDF |
| 🗒 စာမျက်နှာ | 272 |
| ပုံနှိပ်မှတ်တမ်း | ပထမကြိမ် |
| အရွယ်အစား | 5.3x8.3 |
| 💸 တန်ဖိုး | Ks 15,000 |
| 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 | |
Guitarist နိုင်ဇော်ဟာ ဘဝ ဖြတ်သန်းမှု အတွေ့အကြုံ၊ အမှတ်တရတွေ၊ နိုင်ငံရပ်ခြားသွားရောက်စဉ်က အကြောင်းအရာတွေနဲ့ သူမမေ့နိုင်သူတွေအကြောင်းတို့ကို FB စာမျက်နှာကနေ ရေးသားတင်ဆက်လေ့ ရှိသူပါ။ ဖတ်ရှုသူတို့အဖို့ ဗဟုသုတရစရာ အကြောင်းလေးတွေပါသလို စိတ်ဝင်စားစရာ စာပိုဒ်လေးတွေမို့ ကိုနိုင်ဇော်ရဲ့ FB စာစုလေးတွေဟာ သဘောကျနှစ်သက်သူများလှပါတယ်။ ဒီစာအုပ်လေးမှာ Guitarist ကိုနိုင်ဇော်ရဲ့ FB စာစု စုစည်းမှုများကို ဖတ်ရှုရမှာဖြစ်ပြီး ခေါင်းစဉ်ကတော့ နိုင်ဇော် ၁၀၀ ပါ။
Guitarist လည်းဖြစ်သူ စာရေးသူ ဆရာနိုင်ဇော်ဟာ သူ့အတွေးထဲက ပုံရိပ်တွေ၊ သူပြောပြချင်တဲ့ စကားတွေကို စာလုံးအဖြစ်ပြောင်းပြီး ချပြခဲ့ပုံပါပဲ။ စာအုပ်ထဲမှာ သူဖြတ်သန်းခဲ့ဖူးတဲ့ နေ့စွဲတချို့အပြင် အကြောင်းအရာအစုံကို မြည်းစမ်းတို့ထိခွင့် ရပါမယ်။ ပထမဆုံးအပိုင်းတွေကတော့ မလေးရှားနိုင်ငံကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံလေးပါ။ ဆရာနိုင်ဇော်ရဲ့ အလွဲအချော် ဖြစ်ရပ်လေးတွေကို ရင်တမမဖတ်ရင်း မလေးရှားနိုင်ငံရဲ့ လူနေမှုစနစ်တွေ၊ စီးပွားရေး တိုးတက်ထွန်းကားပုံတွေကိုပါ ဖျတ်ခနဲ မြင်တွေ့ခွင့်ရမှာပါ။
နောက်ထပ်အကြောင်းအရာကတော့ ဆရာနိုင်ဇော် ချစ်ခင်တန်ဖိုးထားရတဲ့ ဂီတာသမား ဒေါက်တာဝေဖုန်း ဆိုသူအကြောင်းပါ။ ဒါလေးကတော့ လူတစ်ယောက်ရဲ့ အဖြစ်အပျက်နဲ့ အယူအဆတွေ၊ အနုပညာဆန်တဲ့ အူကြောင်ကြောင် အပြုအမူတွေ၊ စင်ပေါ်ကအလွဲတွေကို ဂီတချစ်မြတ်နိုးသူတွေအတွက် ရေးဖွဲ့ခဲ့တဲ့ စာစုလေးပါ။ ယင်းမာပင်လမ်းခွဲမှာကတော့ စိတ်ဝင်စားဖွယ် ခရီးသွားအကြောင်းအရာလေးတွေကို တွေ့မြင်ရပါလိမ့်မယ်။
အားလုံးချစ်ခင်ကြပြီး ယနေ့ထက်တိုင် မမေ့နိုင်တဲ့ အဆိုတော်မာရဇ္ဇနဲ့အမှတ်တရလေးတွေကတော့ လွမ်းစဖွယ် စာမျက်နှာတွေလို့ပဲ ပြောပါရစေ။ အနုပညာချစ်သူ အတော်များများဟာ မာရဇ္ဇရဲ့သီချင်းတွေနဲ့ ထိတွေ့ခံစားခဲ့ကြတယ်မဟုတ်ပါလား။ ဒီအပိုင်းလေးကတော့ ဆရာနိုင်ဇော်က သူနဲ့အတူ အဆိုတော်မာရဇ္ဇကို အလွမ်းပြေဖို့ ရေးဖွဲ့ခဲ့ပုံပါပဲ။
တစ်အုပ်လုံးကို ခြုံကြည့်လိုက်ရင် နိုင်ဇော် ၁၀၀ ဆိုတဲ့ ဒီစာအုပ်လေးဟာ ဆရာနိုင်ဇော်က သူထိတွေ့ခင်မင်ရတဲ့မိတ်ဆွေတွေ၊ တန်ဖိုးထားရသူတွေကို သတိရတမ်းတရင်း ဗဟုသုတရဖွယ်အကြောင်းအရာလေးတွေကိုပါ ထည့်သွင်းရေးသားထားတဲ့ စာစုကလေးတွေပါ။ ဒီစာစုလေးတွေကိုဖတ်တဲ့အခါ ကြားဖူးနားဝရှိရုံ အစားအစာတွေကို လက်တွေ့မြည်းစမ်းရသလိုမျိုး ခံစားမိစေပါလိမ့်မယ်။ လက်တွေ့အရသာကို ထိထိမိမိ သိချင်ရင်တော့ ဆရာနိုင်ဇော်ရဲ့ နိုင်ဇော် ၁၀၀ ကိုသာ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ …







