သမိုင်းဆိုင်ရာရုပ်ဝါဒ

သမိုင်းဆိုင်ရာရုပ်ဝါဒ

🖊 စာရေးဆရာ
📖 စာပေအမျိုးအစား
စာမြည်းဖတ်ရန် View PDF
🗒 စာမျက်နှာ 223
ပုံနှိပ်မှတ်တမ်း တတိယအကြိမ်
အရွယ်အစား 5.3 x 8.3
💸 တန်ဖိုး Ks 8,000
🛒 အိမ်အရောက်ပို့ (Door To Door ) စနစ်ဖြင့်မှာယူလိုသူများအတွက် ဆက်သွယ်ရန် – 09450623383 ၊ 09450623384

In stock

မြသန်းတင့် – သမိုင်းဆိုင်ရာရုပ်ဝါဒ ဟာ အနုပဋိလောမရုပ်ဝါဒ ကဲ့သို့ပင် ဝတ္ထုမဟုတ်တဲ့ ကျမ်းစာအုပ်ငယ်တစ်အုပ်ဖြစ်ပါတယ်။ စာချစ်သူအဖို့ ဖတ်ပြီးသွားရင် စာအုပ်စင်ပေါ် အပြီးတင်လိုက်ရမယ့် စာအုပ်မျိုး မဟုတ်ဘဲ ခေတ်အဆက်ဆက် ဝါဒ၊ အဘိဓမ္မာတွေ တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာတိုင်း နှိုင်းယှဉ်ချိန်ထိုး လေ့လာရမယ့် ကျမ်းစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

သမိုင်းဆိုင်ရာရုပ်ဝါဒ ကျမ်းစာအုပ်နဲ့ ပတ်သက်ပြီး “မည်သည့်အင်အားစုများက လူ့အဖွဲ့အစည်းကြီးကို မောင်းနှင်နေကြသနည်း။ လူမှုဖြစ်ပေါ်တိုးတက်မှုသည် မည်သည့်ဥပဒေသများအရ ဖြစ်ပေါ်တိုးတက်နေရသနည်း။ ဤမေးခွန်းများကို သမိုင်းဆိုင်ရာရုပ်ဝါဒက ဖြေဆိုပေသည်။ ထို့ကြောင့် မောင်းနှင်ရေးအင်အားစု၏ ယေဘုယျသဘောတရားနှင့် လူမှုဖြစ်ပေါ်တိုးတက်မှု၏ ဥပဒေသများကို ပြဆိုသည့် စာတမ်းကို သမိုင်းအား ရုပ်ကျစွာ ကြည့်မြင်ခံယူချက် (သို့) သမိုင်းဆိုင်ရာရုပ်ဝါဒ ဟု ခေါ်ပေသည်။ လူတို့၏ နေ့စဉ်ပြဿနာများကို ဖြေရှင်းရာ၌ ရုပ်ဝါဒကျသော လောကအမြင်ကို ဟပ်ယူလိုက်သောအခါ သမိုင်းဆိုင်ရာရုပ်ဝါဒဟူ၍ ဖြစ်ပေါ်လာသည်” လို့ စာအုပ်တစ်နေရာမှာ ဖော်ပြထားပါတယ်။

ဆရာမြသန်းတင့် ရဲ့ သမိုင်းဆိုင်ရာရုပ်ဝါဒ ဟာ Maurice Cornforth ရဲ့ Historical Materialism ကို ဘာသာပြန်ထားတဲ့ ကျမ်းစာအုပ်ငယ်တစ်အုပ်ပါ။ သမိုင်းဆိုင်ရာရုပ်ဝါဒ ဟာ အရှေ့က ထွက်ရှိခဲ့တဲ့ ကျမ်းစာအုပ်ဖြစ်တဲ့ အနုပဋိလောမရုပ်ဝါဒ (Maurice Cornforth – Dialectical Materialism) ရဲ့ အဆက်စာအုပ်အဖြစ် ဖတ်ရှုနိုင်သလို သီးသန့်အနေဖြင့်လည်း လေ့လာနိုင်တဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သမိုင်းဆိုင်ရာရုပ်ဝါဒရဲ့ အခြေခံမူများနဲ့ အတွေးအခေါ်များကို အကောင်းမွန်ဆုံး၊ အရှင်းလင်းဆုံး၊ အကျဉ်းချုပ်အဖြစ် လေ့လာနိုင်မယ့် ကျမ်းစာအုပ်ငယ်အဖြစ် သတ်မှတ်ကြပါတယ်။ သမိုင်းဆိုင်ရာရုပ်ဝါဒကို အပိုင်း (၃) ပိုင်းခွဲကာ လေ့လာနိုင်မှာ ဖြစ်ပြီး ယေဘုယျအခြေခံများ၊ လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်လာပုံ၊ ဆိုရှယ်လစ်စနစ်နှင့်ကွန်မြူနစ်စနစ် တို့ ဖြစ်ပါတယ်။

