• ကမ္ဘာ့ဂန္ထဝင် ၁၀

    ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်လေးဟာ ကမ္ဘာကျော်စာရေးဆရာ ဝီလျံဆမ်းမားဆက်မွမ်က ကမ္ဘာကျော်ဝတ္ထုဆယ်ပုဒ်အကြောင်းကို စာရေးဆရာတို့ရဲ့ ဘဝဖြစ်စဉ်နဲ့ ထင်ဟပ်ဆန်းစစ်ပြထားတဲ့ စာအုပ်ကောင်း တအုပ်ပါ။ ဆမ်းမားဆက်မွမ်ဟာ ကိုယ်တိုင် ဝတ္ထုကောင်းများစွာကို ရေးသားခဲ့သူဖြစ်ပြီး အခြားဝတ္ထုကောင်းများကိုလဲ နက်နက်နဲနဲ ဖတ်ရှုလေ့လာဆန်းစစ်သူဖြစ်ပါတယ်။ သူ ဖတ်ရှုလေ့လာဆန်းစစ်ထားတဲ့ စာအုပ်ပေါင်းများစွာထဲကမှ စာဖတ်သူတို့အတွက် အကောင်းဆုံး ဖြစ်စေမယ်လို့ ယူဆတဲ့ စာအုပ်ဆယ်အုပ်အကြောင်း ကမ္ဘာ့ဂန္ထဝင် ၁၀ မှာ ပြန်လည်မျှဝေ ညွှန်းဆိုထားပါတယ်။
    ဝီလျံဆမ်းမားဆက်မွမ် မျှဝေထားတဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်တွေက –
    ၁ – ဟင်နရီဖီးလဒင်း ၏ တွမ်ဂျုံး
    ၂ – ဂျိန်းအော်စတင် ၏ မာနနှင့် အာဃာတ
    ၃ – စတင်ဒယ် ၏ အနီနှင့်အနက်
    ၄ – ဗားလဇက် ၏ ဖခင်ဂိုရီယိုး
    ၅ – ချားဒစ်ကင်း ၏ ဒေးဗစ်ကော့ပါးဖီး
    ၆ – ဖလောဗဲယား ၏ မဒမ်ဗိုဗာရီ
    ၇ – ဟာမင်းမဲလဗီး ၏ မိုဗီဒစ်
    ၈ – အယ်မီလီဗရွန်တီ ၏ လေထန်ကုန်း
    ၉ – ဒေါ့စတာယက်စကီ ၏ ကာရာမာဇော့ညီအစ်ကိုများ
    ၁၀ – တော်လစတွိုင်း ၏ စစ်နှင့်ငြိမ်းချမ်းရေး တို့ ဖြစ်ပါတယ်။
    ဆမ်းမားဆက်မွမ် ရွေးချယ်ထားတဲ့ ဝတ္ထုအမည်တွေကို ကြည့်တာနဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ စာအုပ်ဟာ စာပေတန်ဖိုး မည်မျှရှိကြောင်း အထူးညွှန်းဆိုနေစရာ မလိုတော့ဘူး ထင်ပါတယ်။ ဒီစာအုပ် တအုပ်တည်းကို ဖတ်လိုက်ရုံမျှနဲ့ ကမ္ဘာ့ဂန္ထဝင် အကောင်းစား ဝတ္ထုဆယ်အုပ်အကြောင်းနဲ့တကွ ၎င်းဝတ္ထုတို့ကို ရေးသားသူ စာရေးဆရာ/ဆရာမကြီးတို့အကြောင်း၊ ဝတ္ထုအတတ်ပညာ၊ ဝတ္ထုဝေဖန်ရေး၊ ဝတ္ထုကောင်းတို့ရဲ့ ဂုဏ်အင်္ဂါ၊ စာပေအနုပညာတို့အကြောင်းတွေကိုပါ တဝကြီး ဖတ်ရှုလေ့လာရပါဦးမယ်။
    ဝီလျံဆမ်းမားဆက်မွမ် ရေးသားပြီး ဆရာကျော်အောင် ဘာသာပြန်တဲ့ ကမ္ဘာ့ဂန္ထဝင် ၁၀ ကို ဖတ်ရှုပြီးတဲ့အခါ စာပေလေ့လာသူတို့အနေနဲ့ –
    • ဝတ္ထုဘယ်နှမျိုးရှိလဲ၊
    • ဝတ္ထုတိုင်း ဝတ္ထုပီသရဲ့လား၊
    • ဘယ်လိုဝတ္ထုမျိုးက ဝတ္ထုကောင်းလဲ၊
    • ဝတ္ထုကောင်းတွေရဲ့ အင်္ဂါရပ်က ဘာလဲ၊
    • သူများပြောတိုင်း … နာမည်ကြီးတိုင်း … ဝတ္ထုကောင်းလား၊
    • ဝတ္ထုရေးသူတိုင်း ဝတ္ထုရေးတဲ့ အတတ်ပညာကို တတ်ကြရဲ့လား … လိုက်နာရဲ့လား … ဆိုတဲ့ မေးခွန်းများအတွက် အဖြေများကို အကောင်းဆုံး ဆဝါးမိသွားစေမယ်လို့ ယုံကြည်ပါတယ်။
    ဘာသာပြန်ဆိုသူ ဆရာကျော်အောင်က “ဤစာတမ်းများသည် ဝတ္ထုစာပေအဖွဲ့ကို ပို၍ သိနားလည်လာအောင် အထောက်အပံ့ပြုလိမ့်မည်ဟု ယုံကြည်ပါကြောင်း” လို့ အမှာစာမှာ ဆိုထားပါတယ်။ ကမ္ဘာ့ဂန္ထဝင်စာပေကို လေ့လာသူ၊ ဝတ္ထုရေးသားခြင်းကို စိတ်ဝင်စားသူ၊ ဝတ္ထုများကို ပညာရပ်ဆန်ဆန် မည်သို့ညွှန်းဆိုထားသည်များကို လေ့လာလိုသူတို့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတအုပ် ဖြစ်ပါတယ်။
    Ks 13,000
  • ကမ္ဘာမြေ၏ ဝင်ရိုးတစ်ချောင်း

