မြက်နုရာအရပ်မှာ
မြက်နုရာအရပ်မှာ |
|
| 🖊 စာရေးဆရာ | နေဝန်းနီ(နတ်မောက်) |
|---|---|
| 📖 စာပေအမျိုးအစား | ရသစာပေ လုံးချင်း (ပင်ကိုရေး) |
| စာမြည်းဖတ်ရန် | View PDF |
| 🗒 စာမျက်နှာ | 264 |
| ပုံနှိပ်မှတ်တမ်း | ပထမကြိမ် |
| အရွယ်အစား | 5.3 x 8.3 |
| 💸 တန်ဖိုး | Ks 14,000 |
| 🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384 | |
“ကြက်ခြေအခတ်ခံလိုက်ရတဲ့ကြယ်တွေ” ဆိုတဲ့ နေဝန်းနီ(နတ်မောက်)ရဲ့ ပထမဆုံးလုံးချင်းဝတ္ထုကို ဖတ်ဖူးမယ်ဆိုရင် ဆရာ့ရဲ့ အရေးအသားကို တို့ထိမိမှာပါ။ ဆရာနေဝန်းနီ (နတ်မောက်) ဟာ သူ့ဘဝရဲ့ အတွေ့အကြုံတွေ၊ စွန့်စားဖြတ်သန်းရပုံတွေကို စိတ်လှုပ်ရှားဖွယ် ရေးဖွဲ့တတ်သူလည်း ဖြစ်ပါတယ်။ ပထမဝတ္ထုမှာဆိုရင် စာဖတ်သူကို သည်းထိတ်ရင်ဖိုဖြစ်အောင်၊ စာရေးသူနဲ့ ထပ်တူ ခံပြင်းနာကျင်ရအောင် တစ်ပါတည်း ဆွဲခေါ်နိုင်ခဲ့သူပါ။
အခုလည်း ဆရာက သူ့ဘဝရဲ့ နေ့ရက်တွေထဲက ဖြတ်သန်းမှုတွေကို စာဖတ်သူတို့ကို ဒုတိယမြောက် ချပြခဲ့ပြန်ပါတယ်။ ဒီစာအုပ်လေးကိုတော့ “မြက်နုရာအရပ်မှာ” လို့ အမည်ပေးထားပြီး “ကြက်ခြေအခတ်ခံလိုက်ရတဲ့ကြယ်တွေ”ရဲ့ နောက်ဆက်တွဲဆိုလည်း မမှားပါဘူး။ စာရေးသူကတော့ ဒီစာအုပ်လေးကို သူ့ဘဝရဲ့ ဒုတိယစွန့်စားခန်းတွေလို့ ဆိုထားပါတယ်။
ဒီဝတ္ထုထဲမှာ ဆရာနဲ့ဆရာ့ပါရမီဖြည့်ဖက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းအပြင် မိတ်ဆွေစစ်၊ မိတ်ဆွေတုအကြောင်း၊ တိုင်းတစ်ပါးမှာ ကိုယ့်လူမျိုးအချင်းချင်း စည်းလုံးရမယ့်အစား ထိုးနှက်တိုက်ခိုက်မှုတွေ၊ မလိုမုန်းထားမှုတွေကို အသေးစိတ်ချပြထားပါတယ်။ လူမျိုးကွဲတွေရဲ့ နှိမ့်ချစော်ကားမှုထက် လူမျိုးတူအချင်းချင်း တွန်းထိုးတိုက်ခိုက်တာတွေကို တွေ့ရတဲ့အခါ စာဖတ်သူတို့ စိတ်ထဲမှာ ပိုပြီးခံပြင်းစိတ် ဖြစ်မိပါစေလိမ့်မယ်။
ကိုယ့်နိုင်ငံရဲ့ပြင်ပကို သွားရောက်အလုပ်လုပ်ကိုင်ကြတယ်ဆိုတာ ဘာသာစကားအခက်အခဲ၊ လူနေမှုအဆင့်အတန်းမတူညီတဲ့ အခက်အခဲတွေ အများကြီးကြုံကြရမှာပါ။ ဒါတွေကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာလည်း ဒီဝတ္ထုထဲမှာ တွေ့မြင်ရပါမယ်။ ကိုယ့်နိုင်ငံရဲ့ ဘွဲ့ရပညာတတ်တွေဟာ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် သူများရေမြေထဲမှာ အောက်ခြေသိမ်းသွားရောက်လုပ်ကိုင်ကြရတာတွေကိုလည်း ဒီစာအုပ်ကိုဖတ်နေရင်း စိတ်မကောင်းစွာပဲ လက်ခံကြရမှာပါ။ ဒါပေမဲ့လည်း စာရေးသူပြောထားသလို ရေကြည်ရာ မြက်နုရာမှာနေပြီး ခက်ခဲပင်ပန်းရတာဟာ ရေနောက်နောက် မြက်ခြောက်ခြောက်မှာ ပင်ပန်းရတာထက် နေရစားရတာ ပိုပြီးအဆင်ပြေတာကိုတော့ ငြင်းလို့မရပါဘူး။
ဒါကြောင့် ဆရာနေဝန်းနီက သိသင့်၊ ပြောသင့်၊ ရေးပြသင့်တာတွေကို ဒီဝတ္ထုမှာ အရှိအတိုင်း၊ အမှန်အတိုင်း ရေးပြထားပါတယ်။ ဆရာ့ရဲ့ ပထမစာအုပ်ထဲကလိုပဲ ဒီစာအုပ်လေးထဲမှာလည်း ဘာတွေများ ရင်ဆိုင်ကြုံတွေ့ကြရမလဲ၊ ဘယ်လိုတွေ ကျော်ဖြတ်လာနိုင်ဦးမလဲဆိုတာကို မြည်းစမ်းဖတ်ရှုလိုက်ကြပါဦးလို့ တိုက်တွန်းပါရစေ။ ပြည်ပနိုင်ငံထဲက လူမျိုးခြားတွေကြားမှာ မြက်နုရာအရပ်ကိုရှာဖွေရင်း ရေကြည်တစ်ပေါက်လောက်ရော သောက်ခွင့်ရပါ့မလားဆိုတာကိုတော့ ….