အပိုင်း (၁) ယေဘုယျအခြေခံများ မှာ –
(၁) သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ
(၂) ရုပ်ဝါဒနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ သိပ္ပံပညာ
(၃) လူမှုဘဝတွင် တွေးခေါ်မှုနှင့် အခန်းကဏ္ဍ တို့ ပါဝင်ပါတယ်။

အပိုင်း (၂) လူ့အဖွဲ့အစည်းဖြစ်ပေါ်တိုးတက်လာပုံ မှာ –
(၄) ကုန်လုပ်ရေးစနစ်
(၅) လူမှုဖြစ်ပေါ်တိုးတက်မှု၏ အခြေခံဥပဒေသများ
(၆) စီးပွားရေးဥပဒေသများနှင့် ၎င်းတို့အားအသုံးချမှု
(၇) လူမှုအပေါ်အယံအဆောက်အအုံ
(၈)လူတန်းစားတွေးခေါ်မှုနှင့် လူတန်းစားအုပ်စိုးမှု တို့ကို ဖတ်ရှုလေ့လာရပါမယ်။

အပိုင်း (၃) ဆိုရှယ်လစ်စနစ်နှင့်ကွန်မြူနစ်စနစ် မှာတော့
(၉) ဆိုရှယ်လစ်ဝါဒနှင့်ကွန်မြူနစ်ဝါဒ
(၁၀) ဆိုရှယ်လစ်စနစ်မှ ကွန်မြူနစ်စနစ် ဖြစ်ပေါ်တိုးတက်မှုတွင် မောင်းနှင်ရေး အင်အားစုများ
(၁၁) စီမံကိန်းကျ ကုန်လုပ်ရေး သိပ္ပံပညာ တို့အပြင် ကျမ်းတစ်အုပ်လုံးကို ပြန်လည် ခြုံငုံ သုံးသပ် ရေးသားထားတဲ့ နိဂုံးပိုင်းတို့ကို ဖတ်ရှုလေ့လာရပါမယ်။ ကျမ်းအဆုံးမှာ ဝေါဟာရရှင်းချက်နဲ့ လူပုဂ္ဂိုလ်အညွှန်းတို့ကို တွဲဖက်ထည့်သွင်းဖော်ပြထားတာမို့ သမိုင်းဆိုင်ရာရုပ်ဝါဒကို လေ့လာရာမှာ အထောက်အကူ ဖြစ်စေမှာပါ။

မြသန်းတင့် – သမိုင်းဆိုင်ရာရုပ်ဝါဒ ဟာ အနုပဋိလောမရုပ်ဝါဒ ကဲ့သို့ပင် ဝတ္ထုမဟုတ်တဲ့ ကျမ်းစာအုပ်ငယ်တစ်အုပ်ဖြစ်ပါတယ်။ စာချစ်သူအဖို့ ဖတ်ပြီးသွားရင် စာအုပ်စင်ပေါ် အပြီးတင်လိုက်ရမယ့် စာအုပ်မျိုး မဟုတ်ဘဲ ခေတ်အဆက်ဆက် ဝါဒ၊ အဘိဓမ္မာတွေ တိုးတက်ဖြစ်ထွန်း ပြောင်းလဲလာတိုင်း နှိုင်းယှဉ်ချိန်ထိုး လေ့လာရမယ့် ကျမ်းစာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

သမိုင်းဆိုင်ရာရုပ်ဝါဒ ကျမ်းစာအုပ်နဲ့ ပတ်သက်ပြီး “မည်သည့်အင်အားစုများက လူ့အဖွဲ့အစည်းကြီးကို မောင်းနှင်နေကြသနည်း။ လူမှုဖြစ်ပေါ်တိုးတက်မှုသည် မည်သည့်ဥပဒေသများအရ ဖြစ်ပေါ်တိုးတက်နေရသနည်း။ ဤမေးခွန်းများကို သမိုင်းဆိုင်ရာရုပ်ဝါဒက ဖြေဆိုပေသည်။ ထို့ကြောင့် မောင်းနှင်ရေးအင်အားစု၏ ယေဘုယျသဘောတရားနှင့် လူမှုဖြစ်ပေါ်တိုးတက်မှု၏ ဥပဒေသများကို ပြဆိုသည့် စာတမ်းကို သမိုင်းအား ရုပ်ကျစွာ ကြည့်မြင်ခံယူချက် (သို့) သမိုင်းဆိုင်ရာရုပ်ဝါဒ ဟု ခေါ်ပေသည်။ လူတို့၏ နေ့စဉ်ပြဿနာများကို ဖြေရှင်းရာ၌ ရုပ်ဝါဒကျသော လောကအမြင်ကို ဟပ်ယူလိုက်သောအခါ သမိုင်းဆိုင်ရာရုပ်ဝါဒဟူ၍ ဖြစ်ပေါ်လာသည်” လို့ စာအုပ်တစ်နေရာမှာ ဖော်ပြထားပါတယ်။

Main Menu

သမိုင်းဆိုင်ရာရုပ်ဝါဒ

သမိုင်းဆိုင်ရာရုပ်ဝါဒ

Ks 8,000

Add to Cart