    မီးရထားကြီးတစ်စီး ဥဩတွေဆွဲရင်း ဘူတာထဲက ထွက်ခွာသွားသည်ဖြစ်စေ .. ဘူတာထဲ ဝင်လာသည်ဖြစ်စေ .. အဲ့ဒီမြင်ကွင်းတွေကို အများစု မြင်ဖူးကြမှာပါ။ မီးရထားကြီးပေါ်မှာ ပါသွားတဲ့ ချစ်သူနဲ့ ဝေးရလို့ လွမ်းရတာ၊ ရထားနဲ့ အလုပ်က ပြန်လာတဲ့ ဖခင်က မုန့်ဝယ်လာလို့ ပျော်တာ၊ စသဖြင့် မီးရထားတွေဟာ လူသားတွေကို ခံစားမှုတွေ ပေးစွမ်းနိုင်ပါတယ်။

    တကယ်တော့ မီးရထားတွေ အချိန်မှန်မှန် ဘူတာတွေက ထွက်ခွာပြီး အချိန်မှန်မှန် ဆိုက်ဖို့၊ ခရီးလမ်းတစ်လျှောက် ဘေးကင်းဖို့၊ ရထား အတွင်းအပြင် သန့်ရှင်းမှုနဲ့ စီးနင်းသူတို့ သက်သောင့်သက်သာရှိမှုတို့အတွက် ရထားနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဆင့်ဆင့်မှာ တာဝန်ကိုယ်စီ ရှိကြပါတယ်။ တစ်နည်း မီးရထားလုပ်ငန်းခွင်က သူတို့တွေရဲ့ ရင်ထဲမှာလည်း ခံစားချက်တွေ ရှိသလို သူတို့ရဲ့ ဘဝအဖြစ်အပျက်တွေ၊ အတွေးအမြင်တွေမှာလည်း စိတ်ဝင်စားစရာတွေ ရှိပါတယ်။ ဒါတွေကို ထုံးလိုချေ ရေလိုနှောက် သိရှိ နားလည်တဲ့ စာရေးဆရာကောင်းတစ်ဦးက ဇာတ်လမ်းအဖြစ် စာစီလိုက်တဲ့အခါ ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။

    ဘူတာကြီးရဲ့ အနီးတဝိုက် ဝန်းကျင်က ဝန်ထမ်းဘဝတွေ၊ ဘူတာနဲ့ ရထားတွေကို အမှီပြုပြီး ဝမ်းစာရှာ နေထိုင်ရှင်သန်သူတွေ အကြောင်းကို ဆရာရဲသျှမ်းက “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ ရသမြောက်စွာ ပုံဖော်ခဲ့တယ်။ ဆရာဟာ ရန်ကုန်ဘူတာကြီးမှာ ကိုယ်တိုင်တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်တဲ့အတွက် ရေးသားလိုက်တဲ့ စာများဟာ ကြွရွလှပနေခဲ့တယ်။ မြန်မာ့မီးရထားဝန်ထမ်းတစ်ဦး ဖြစ်ရုံသာမက ရသစာပေဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆရာဟာ “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”မှာ မီးရထားနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေတင်မက ကိုယ်တိုင်ဖြတ်သန်းကြုံတွေခဲ့ရတဲ့ စာပေလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ရသစာဖတ်ဝိုင်းအကြောင်းကို ရသမြောက်စွာ မှတ်တမ်းပြုရေးသားထားတာ ဖတ်ရှုရပါမယ်။

    “ကမ္ဘာမြေရဲ့ ဝင်ရိုးတစ်ချောင်း”က ဆရာရဲသျှမ်းရဲ့ ပထမဆုံး ပင်ကိုရေး လုံးချင်းဝတ္ထုရှည်ဖြစ်ပါတယ်။ ခေတ် ကာလ အဖြစ်အပျက် နေရာ အခင်းအကျင်းတွေမှာ ချစ်ခြင်း၊ မုန်းခြင်း၊ မေတ္တာတရားတို့ ရှိကြတဲ့ ဇာတ်ကောင်များကို ဖွဲ့တည်ထားသည် လို့ အမှာစာမှာ ဖော်ပြထားပြီး စာဖတ်သူ၏ ခံစားမှုသည် အမှန်တရားလို့ ဆိုတဲ့ ဒီဝတ္ထုရှည်မှာ စာဖတ်သူတို့ မီးရထားတစ်စင်းကို နောက်ကွယ်က ခုတ်မောင်းစေသူတို့ရဲ့ ဘဝတွေနဲ့ ပတ်သက်တာတွေကို ခံစားရမှာပါ။

    Ks 4,000
  • ကျွန်တော်ဆက်၍ ရေးချင်သောဝတ္ထုများ

    စာဖတ် ဝါသနာပါသူတိုင်းမှာ သူတို့ ဘဝ အပေါ် လွှမ်းမိုးတဲ့ စာအုပ်တွေ ရှိကြပါတယ် ။ ကိုယ် စွဲလမ်းရတဲ့ စာအုပ်တိုင်းရဲ့ အချို့သော ဇာတ်ကောင်စရိုက်တွေ ၊ အချို့သော ဇာတ်သိမ်းခန်းတွေဟာ ကိုယ့်အကြိုက် ဖြစ်ချင်မှ ဖြစ်တာ ။ ကိုယ်ကလည်း ဒီစာအုပ်ကို ကြိုက်နေတော့ ကိုယ်မကြိုက်တဲ့ ဇာတ်ဆောင်စရိုက်တွေ ၊ ဇတ်သိမ်းတွေကို ကိုယ့်စိတ်ကူးနဲ့ ဖန်တီးပြီး စိတ်ကျေနပ်မှု ရအောင် စိတ်ကူးယဉ် ခဲ့ဖူးတဲ့ အခိုက်အတန် ့ ဟာ စာဖတ်သူတွေ စိတ်ထဲမှာ ရှိခဲ့ဖူးမှာပါ ။

    ဝတ္ထု ဇာတ်လမ်းတွေ ရေးတဲ့ စာရေးဆရာတွေ အတွက် ပိုခံစားရပေမပေါ့ ။ ဒါပေမဲ့ အဲဒီအကြောင်းကို စာတစ်စောင် ပေတစ်ဖွဲ့ အနေနဲ့ ရေးသားခဲ့တာတော့ ဆရာမြသန်းတင့် တစ်ယောက်ပဲ ရှိမယ် ထင်ပါတယ် ။ အဲဒီ စာအုပ်ကတော့ ” ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုတဲ့ စာအုပ်ပါပဲ ။ စာအုပ်ကောင်း တစ်အုပ်ဟာ ခေတ်ကို ကျော်လွှားနိုင်ပါတယ် ။ ၁၉၇၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဒီစာအုပ် “ကျွန်တော်ဆက်၍ရေးချင်သော ဝတ္ထုများ ” ဆိုရင် အကြိမ်ကြိမ် ပြန်ထုတ်ရတဲ့ အထိ စာဖတ်သူ မျိုးဆက် အဆင့်ဆင့် ဖတ်ရှုနေကြရတဲ့ လက်စွဲ စာအုပ်တစ်အုပ် ပါ ။

