"ဒေါ်လာတစ်ထောင်၊ ဓားတစ်ချောင်းနဲ့ သင်္ဘောပေါ်ကလူသ၊တ်မှု" ဆိုတဲ့ စာအုပ်က ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး ရင်ဖိုတထိတ်ထိတ်နဲ့ ဖတ်သွားရမဲ့ သည်းထိပ်ရင်ဖို ဝတ္ထုတစ်အုပ်ပါ။ စာရေးသူ ဆရာအေထူးအောင် (အဏ္ဏဝါ) ကိုယ်တိုင်က သင်္ဘောသားတို့ရဲ့ ဘဝကို ကျွမ်းကျင်နှံ့စပ်သူ ဖြစ်တာမလို့ သင်္ဘောပေါ်က အသုံးအနှုန်းတွေ၊ သင်္ဘောသားတွေရဲ့ နေထိုင်ပြုမူပုံနဲ့ အကျင့်စရိုက်တွေကို သေချာပုံဖော် ရေးသားထားတာဟာ အင်မတန် သဘာဝကျပြီး စာဖတ်သူကို ဇာတ်လမ်းထဲ အစကနေ အဆုံးထိ ဆွဲခေါ်သွားမှာပါ။
ပင်လယ်ပြင်ထက်က သင်္ဘောတစ်စင်းပေါ်မှာ ဒေါ်လာတစ်ထောင် ပျောက်ဆုံးသွားတာကနေ ဒီဇာတ်လမ်းကို စတင်ဖတ်ရှုရပါမယ်။ ငွေကြေးပျောက်ဆုံးသွားမှု တစ်ခုကနေစပြီး သင်္ဘောပေါ်က လူအနည်းစုကြားမှာ တစ်ယောက်နဲ့တစ်ယောက် သံသယမီးပွားတွေ တောက်လောင်လာကြပါတယ်။ ကိုယ်စီ ဖုံးကွယ်ချင်တဲ့ အရာတွေနဲ့ ထိန်းသိမ်းချင်တဲ့ နေရာတွေအတွက် ရိုးရိုးရှင်းရှင်း ပျောက်ဆုံးမှုကနေ အပြန်အလှန် ချောက်တွန်းတာတွေ၊ အမှန်တရားကို ဖုံးကွယ်တာတွေ ဖြစ်လာရာကနေ နောက်ဆုံးမှာ မဖြစ်သင့်တဲ့ လူသ၊တ်မှု ဖြစ်တဲ့အထိ အရှိန်မြင့်တက်သွားခဲ့တာပါ။
တစ်လှေတည်းစီး၊ တစ်အိုးတည်းစားပြီး တစ်ခရီးတည်း အတူသွားနေကြတဲ့ အသိုင်းအဝိုင်းထဲမှာ လောဘနဲ့ အတ္တတွေ ရှေ့တန်းရောက်လာတဲ့အခါ လူတွေရဲ့ စရိုက်အမှန်နဲ့ ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးတွေ ကွာကျလာတတ်ပါတယ်။ ဒါ့အပြင် မိမိကိုယ်ကို ကာကွယ်လိုတဲ့ အတ္တစိတ်နဲ့ လွန်ကဲတဲ့ ကြောက်ရွံ့မှုတွေက သာမန်အသိဉာဏ်နဲ့ စာနာစိတ်ကို ဘယ်လို ဝါးမြိုသွားလဲ၊ အပြစ်မဲ့သူတွေကို ဘယ်လို စွပ်စွဲမိပြီး ပိုမိုဆိုးရွားတဲ့ အမှားတွေကို ထပ်ဆင့် ကျူးလွန်မိတတ်ကြလဲဆိုတာကိုလည်း သေချာ တွေးတောမိအောင် စာရေးဆရာက ထိထိမိမိ ရေးဖွဲ့ပြထားပါတယ်။
ဒီဝတ္ထုဟာ သာမန် ပဟေဠိဖော်ထုတ်တဲ့ ဝတ္ထုတစ်အုပ်ထက် ပိုလွန်နေပြီး ငွေကြေးနဲ့ လောဘကြောင့် လူတွေရဲ့ စိတ်ဓာတ် ယိုယွင်းပျက်စီးသွားပုံ၊ ဥပဒေမဲ့ စုံစမ်းမှုတွေကြောင့် ပေါ်လာတဲ့ ပုဂ္ဂိုလ်ရေး အငြိုးအတေးတွေနဲ့ စိတ္တဇ ပဟေဠိတွေ၊ စိတ်အတွင်းပိုင်းမှာရှိတဲ့ ကြောက်ရွံ့မှု၊ လောဘတဏှာ၊ အတ္တကြီးတဲ့ထိန်းသိန်းလိုမှုတွေကို ထိထိရောက်ရောက် မီးမောင်းထိုးပြထားပါတယ်။ ဒါကြောင့် "ဒေါ်လာတစ်ထောင်၊ ဓားတစ်ချောင်းနဲ့ သင်္ဘောပေါ်ကလူသ၊တ်မှု" ဟာ ပင်လယ်ပြင်ပတ်ဝန်းကျင်က သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေ ကြိုက်နှစ်သက်သူတွေအတွက် မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်လို့ ဆိုလိုက်ပါရစေ ...
သစ္စာတော်ခံ လေးကျိပ်ခုနှစ်ယောက်
ထင်ဇော်မှူးသင်
Ks 16,000




