ထင်ဇော်မှူးသင်
အမည်ရင်းမှာ ကျော်စိုးမိုးနိုင်ဖြစ်သည်။ အဖ ဦးနေမျိုးနိုင်၊ အမိ ဒေါ်ဘေဘီတို့မှ ၁၄-၁၁-၁၉၈၃ခုနှစ်တွင် မွေးဖွားခဲ့ပြီး မွေးချင်းသုံးယောက် အနက် အကြီးဆုံးဖြစ်သည်။ M.B.,B.S ဘွဲ့ကို ၂၀ဝ၇ခုနှစ်တွင် ဆေး တက္ကသိုလ်(၂)မှ ရရှိခဲ့သည်။
ဘွဲ့ရရှိပြီးနောက် ဂျီပီဆေးခန်းတွင် နှစ်နှစ်ခန့်၊ ဇီဝိဒါနသံဃာ့ဆေးရုံတွင် တစ်နှစ်ခန့်၊ ပန်းလှိုင်ဆေးရုံတွင် တစ်နှစ်ကျော် လုပ်ကိုင်ခဲ့ပြီး မလေးရှားနိုင်ငံ University Malaya Medical Centre, Transfusion Medicine ဌာနတွင် ငါးနှစ်ကြာ အလုပ်လုပ်ခဲ့သည်။
ထင်ဇော်မှူးသင်နာမည်ဖြင့် သုတပဒေသာ အပါအဝင် ဂျာနယ်နှင့် မဂ္ဂဇင်းအချို့တို့တွင် ရေးသားခဲ့ဖူးသည်။ ဒေါက်တာကျော်စိုးမိုးနိုင်၊ ဒေါက်တာ KSMN နာမည်များဖြင့်လည်း ကျန်းမာရေးဆိုင်ရာဆောင်းပါးများ ကို ရေးသားခဲ့ဖူးသည်။
လက်ရှိတွင် စာပေရေးသားခြင်း၊ သွေးလှူဒါန်းပွဲများတွင် လုပ်အား ပေးခြင်းများ လုပ်ကိုင်လျက်ရှိပါသည်။