    တစ်ချိန်သော အခါကာလ တစ်ခုမှာ မြသန်းတင့် ဟာ တစ်ယောက်ထီးတည်း လပေါင်းများစွာ နေခဲ့ရတယ် ။ စာကားပြောဖော် မရှိ ၊ စာအုပ်ဆိုတာ လုံးဝ မရှိတဲ့ အချိန်ကာလ တစ်ခုကို သူဖြတ်ကျော်ခဲ့ရတယ် ။ သူ့အတွက် ပစ္စုန်ပ္ပန် နဲ့ အနာဂတ် ကာလတွေ ပျောက်ဆုံးနေပြီး “အတိတ်ကာလ ” တစ်ခုတည်းမှာ နေခဲ့ရတဲ့ အချိန်မှာ ဒီစာအုပ်ရေးဖို့ စိတ်ကူးရခဲ့တယ် ။

    ၁၉၂၀ ကနေ ၁၉၄၅ ကာလ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေ ထဲကမှ သူ ဖတ်ခဲ့ပြီး သူ နှစ်သက်ခဲ့တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင်တွေကို ဆရာမြသန်းတင့် ဟာ စိတ်ကူးထဲမှာ တွေ့ဆုံ ဆွေးနွေးဖို့ ဖြစ်လာပါတယ် ။ အဲဒီ ဝတ္ထုတွေရဲ့ ဇတ်လမ်းနဲ့ ဇာတ်ကောင်စရိုက်တွေ ကို ပြန်စဉ်းစား သုံးသပ်ပြီး စာအုပ် ဝေဖန်ရေး ပုံစံနဲ့ ရေးထားပါတယ် ။ ဒီစာအုပ်ကို ဖတ်ပြီးမှ ဒီထဲက ညွှန်းဆို ထားတဲ့ စာအုပ်တွေကို ရှာဖတ်ကြည့်တဲ့ သူတွေလည်း မနည်းပါဘူး ။

    ဆရာမြသန်းတင့် က ဘယ်ဝတ္ထုတွေကို ဘယ်လို ဆက်ပြီး ရေးချင်သလဲ ဆိုတာ နမူနာ ပြရရင် ….

    ” အကောင်းကို ရှာ၏ ။ အကောင်းကား မရှိတော့ ” ဆိုတဲ့ မေ ကို အမျိုးသမီး ဘော်ဒါဆောင် တစ်ခုဖွင့်ပြီး တက္ကသိုလ်ကျောင်းသူ တွေကို ထိန်းကျောင်း ပြုပြင်ပေးလိုတဲ့ ရွှေအိုရောင်မေ အဖြစ် ဖန်ဆင်းလိုက်တယ် ။ ( ဒဂုန်တာရာ _ မေ )

    ကောလိပ်ကျောင်းသား ထဲက ရွှတ်နောက်နောက် သိန်းဖေ ဟာ ဥရောပနိုင်ငံ အနှံ ့အပြား လည်ပတ် သွားလာနေတဲ့ ၊ ဘာသာစကား အသစ်တွေကို သင်ယူနေတဲ့ ဦးသိန်းဖေ အဖြစ် ဆရာမြ ပုံဖော် စိတ်ကူးယဉ် ခဲ့တယ် ။ ( ဇဝန _ကောလိပ်ကျောင်းသား)

    မြသန်းတင့် ဆက်ပြီး ရေးချင်တဲ့ ဝတ္ထုတွေထဲက ဇာတ်ကောင် တချို့က တော့…
    မင်းဆွေ ရေးတဲ့ “ဓား” ဝတ္ထု ထဲက မျိုးမြင့်ရန်နောင်

    ဇေယျ ရေးတဲ့ “မြတ်လေးရွှေဓားဗိုလ် ” ဝတ္ထုထဲက မြတ်လေးရွှေဓားဗိုလ်

    ရဲထွန်းလင်း ရေးတဲ့ “အရေးတော်ပုံတပ်သား” ဝတ္ထုထဲက မျိုးတင့် တို့နဲ့ အခြား ဇာတ်ဆောင် ၅ယောက် ဖြစ်ပါတယ် ။

    အခုအချိန်မှာ မြသန်းတင့် ဝေဖန် ညွှန်းဆို ခဲ့တဲ့ ဒီစာအုပ် (၁၀) အုပ်ဟာ ဂန္ထဝင် စာရင်းတွင်နေပါပြီ ။ ဆရာမြသန်းတင့် နှစ်သက် စွဲလမ်းခဲ့တဲ့ စာအုပ် (၁၀) အကြောင်းနဲ့ ဆရာမြ ဘယ်လိုဆက်ပြီး ရေးချင်သလဲတာတွေအပြင် မိမိစာအုပ်စင်မှာ သိမ်းဆည်းထားရမယ့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

    Ks 6,000
  • ကျားဖောင်

    ကျားဖောင်ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ပင်လယ်ပြင်က ငရဲခန်းလို့ ပြေးမြင်မိကြမှာပါ။

    လူတွေဟာ ပင်လယ်ထဲက သတ္တဝါတွေကို ကုန်းပေါ်ဆယ်ယူပြီး စီးပွားရေးလုပ်ကြတယ်။ တချို့ကတော့ ပိုက်ဆံအတွက် ပင်လယ်ထဲကို ပြန်ဆင်းပြီး အသက်ပေးသွားရပြန်တယ်။

    ကျားဖောင်ကို လူနဲ့သတ္တဝါ၊ လူနဲ့ငွေကြေး၊ အလဲအထပ်လုပ်ကြတဲ့နေရာလို့ ဆိုရင်လည်း မမှားပါဘူး။ ပင်လယ်ပြင်ကြီးကပေးတဲ့ ဝေဒနာ၊ လူလူချင်းကပေးတဲ့ ဒုက္ခတွေကြား ကုန်းပေါ်ပြန်တက်မယ့်ရက်ကို လက်ချိုးစောင့်နေရပြီး ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းရတဲ့ လူ့ငရဲတွင်းတစ်ခုပါပဲ။

    ဆရာအာကာခေတ်ပိုင်က ဒီဖြစ်ရပ်တွေကို ကျားဖောင်ဆိုတဲ့စာအုပ်အဖြစ် ပုံဖော် ရေးဖွဲ့ထားပါတယ်။ ဒီစာအုပ်ထဲမှာ ပင်လယ်မှာ အသက်မွေးပြီး စီးပွားရှာကြတဲ့ ကျားဖောင်လုပ်ငန်းအကြောင်းကို ဗဟုသုတရစရာအဖြစ် သိခွင့်ရပါလိမ့်မယ်။

