-
ရေမွှေး
လင်းခန့်ယဉ်ကျေးမှုရှိတယ်၊ အဆင့်အတန်းရှိတယ်ဆိုတဲ့ လောကကြီးမှာ “ရေမွှေး” ဟာ မပါမဖြစ်ပဲ။ ဈေးနှုန်း အသင့်အတင့်ရှိတဲ့ နှင်းဆီ၊ စံပယ်၊ သနပ်ခါးရနံ့ ရေမွှေးတွေရှိသလို၊ ဈေးကြီးတဲ့ ရေမွှေးတွေကို နာမည်ကြီး ဧည့်ခံပွဲတွေမှာ အပြိုင်အဆိုင် ဆွတ်ဖျန်းကြပါတယ်။ ကိုယ့်အနား ရောက်လာတဲ့ သူတွေကို စိတ်ပျက်စရာ အနံ့ဆိုး မရစေချင်ကြဘူးလေ။
ရေမွှေးကို စတင်တွေ့ရှိခြင်းဟာ ဂရိလူမျိုးတွေ ရှာဖွေတွေ့ရှိခဲ့တဲ့ စပျစ်သီးကနေ ဝိုင်အရက် ဖြစ်လာပုံ၊ ဂရိလူမျိုးတို့ ဖေါ်ထုတ်ခဲ့တဲ့ ဂျီသြမေတြီပညာ တို့လိုပဲ လူသားမျိုးနွယ်အတွက် အကြီးမြတ်ဆုံး အောင်မြင်မှု တစ်ခုဖြစ်တယ်။ အဲဒီလို ရေမွှေးတွေထဲကမှ လူရဲ့ စိတ်နှလုံးကို တစ်ခါတည်း သိမ်းကျုံး ယူငင်သွားနိုင်တဲ့ ရေမွှေး တစ်မျိုးကို ဖော်စပ်ဖို့ အနံ့ပညာရှင် တစ်ယောက်က ကြိုးစားနေတယ်ဆိုရင် ယုံနိုင်ပါ့မလား။
သူကတော့ ၁၈ရာစုနှစ်၊ ပြင်သစ်ပြည်၊ ပဲရစ်မြို့ ငါးစိမ်းသည် အမေက မလိုဘဲ မွေးလာတဲ့သူ၊ နို့ထိမ်း အမျိုးသမီးတွေရဲ့ မေတ္တာကို မရရှိခဲ့သူ ဂန်နွီ ပါပဲ။ သားရေနယ် အလုပ်သမားအဖြစ် ဆင်းရဲပင်ပန်းစွာ အသက်မွေးခဲ့ရပြီး နောက်တော့ ဂန်နွီက ရနံ့တို့ရဲ့ ဖန်ဆင်းရှင် တစ်ယောက်လည်း ဖြစ်လာပါတယ်။
နူးညံ့သော၊ အစွမ်းထက်သော၊ တည်ငြိမ်သော၊ ခံစားချက် အမျိုးမျိုး ပေးစွမ်းနိုင်သော၊ စိတ်အာရုံကို ကိုင်လှုပ်နိုင်သော၊ ငြင်းရက်စရာမရှိသည့် အလှတရားတို့ဖြင့် ထုံမွမ်းနေသော ရေမွှေးနံ့တစ်ခုကို ဂန်နွီဟာ ကောင်းကောင်းကြီး ဖန်တီးနိုင်ပါတယ်။ဂန်နွီရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ဟာ အရာအားလုံးရဲ့ အနံ့ကို ပိုင်ဆိုင်လိုခြင်းနှင့် အနံ့အသစ်များကို ဖန်တီးလိုခြင်းပင် ဖြစ်ပါတယ်။ မကောင်းမှုများ၊ အလှတရားများကို မမြင်ချင်ရင် မျက်စိမှိတ်ထားနိုင်၏။ အမင်္ဂလာ စကားများ၊ ဂီတသံစဉ်များကို မကြားလိုလျှင် နားပိတ်ထားလို့ ရသေးတယ်။ အနံ့ ကိုတော့ မရှူလို့မရ။ အသက်ရှူသည်နှင့် အနံ့ပါ ရောယှက်ပါသွားသည် မဟုတ်လား။
