ဟားရီ

ဟားရီ

🖊 စာရေးဆရာ
📖 စာပေအမျိုးအစား
စာမြည်းဖတ်ရန် View PDF
🗒 စာမျက်နှာ 109
ပုံနှိပ်မှတ်တမ်း ပထမကြိမ်
အရွယ်အစား 5.3x8.3
💸 တန်ဖိုး Ks 6,000
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384

In stock

“သူမသည် လေးလေးနက်နက်တွေးတောသလို ဟန်ဆောင်တတ်သော်လည်း ပေါ့တီးပေါ့ဆရှိ၏။ သွက်လက်ပေါ့ပါးသလို ထင်ရသော်လည်း အမှန်တကယ်မှာမူ ရှပ်တီးရှပ်ပျာနိုင်သူ ဖြစ်သည်။ တခါတလေတွင် အသေးအဖွဲလေးများကို ပုံကြီးချဲ့ ထိုင်တွေးနေတတ်သလို အရေးကြီးကိစ္စများတွင်တော့ အရေးမပါသလို ကျော်ဖြတ်သွားပြန်သည်။ ပြုလုပ်မိသော ကိစ္စရပ်တိုင်းတွင်လည်း မှားမှားမှန်မှန် အကြောင်းပြချက် အဆင်သင့်ရှိနေတတ်သည်”

ဒါကတော့ ဟားရီ စာအုပ်လေးထဲက ဇာတ်ကောင်မိန်းကလေးရဲ့ ကာရိုက်တာပဲ ဖြစ်ပါတယ်။ ဒီစာအုပ်လေးထဲမှာဆိုရင်တော့ ဆယ်ကျော်သက်အရွယ် မိန်းကလေးတစ်ယောက်ရဲ့ တလွဲတချော် အပြုအမူတွေကို ပြုံးပြုံးကြီး ဖတ်ရပါလိမ့်မယ်။ ဒီတော့ ဟားရီက အတိတ်ရဲ့ အခြားတစ်ဖက်မှာနဲ့ စာဖတ်ပရိသတ်တို့ကို မျက်ရည်ဝဲစေခဲ့သူ ဆရာမသဲဆုမွန်ရဲ့ ထူးခြားတဲ့ လက်ရာတစ်ခုအသစ်လို့ ဆိုနိုင်ပါမယ်။ ဟားရီကို ဖတ်တဲ့အခါ ကလေးဘဝကနေ လူကြီးအရာ ပြောင်းလဲစမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မိန်းကလေးအများစုရဲ့ အမူအကျင့်၊ စိတ်အခြေအနေတွေကို တွေ့မြင်ရမှာပါ။

ဒီစာအုပ်မှာ ကလေးဘဝရဲ့ စိတ်အ‌ခြေအနေကိုလည်း လွှတ်မချနိုင်၊ လူကြီးတွေလိုလည်း အရာရာကိုစူးစမ်းသိမြင်ချင်တဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ အပြုအမူတွေကို ဆရာမသဲဆုမွန်က ဟာသနှောပြီး ရေးဖွဲ့ထားပါတယ်။ ဒါတင်မက အဘွားတစ်ယောက်ရဲ့ မြေးမအပေါ်ထားတဲ့ ချစ်စဖွယ်သံယောဇဉ်ကိုလည်း ခပ်ပါးပါးလေး မြင်ရမှာပါ။ သားအချစ် မြေးအနှစ်ဆိုသလို ဘိုးဘွားတွေအတွက်ကတော့ မြေးဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်ဖြစ် လက်သင့်ခံပြီး ချစ်ပေးနိုင်တဲ့ တန်ဖိုးရှိ ရတနာပါပဲ။

ဒီစာအုပ်လေးကိုဖတ်တဲ့အခါ တလွဲတွေလုပ်တတ်တဲ့ မြေးနဲ့ အကြောင်းပြချက်မျိုးစုံပြပြီး ကာကွယ်တတ်တဲ့ အဘွားတို့ရဲ့ ချစ်စဖွယ် ပုံစံမျိုးစုံကို မြင်ယောင်ရင်း ရယ်မောမိပါလိမ့်မယ်။ ယနေ့ခေတ်ရဲ့ မြင်နေကျ မြန်မာ့လူနေမှုစရိုက်၊ အခြေခံလူတန်းစား သရုပ်သကန်၊ ရပ်ကွက်ထဲက လူတို့ရဲ့ နေထိုင်ပုံ၊ ပီပြင်တဲ့ ဇာတ်ကောင်စရိုက်တို့နဲ့ ဖွဲ့သီထားတဲ့ ဆရာမ သဲဆုမွန်ရဲ့ ဟားရီဟာ စာဖတ်သူတို့ကို ဘဝအမောတွေ တစ်ဖက်တစ်လမ်းက ပြေပျောက်စေဖို့ အကူအညီ ပေးမှာပါ။ ဟားရီကို ဖတ်ပြီး အများကြီး မရယ်မိဘူးဆိုရင်တောင် အနည်းငယ်ပြုံးမိစေဖို့ ဟားရီက လှုံ့ဆော်ပေးမှာ အသေအချာပါပဲ။

Main Menu

ဟားရီ

ဟားရီ

Ks 6,000

Add to Cart