    ဒါ့အပြင် ဖောင်ဦးစီးချုပ်တွေ၊ ဖောင်ဦးစီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ၊ ဖောင်နောက်လိုက်တွေအပေါ် ကိုယ်ချင်းမစာနာစွာ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း မြင်တွေ့ရပြန်ပါတယ်။

    လူပွဲစားတွေရဲ့ ငွေရလိုမှုတစ်ခုတည်းအတွက် လူလူချင်းအမြတ်ထုတ်ပုံတွေကို ဖတ်ရတဲ့အခါမှာလည်း ဒေါသထွက်ပြီး ခံပြင်းစရာပါ။ ကိုယ့်နိုင်ငံထဲမှာတင် ကိုယ့်လူမျိုးအချင်းချင်းက လူကုန်ကူးတဲ့ဖြစ်ရပ်တွေဟာ နေရာတိုင်းမှာ လူမသိသူမသိဘဲ အများကြီးရှိနေနိုင်ပါတယ်။ ဒီလိုအကြောင်းအရာတွေကို စာရေးဆရာက စာရေးခြင်းအတတ်ပညာနဲ့ ဝတ္ထုတစ်အုပ်ထဲမှာ လှလှပပ အကွက်ဆင်ကာ ထည့်သွင်းပုံဖော်ထားပါတယ်။

    ကျားဖောင်စာအုပ်ထဲမှာ ဖောင်ဦးစီးမှတ်ကြီး၊ ဦးခင်ဝင်း၊ မိုးစည်နဲ့ရဲထက်တို့ လေးဦးရဲ့ မတူညီတဲ့ ဘဝဖြစ်စဉ်တွေကို တွေ့ရပါလိမ့်မယ်။ ဒီလူလေးဦးဟာ အန္တရာယ်များပြားလှတဲ့ ကျားဖောင်ပေါ်ကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာကြသလဲ၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆရာအာကာခေတ်ပိုင်က စိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ ဒီလူတွေဟာ ကုန်းပေါ်ကိုရော ပြန်ရောက်ခွင့်ရပါ့မလား။ ပင်လယ်ထဲမှာ အချိန်မရွေး အစပျောက်သွားမလား။ ကိုယ့်နိုင်ငံအတွင်းမှာပဲ နေထိုင်ရင်း ကျားဖောင်ပေါ်က လုံခြုံမှု မရှိတဲ့ဘဝတွေအတွက် ရင်လေးစရာပါပဲ။

    ကျားဖောင်စာအုပ်ထဲက ဇာတ်ကောင်တစ်ဦးဖြစ်သူ ရဲထက်ပြောတဲ့ စကားလေးတစ်ခွန်းက စာဖတ်သူတို့ကို မှတ်မှတ်ထင်ထင် ရှိစေမှာ ဖြစ်ပါတယ်။

    “ပင်လယ်ရေတွေ ခန်းသွားရင်ကောင်းမယ်” တဲ့။

    တချို့တွေအတွက် အိမ်ပြန်နိုင်ဖို့ အခွင့်အရေးဟာ ပင်လယ်ကြီး ခန်းခြောက်သွားမှတဲ့လား … ။

    Ks 9,000
  • ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေ

    ကြက်ခြေအခတ်ခံလိုက်ရတဲ့ ကြယ်တွေတဲ့။ ဒီစာအုပ်လေးမှာ ဆရာနေဝန်းနီ(နတ်မောက်)က နိုင်ငံရပ်ခြားကို အခက်အခဲတွေကြား အသက်စွန့်ပြီးသွားရတဲ့ ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝဖြစ်စဥ်ကို ဝတ္ထုဟန် ရေးဖွဲ့ထားတယ်။ ဇာတ်လမ်းအစမှာ ကတည်းက ဇာတ်ကောင်နဲ့ထပ်တူ လိုက်ပါရင်း၊ စိတ်လှုပ်ရှားရင်း၊ ပူပန်ထိတ်လန့်ပေးရင်း … တဖက်နိုင်ငံကို စာဖတ်သူပါ အတူရောက်ရှိသွားသလို ခံစားရမယ်။ တကယ်တမ်း ရောက်သွားပြန်တော့လဲ မမျှော်လင့်ထားတဲ့ အလုပ်ဖြစ်နေတဲ့အခါ ဇာတ်ကောင်တွေနဲ့အတူ ထပ်မောရပြန်တယ်။ မျှော်မှန်းထားသလို မဟုတ်ဘဲ ကိုယ့်စိတ်နဲ့ ဆန့်ကျင်ဘက် အလုပ်တစ်ခုကို မဖြစ်မနေ လုပ်ရတဲ့အခါ မွန်းကြပ်ပြီး လွတ်မြောက်ချင်သူတွေက အများအပြားပါပဲ။ မခံနိုင်တဲ့အခါ လွတ်မြောက်ရာလမ်းကို ပြေးထွက်ကြရင်း ပြန်လမ်းမဲ့သွားသူတွေလဲ ရှိရဲ့။
    နိုင်ငံရပ်ခြားမှာ တိုင်းတစ်ပါးသားတွေရဲ့ လူလည်ကျမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေက ဒီစာအုပ်ကို ဖတ်နေရင်း ခံပြင်းစရာကောင်းတာကို နားလည်လာပါမယ်။ လည်ရင်လည်သလိုမျိုး မြန်မာနိုင်ငံသားတွေကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာကြပုံဟာ ရင်နာစရာ ကောင်းလှပါတယ်။ နိုင်ငံ အကြီးအသေး ကွာဟပြီး အလုပ်အကိုင် ရှားပါးမှုအရ တက်ဖိခံထားရတဲ့ ဘဝတွေဟာ ပြားချပ်လို့။ လူလူချင်း အမြတ်ထုတ်ကြပုံတွေ၊ လူလူချင်း ချောင်ပိတ်ရိုက်ကြပုံတွေဟာ လူ့အဖွဲ့အစည်းတိုင်းမှာ ဘာမှမဟုတ်သလိုနဲ့ ကြီးထွားလာကြတယ်။ တဖြည်းဖြည်း ပျောက်ဆုံးလာတဲ့ လူသားပီသမှုတွေကို ဒီစာအုပ်ဖတ်နေရင်း ရင်ထဲမှာ ခံစား တွေ့မြင်ရပါလိမ့်မယ်။
    လူသားတိုင်းဟာ ကိုယ့်ဘဝကိုယ်တော့ ကြယ်တစ်ပွင့်လို တောက်ပချင်ကြတာပါပဲ။ မှေးမှိန်နေရာကနေ အနည်းငယ် ထွန်းလင်းမလားရယ်လို့ နိုင်ငံရပ်ခြားကို မျှော်လင့်တကြီး သွားရောက်လုပ်ကိုင်ကြတဲ့အခါ အဲ့ဒီကြယ်တွေ ဘယ်လို ဆက်ဖြစ်ကြမလဲ။ သူတို့အားကိုးမိတဲ့ အရပ်ဒေသကရော တကယ့်ကောင်းကင်မှ ဟုတ်ပါလေစ။ သူတို့ဖြစ်ချင်သလို ထွန်းလင်းတောက်ပခွင့်ရော ရှိလာပါ့မလား။ ဒီစာအုပ်လေးထဲမှာ ကြယ်ကလေးတွေ ဘဝအကြောင်း မနီးမဝေး မြင်ကွင်းအချို့၊ ကြယ်ကလေးတွေ ထွန်းလင်းဖို့ ကြိုးစားပုံ၊ ကြယ်ကလေးတွေရဲ့ယုံကြည်ရာ၊ ကြယ်ကလေးတွေရဲ့ ရုန်းကန်ရမှုတို့ကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ဖတ်ကြည့်ပေးဖို့ တိုက်တွန်းလိုက်ပါရစေ။
    Ks 6,500
  • ကြာညိုနံ့သင်းသော ရေဝတီမ

