သဲဆုမွန်
အမည်ရင်းမှာ သဲဆုမွန်ဖြစ်ပြီး အဘဦးကြည်တင်နှင့် အမိဒေါ်ဆင့်ဆင့်နိုင်တို့မှ (၁၁.၁၀.၁၉၈၅) ခုနှစ်တွင် ရန်ကုန်မြို့၌မွေးဖွားခဲ့သည်။
၂၀၀၁ခုနှစ်တွင်အထက(၆) ရွှေပေါက်ကံမှ တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်ခဲ့ပြီး ၂၀၀၄ခုနှစ်တွင် ဒဂုံတက္ကသိုလ်မှ ရုက္ခဗေဒဘာသာရပ်ဖြင့် သိပ္ပံဘွဲ့ကိုရရှိခဲ့ပါသည်။
၂၀၀၃ခုနှစ်ဒီဇင်ဘာလထုတ် မှုခင်းရှုထောင့်မဂ္ဂဇင်းတွင် သဲနုဧ ကလောင်အမည်ဖြင် ဝတ္ထုတိုစတင်ရေးသားခဲ့သည်။
ထို့နောက် ဧကံသဂျာနယ်တွင် အမည်ရင်းသဲဆုမွန်ဖြင့် ကဗျာနှင့်ဝတ္ထုတိုလေးများ အပတ်စဥ်ရေးသားခဲ့ပါသည်။
၂၀၁၅ခုနှစ်တွင် ပထမဆုံးအနေဖြင့် ဝတ္ထုတိုစုစည်းမှု စာအုပ်လေးကို ရန်အောင်စာပေ၂မှ " ပိတ်စအရုပ်မလေးများ " အမည်ဖြင့် ထွက်ရှိခဲ့ပါသည်။
၂၀၂၁ခုနှစ်တွင် ဆန်းစသော်တာစာပေတိုက်မှ "ကြေးကွမ်းအစ်ကလေး"ဝတ္ထုတိုစုစည်းမှုအား ဒုတိယမြောက် ထွက်ရှိခဲ့ပါသည်။ ထို့နောက် ဥဒါန်းသစ်မဂ္ဂဇင်းတွင်လည်း ဝတ္ထုတိုလေးများ ရေးသားခဲ့ပါသည်။
၂၀၂၄ခုနှစ်တွင် ပထမဆုံးလုံးချင်း၀တ္ထုအဖြစ် " ဘာလစ်ကမ်ပုန်း" စာအုပ်ကို လမ်းပြကြယ်စာပေမှ၎င်း၊ ဒုတိယမြောက်လုံးချင်း " တွဲနံပါတ် ၈ "ကို မြဝတ်ချိုစာပေတို့မှ၎င်း၊ တတိယမြောက်လုံးချင်း " အတိတ်၏အခြားတစ်ဖက်မှာ "ကို မဟာစာပေမှ ထွက်ရှိပါသည်။
၂၀၂၅ခုနှစ်တွင် စတ္တုတ္ထမြောက်လုံးချင်းဖြစ်သော " ဟားရီ "စာအုပ်လေးကိုလည်း မဟာစာပေမှပင် ဆက်လက်ထွက်ရှိထားပါသည်။
ဆက်လက်ပြီး ရသစာပေလေးများ ဖန်တီးနိုင်ရန် ကြိုးစားအားထုတ်နေပါဦးမည်။