    ဆရာမြသန်းတင့်​ရေးတဲ့ ​ဆောင်းပါး​တွေကို စုပြီး စာအုပ်​အများအပြား ထုတ်​​ဝေခဲ့ဖူးပြီ ။ အဲဒီ များပြားလှတဲ့ ​ဆောင်းပါး​ပေါင်းစု စာအုပ်​​လေး​တွေ ထဲကမှ ဒီစာစုဟာ ထူးခြားပါတယ်။

    စာ​ပေ ဆိုင်​ရာ ​​ဆောင်းပါး​ အများစုနဲ့ ရုပ်​ပုံလွှာ အဖွဲ့ အချို့ကို စုစည်းထားလို့ ဖြစ်​ပါတယ်​ ။ ကမ္ဘာ့စာ​ပေ မှာ အုတ်​​အော်​​သောင်းတင်း ဖြစ်​ခဲ့တဲ့ စာအုပ်​​ အ​ကြောင်း ၊ ကမ္ဘာ​ကျော်​ စာ​ရေးဆရာ​ တချို့ အ​ကြောင်း ၊ မြန်​မာစာ​ပေ​လောကကို သုံးသပ်​ ​ဝေဖန်​ထားတာ​တွေ ၊ အညတရ ​ကျောင်းဆရာ တစ်​​ယောက်​ရဲ့ ရုပ်​ပုံလွှာအဖွဲ့ ၊ စတာ​တွေပါတဲ့ ​ဆောင်းပါး စုစု​ပေါင်း ( ၁၆ ) ပုဒ်​ကို စုစည်းထားပါတယ်။

    အညှီအ​ဟောက်​ ဝတ္ထုလို့ နာမည်​ကြီး ​တဲ့ “​လေဒီချက်​တာ​လေ၏ ချစ်​သူ ” ဝတ္ထု တရားရုံး အထိ ​ရောက်​သွားတဲ့ အ​ကြောင်း ​ဆောင်းပါးတစ်​ပုဒ်​ နဲ့ စဖွင့်ထားတယ်​။ ညစ်​ညမ်းစာ​ပေ ဆိုတာ ဘယ်​လို စာမျိုးကို ​ခေါ်တာလဲ ။ ဘာ​တွေ ပါ​နေလို့ ညစ်​ညမ်းစာ​ပေ လို့ သတ်​မှတ်​ကြသလဲ။

    ဟိုတစ်​​ခေတ်​မှာ ညစ်​ညမ်းစာ​ပေလို့ သတ်​မှတ်​ထားပြီး အခု​ခေတ်​ ကျမှ ဂန္ထဝင်​စာ​ပေ စာရင်းထဲ ဝင်​သွားတဲ့ စာအုပ်​တအုပ်​က​တော့ အင်္ဂလိပ်​ စာ​ရေးဆရာကြီး ဒီ အိတ်​ချ်​.​လောရင့်ရေးတဲ့ ​လေဒီချက်​တာ​လေ၏ ချစ်​သူ စာအုပ်​ပါ။ ၁၉၂၈ နှစ်​ ဥ​ရောပ မှာပဲ ထုတ်​​ဝေခွင့်ရပြီး ၁၉၆၀ နှစ်​ ကျမှ အင်္ဂလန်​မှာ ထုတ်​ခွင့်ရတဲ့ ​လေဒီချက်​တာ​လေ၏ ချစ်​သူ စာအုပ်​ဟာ တရားစွဲဆိုခြင်းကို ခံရတယ်​ ။ သူ့​ခေတ်​မှာ လှုပ်​လှုပ်​ရှားရှား အဖြစ်​ဆုံး အဲဒီစာအုပ်​ကို ညစ်​ညမ်းစာ​ပေ ဟုတ်​မဟုတ်​ တရားရုံးမှာ ဆုံးဖြတ်​ရတဲ့ အထိပဲ။ တရားလိုနဲ့ တရားခံ နှစ်​ဖက်​စလုံး ရဲ့ ​ရှေ့​နေ​တွေ အပြန်​အလှန်​ ​လျှောက်​လှဲ ​ချေပကြပြီး ​နောက်​ဆုံးမှာ ဂျူရီလူကြီး​တွေက “အပြစ်​မရှိ “လို့ ဆုံးဖြတ်​​ပေးခဲ့တယ်​ ။ အဲဒီ ​လျှောက်​လှဲချက်​​တွေကို “​လေဒီချက်​တာ​လေ၏ ချစ်​သူ တရားခွင်​” ဆိုပြီး စာအုပ်​ ထုတ်​လိုက်​​သေးတယ်​။

    ” ကြာညိုနံ့သင်း​သော ​ရေဝတီမ” ဆိုတဲ့ ​ဆောင်းပါးက .. ပြင်​သစ်​ စာ​ရေးဆရာ ​မော့ပတ်​ဆွန်း အ​ကြောင်း ။ ​မော့ပတ်​ဆွန်း စာအုပ်​​တွေကို အင်္ဂလန်​မှာ ထုတ်​​ဝေခဲ့သူ Frank Harris ​ရေးတဲ့ ​မော့ပတ်​ဆွန်းဘဝ ဇာတ်​သိမ်းခန်း ဟာ တကယ်​ကို ​ကြေကွဲစရာပါ။ ​အောင်​မြင်​ ထင်​ရှားတဲ့ စာ​ရေးဆရာတစ်​​ယောက်​ရဲ့ ကန့်လန့်ကာ ​နောက်​ကွယ်​က ရင်​နင့်စရာ အဖြစ်​​တွေ။

    The Root ဇစ်​မြစ်​ ဝတ္ထုနဲ့ နာမည်​ကြီးလာတဲ့ စာ​ရေးဆရာ Alex Haley ​ကို စာဖတ်​သူ​တွေ သိကြမှာပါ ။ ​ကမ်း​ခြေ​စောင့်တပ်​မှာ ဆယ်​နှစ်​​ကျော်​ အမှုထမ်းခဲ့တယ်​ ။ စာ​ရေးဆရာ လုပ်​မယ်​ဆိုပြီး အလုပ်​ထွက်​လိုက်​တယ်​ ။ ​အောင်​မြင်​တဲ့ စာ​ရေးဆရာဘဝ မ​ရောက်​မီ အဲလက်​စ်​ဟာလီ ရုန်းကန်​ခဲ့ရပုံများကို ဖွင့်ဟထားတဲ့ ​ဆောင်းပါး​လေးပါ။

    စာ​ရေးဆရာ ဖြစ်​ဖို့ ” ​မျှော်​လင့်ချက်​တိုင်းပြည်​ထဲမှာ ​နေရဲတဲ့ သတ္တိရှိ​အောင်​ ၊ ​နေရဲတဲ့ ဖွဲရှိ​အောင်​ လှုံ့​ဆော်​​ပေးတဲ့ အရာက တ​ခုပဲ ရှိတယ်​ ” လို့ သူ ​ပြောခဲ့ပါတယ်​ ။ အဲဒီ ​ဆောင်းပါးက “ငါး​သေတ္တာနှစ်​ဘူးနှင့် အ​ကြွေ ၁၈ဆင့်” “ကြာညိုနံ့သင်း​သော ​ရေဝတီမ ” ထဲက ​ဆောင်းပါး​တွေဟာ နိုင်​ငံတကာ က စာ​ရေးဆရာ​တွေရဲ့ ပုံရိပ်​​တွေ၊ ကမ္ဘာ​ကျော်​ စာအုပ်​​တွေ အ​ကြောင်းနဲ့ မြန်​မာစာ​ပေ​လောကကို သုံးသပ်​ထားတဲ့ ​ဆောင်းပါး​တွေ ဖြစ်​ပါတယ်​။ ​ဆောင်းပါး​ ဆိုတာ​ သုတစာ​ပေ ထဲပါတယ်​ ​ပြောကြ​ပေမဲ့ ရသကိုလည်း ​ပေးနိုင်​စွမ်း​ကြောင်း ဒီစာစု​တွေက သက်​​သေပြလိုက်​ သလိုပဲ ။

    Ks 4,000
  • ကူလီ

    ဆရာကျော်အောင် ရဲ့ ကူလီ ဝတ္ထုဟာ မူရင်းစာရေးဆရာ Mulk Raj Anand ရဲ့ Coolie ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အာနန်ဟာ ဒီစာအုပ်မှာ အိန္ဒိယပြည်က ဗြိတိသျှတို့ရဲ့ ညစ်ညမ်းမှုတွေကို လူအများသိစေရန် ဖွင့်ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယက နာမည်ကျော်ဇာတ်တစ်ခုဖြစ်တဲ့ အထက်အတန်းလွှာနဲ့ အောက်တန်းလွှာတို့ရဲ့ လူတန်းစားခြားနားမှုကိုလည်း သေချာဖော်ပြ‌ထားတယ်။ အောက်ခြေလူတန်းစားတစ်ရပ်ရဲ့ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပုံကို မူရင်းစာရေးဆရာက ဆင်းရဲသားတို့ဘက်ကနေ ရပ်တည်ရေးဖွဲ့ထားတာ ကူလီ မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။
    ” ဟိုအကောင်ကြီးက ဘာကောင်လဲ ဦးလေး ”
    ဒါဟာ ကူလီ စာအုပ်ထဲက ဇာတ်ကောင် မူနူးလေး ရှန်နဂါမြို့ထဲ ဝင်ဝင်ချင်း သူ့ဦးလေးဖြစ်သူကို မေးလိုက်တဲ့ မေးခွန်းပါ။ ဒီမေးခွန်း‌လေးဟာ မီးရထားကိုတောင် မမြင်ဖူးတဲ့ အောက်ဆုံးအလွှာရဲ့ ဘဝအနေအထားကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဓာတ်စက်ကိုမြင်‌တော့လည်း သေတ္တာထဲ လူဝင်ပြီး သီချင်းဆိုတယ်လို့ ထင်နေတဲ့ ဆင်းရဲသားလေး မူနူး။ ရှန်နဂါမှာ သူရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေဟာ ဘာတွေဖြစ်မလဲ။ ဘယ်လိုလူမျိုးတွေနဲ့ရော တွေ့ဆုံရမှာလဲ။
    နွားကျောင်းသားလေးဘဝကနေ၊ အိမ်စေခံ၊ စက်ရုံအလုပ်သမား စသဖြင့် ထမင်းနပ်မှန်ရေးအတွက် အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရတဲ့ မူနူးရဲ့စိတ်ခံစားချက်တွေ၊ ပင်ပန်းဆင်းရဲရပုံတွေကို စာရေးဆရာ အာနန်က ဒီစာအုပ်မှာ ထိထိမိမိ ရေးဖွဲ့ထားတယ်။ ကူလီဝတ္ထုကို ဖတ်နေရင်း အထက်တန်းလွှာတွေရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မြင်တွေ့တဲ့အခါ မူနူးနဲ့ ထပ်တူ ခံပြင်းမိစေမှာ အမှန်ပါပဲ။ အိန္ဒိယပြည်က နယ်ချဲ့စနစ်ရဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကိုလည်း ဒီစာအုပ်ထဲမှာမြင်တွေ့ရပါလိမ့်မယ်။ မရှိဆင်းရဲသား လူတန်းစားတစ်ရပ်မှာ ကလေးလုပ်သားတွေ ပေါများပြီး ဒုက္ခခံနေရတာကိုလည်း ဖတ်နေရင်း ခံစားနားလည်မိပါတယ်။ တကယ်တမ်းတော့ လူ့လောကကြီးမှာ လူတန်းစားနှစ်ရပ်ပဲ ရှိတယ်တဲ့။ အဲ့ဒါဟာ အထက်တန်းလွှာနဲ့ အောက်တန်းလွှာပါပဲ။ ဘယ်လောက်ထိ ကွဲပြားခြားနားလဲ သိချင်ရင်တော့ ဆရာကျော်အောင် ဘာသာပြန်ထားတဲ့ ကူလီ ဝတ္ထုကိုသာ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။

    Ks 20,000

    ကူလီ

    Ks 20,000
  • ကောင်းမွန်သော လုပ်ငန်းခွင်

    အလုပ်လုပ်နေရင်းနဲ့ အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ? ငါက ဘာကြောင့် အလုပ်လုပ်နေရတာလဲ? အခုလုပ်နေတဲ့အလုပ်က ငါ့ကို ကျေနပ်မှု ပေးနိုင်ရဲ့လား? ဆိုတဲ့ မေးခွန်းတွေကို မေးမိပြီ ဆိုရင် ဒီစာအုပ်က မိတ်ဆွေအတွက်ပါပဲ။

    ကမ္ဘာကြီးကို အုပ်စိုးနေတာ ဘောဂဗေဒပညာရှင်တွေနဲ့ နိုင်ငံရေးဒဿနပညာရှင်တွေရဲ့ အိုင်ဒီယာတွေလို့ ဒီစာအုပ်ရဲ့ အစမှာပဲ ဖတ်ရမယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ သူတို့ရဲ့ အိုင်ဒီယာတွေဟာ လူတွေနားလည်ထားတာထက် အများကြီးပိုပြီး သက်ရောက်မှုရှိနေလို့ပါတဲ့။ ဒါဆို Barry Schwartz ရဲ့ Why We Work ကို ဆရာထင်ဇော်မှူးသင်က ကောင်းမွန်သောလုပ်ငန်းခွင် အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ ဒီစာအုပ်မှာ လူတွေဘာကြောင့် အလုပ်လုပ်ကြတယ်၊ အလုပ်လုပ်ဖို့ ဘယ်လိုအရာတွေက သူတို့ကို လှုံ့ဆော်ပေးတယ်၊ လွှမ်းမိုးခံထားရတဲ့ အိုင်ဒီယာတွေရဲ့ အပြင်ဘက်ကို ထွက်ဖို့ ဘယ်လိုစတင်ရမယ် ဆိုတဲ့အရာတွေကို စနစ်တကျ လေ့လာဆန်းစစ်ထားတာ ဖတ်ရှုရပါမယ်။

    လူတွေ အလုပ်လုပ်ကြတယ် ဆိုတာ ငွေရဖို့ အဓိကလို့ ဆိုရင် သိပ်တော့ မလွဲပါဘူး။ ဒါပေမဲ့ ငွေရတဲ့ လုပ်ငန်းခွင်တိုင်းက စိတ်ကျေနပ်စရာ ကောင်းပါရဲ့လား? ဒါဆို စိတ်ကျေနပ်စရာ ငွေကြောင့် မဟုတ်တဲ့ တခြားအကြောင်းရင်းတွေကို လိုက်လံဖွေရှာရင် မနည်းမနောပဲ ဆိုတာ သိနိုင်ပါမယ်။ ဒီအကြောင်းက စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။

    စိတ်ကျေနပ်မှုရတဲ့ ဝန်ထမ်းဆိုတာ –
    (၁) အလုပ်ထဲမှာ စိတ်ဝင်စားမှု ရှိကြတယ်။
    (၂) အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်။
    (၃) အလုပ်ထဲမှာ ကြီးစိုးခွင့်ရတယ်။
    (၄) လုပ်ပိုင်ခွင့်ကို အသုံးချပြီး အခြားပိုင်ဆိုင်ခွင့်တွေ ဖန်တီးနိုင်တယ်။
    (၅) အလုပ်ဟာ အဓိပ္ပာယ်ပြည့်ဝတယ်လို့ ခံယူပြီး ကမ္ဘာကြီးအတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်စေမယ်လို့တောင် ယုံကြည်တယ်။

    ဟုတ်ပြီ … ဒါဆို မေးစရာ ရှိလာပါပြီ။ အဲ့ဒီလက္ခဏာတွေ အကုန်လုံးရှိတဲ့ အလုပ်အကိုင်မျိုးက ဘယ်မှာလဲ?

    ယနေ့ကမ္ဘာမှာ လူအများစုအတွက် အလုပ်ဆိုတာ ပျင်းစရာကောင်းနေကြပါတယ်။ အရင်းရှင်စနစ် ထွန်းကားလာတဲ့အခါ အလုပ်ကနေရနိုင်တဲ့ (ရုပ်ဝတ္ထုပစ္စည်း မဟုတ်တဲ့) အခြားသော စိတ်ကျေနပ်စရာတွေဟာ နည်းပါးလာပါတယ်။ ပျောက်ကွယ်သွားတာတွေတောင် ရှိပါတယ်။ အခြေခံ လစာဝန်ထမ်းအများစုဟာ လခအတွက်ကိုပဲ ဦးစားပေးပြီး အလုပ်လုပ်နေကြတယ်။ သူတို့တွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့အလုပ်မျိုး၊ စိန်ခေါ်မှုရှိတဲ့အလုပ်မျိုး၊ ကိုယ့်လက်ကိုယ်ခြေ လုပ်ခွင့်ရတဲ့အလုပ်မျိုးတွေ ရှာဖွေခဲ့ကြမှာပါ။ ဒါပေမဲ့ သူတို့ကို လစာအတွက် အလုပ်လုပ်ရမဲ့ လုပ်ငန်းခွင်က အနိုင်ယူသွားပါတယ်။

    မိတ်ဆွေအနေနဲ့ကော လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ်နဲ့ အဆင်ပြေရဲ့လား (သို့) စိတ်ကျေနပ်ပျော်ရွှင်ရဲ့လား … အလုပ်က မှန်းချက်နဲ့ နှမ်းထွက် ကိုက်မနေဘူးလို့ ယူဆရင် ဒီစာအုပ်ဟာ အဲ့မေးခွန်းအတွက် အဖြေဖြစ်လာပါလိမ့်မယ်။

    Ks 6,500
  • ချက်ကော့ဝတ္တုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။

    နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

    Ks 17,000
  • ချက်ကော့ဝတ္ထုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။ နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

    Ks 5,000
  • ချစ်ခရီးလမ်းတစ်လျှောက်ဝယ်

    ဆရာကျော်အောင်ဟာ ဘဝတစ်လျှောက်လုံး ပင်ကိုရေးနဲ့ ဘာသာပြန် စာပေလက်ရာကောင်းများစွာ ပြုစုသွားခဲ့ပါတယ်။ ဆရာ့ရဲ့ ဘာသာပြန်စာအုပ်များဟာ လူကြိုက်များသလို ပင်ကိုရေးစာအုပ်များကိုလဲ စာဖတ်သူတို့ နှစ်ခြိုက်အားပေးကြတယ် ။ ထွက်ရှိပြီးတဲ့ အချိန်ကာလတွေ ကြာမြင့်ပြီ ဖြစ်သော်လဲ ဆရာ့စာအုပ်များကို ပြန်လည်ရိုက်နှိပ်ထုတ်ဝေတာကို စာဖတ်ပရိသတ်များ မက်မောစွာ ဖတ်ရှုလျက် ရှိပါတယ်။ ယခု စာအုပ် ‘ချစ်ခရီးလမ်းတစ်လျှောက်ဝယ်’ ဟာ ရုပ်ရှင်ကို ပြန်လည်ခံစားပြီး အသက်သွင်းထားတဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဆရာကျော်အောင်ရဲ့ လက်ရာကောင်း ပင်ကိုရေးစာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဆရာကျော်အောင်ဟာ ရုပ်ရှင်တကားမှာလို နေရာရှုခင်းတွေကို ထင်သာမြင်သာရှိအောင် အဖွဲ့အနွဲ့တွေနဲ့ ပေါင်းစပ်ပြီး စာဖတ်သူတို့ရဲ့ မျက်လုံးထဲ မြင်ယောင်လာသည်အထိ ရေးဖွဲ့ထားပါတယ်။
    ဒီစာအုပ်ကလေးထဲမှာ ခင်မမနဲ့ ဦးဘချစ်တို့ရဲ့ ပွင့်လင်းပြီး ချစ်စရာကောင်းတဲ့ မြေးအဘိုး သံယောဇဥ်လေးကို တွေ့ရပါမယ်။ ဟိုးယခင်က ရန်ကုန်တက္ကသိုလ်ရဲ့ အငွေ့အသက်လေးတွေ၊ စာကြည့်တိုက်တစ်ခုရဲ့ ပုံရိပ်ကလေးတွေကို ဖတ်နေရင်းပဲ လွမ်းမောသွားစေတဲ့ စာအုပ်ကလေးပါ။ ခင်မမနဲ့ ကိုမျိုးအောင်ရဲ့ မေတ္တာဇာတ်လမ်းကို ဖတ်ရှုရတာဟာ အရင်ခေတ်တစ်ခေတ်က ရုပ်ရှင်ဇာတ်ဝင်ခန်းတွေကို ကွက်ကွက်ကွင်းကွင်း ကြည့်နေရသလို ခံစားရစေမှာ အမှန်ပါပဲ။ ဦးဘချစ်ရဲ့ လူငယ်တွေနဲ့ သဟဇာတဖြစ်ပုံလေးကိုလဲ ဖတ်ကြည့်နေရင်းပဲ ပြုံးမိစေမှာပါ။ ခင်မမတို့ရဲ့ အိမ်ထောင်ဦးအစမှာ အိမ်အကူတွေခေါ်ရင်း တွေ့ကြုံရတဲ့ အလွဲလေးတွေကလည်း စာဖတ်သူကို မပျင်းမရိ ဆွဲခေါ်သွားပါလိမ့်မယ်။
    အဘိုးရဲ့ ချစ်ခင် အလိုလိုက်ခြင်းခံရလို့ ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင် ကြီးပြင်းခဲ့ရတဲ့ ခင်မမတစ်ယောက် … အချစ်နဲ့ထိတွေ့လာတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ ကိုမျိုးအောင်ကရော ဘဝတလျှောက်လုံး နားလည်ခွင့်လွှတ်ပြီး ခရီးဆုံးထိ ချစ်မြတ်နိုးသွားပါ့မလား ဆိုတာကို ချစ်ခရီးလမ်းတစ်လျှောက်ဝယ် ဝတ္ထုမှာ ဆရာကျော်အောင်က လှလှပပလေး ရေးသားတင်ပြခဲ့ပါတယ်။ ဆရာကျော်အောင်ရဲ့ အခြားပင်ကိုရေးဝတ္ထုများလိုပဲ စာဖတ်သူတို့ နှစ်သက်သဘောကျကြဦးမယ့် စာအုပ်လေးတစ်အုပ်လဲ ဖြစ်ပါတယ်။
    Ks 7,500
  • ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ

    ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ခေတ်စနစ်တစ်ခုအပေါ် အ‌ခြေခံပြီး ကွဲပြားခြားနားသွားသည့် လူ့သဘော လူ့စရိုက်သဘာဝကို ဖော်ပြထားသည်။
    အခြေခံအုတ်မြစ်ဖြစ်သော တောင်သူလယ်သမားတို့၏ ချွေးစက်များကို တန်ဖိုးထား ကာကွယ်လိုသောစိတ်၊ တောသူတောင်သားတို့အပေါ် ငဲ့ညှာထောက်ထားစေလိုသော စိတ်ရင်းစေတနာတို့ကို ဤဝတ္ထုတွင် စာရေးဆရာ ပုံဖော်ထားသည်ကို တွေ့မြင်ရပေမည်။
    အညာကျေးလက်ဒေသ၏ သာယာအေးချမ်းသော ရှုမျှော်ခင်းအချို့ကို ဖတ်ရှုနေရင်း လိုက်ပါမြင်ယောင် ခံစားစေအောင်လည်း ရေးဖွဲ့သည်။ အညာဒေသ၏ လတ်ဆတ်သော လေကောင်းလေသန့်ကို ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုတွင် ရှူရှိုက်မိစေမည်။ ယာတောသူလေးများ၏ သာယာနာပျော်ဖွယ် တေးသီချင်းသံတို့ကိုလည်း ကြားရမိပြန်မည် ဖြစ်သည်။
    ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ယခင်တစ်ချိန်က ရှိခဲ့ဖူးသည့် ခေတ်ကာလတစ်ရပ်ကို ထင်ဟပ်စေသည့် စာကောင်းတစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထုထဲတွင် ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်သော စိတ်နှလုံးသားတို့ များစွာ ဖူးပွင့်လျက်ရှိပေသည်။
    Ks 6,000

Main Menu