အဲဒီ လျှို့ဝှက်ချက်ကို သိသွားတာနဲ့ အနံ့ပညာရှင် ဂန်နွီဟာ ကြီးကျယ် ခမ်းနားတဲ့ ရေမွှေးတစ်မျိုး ကို ဖေါ်စပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီ ရေမွှေး အနံ့ကို ရလိုက်တဲ့ လူသားတစ်ယောက်ဟာ အသိတွေ၊ သတိတွေ လွတ်သွားမယ်။ အဲဒီ ရနံ့က နှလုံးသားထဲ တိုက်ရိုက် ရောက်ပြီး အချစ်၊ အမုန်း၊ အလိုရမ္မက်၊ စက်ဆုပ်ခြင်း၊ ဂရုဏာ၊ ဒေါသ စတဲ့ အကောင်း အဆိုး ခံစားမှုတွေကို သူ လိုရာ ထိန်းချုပ်နိုင်အောင် အစွမ်းထက်မယ်ဆိုပဲ။
ရှာမှရှားတဲ့ အနံ့ပညာရှင် ဂန်နွီ လိုချင်တဲ့ ရေမွှေး ဖေါ်စပ်လို့ ရသွားမလား။ သူ့ရဲ့ ရေမွှေး ကုန်ကြမ်းက ဘာဖြစ်မလဲ ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ မူရင်းစာအုပ်ကို ၁၉၈၅ ခုနှစ် ဂျာမဏီမှာ ထုတ်ဝေခဲ့ပါတယ်။ နှစ်ဆယ်ရာစုအတွင်း ရောင်းအား အကောင်းဆုံး ဂျာမန်စာအုပ်ထဲမှ တစ်အုပ် ဖြစ်ခဲ့တယ်။ အင်္ဂလိပ် ဘာသာပြန်ကိုတော့ ၁၉၈၇ မှာ ထုတ်ဝေခဲ့ပါတယ်။ ဘာသာပေါင်း ၄၉ မျိုး ပြန်ဆိုခဲ့ကြပါတယ် ။ ရုပ်ရှင်အဖြစ် ၂၀ဝ၆ မှာ ရိုက်ကူးခဲ့ပြီး အောင်မြင်မှုရခဲ့ပါတယ်
Ks 6,000ရေမွှေး
Ks 6,000 -
ဗမာ့ဟယ်လင်
ဝင်းငြိမ်းဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်တွေ အုပ်စိုးထားတဲ့ မြန်မာပြည်ကို ဂျပန်တွေက လေယဉ်ပျံတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် စစ်ပွဲကို စတင် ဆင်နွဲခဲ့တယ်။ နောက် ၂နှစ်လောက် ကြာတော့ မဟာမိတ်တပ်တွေက မြန်မာပြည်ကို ဗုံးတွေ လာကြဲကြပြန်တယ်။ ဗုံးတွေ အပြင်းအထန် ကြဲချခံနေရတဲ့ တောင်ကြီး၊ မေမြို့ (ပြင်ဦးလွင်) ဒေသတွေမှာ ဂျပန်ခေတ်အတွင်း မိန်းမသားတယောက်ရဲ့ အတွေ့အကြုံ တွေဟာ တော်ရုံလူ သွေးပျက်စရာပါ။ ပြီးတော့ သူကလည်း မြန်မာပြည်ဖွားဆိုပေမဲ့ လူဖြူ အမျိုးသမီး တယောက် ဖြစ်နေတယ်။ လူဖြူအမျိုးသမီး ဖြစ်နေတာကြောင့် ဂျပန်တွေက ဟယ်လင့် ရုပ်ရည်ကြည့်ပြီး သူလျှို လို့ စွတ်စွဲကာ ခဏခဏ ဖမ်းစီး နှိပ်စက်ခြင်းကိုလည်း ခံခဲ့ရရှာတယ်။ ချန်ကေရှိတ်ရဲ့ ဆိုးဝါးလှတဲ့ တရုတ်စစ်သားတွေ ၊ ရက်စက် ကြမ်းကြုတ်တဲ့ ဂျပန်စစ်သားတွေ၊ တောမီးလောင်မှ လက်ခမောင်း ထခတ်တဲ့ တောကြောင်တွေရဲ့ ရန်အသွယ်သွယ်ကို ကျော်ဖြတ်ခဲ့တဲ့ လူစွမ်းကောင်း သူနာပြု မိန်းမပျိုတစ်ဦး မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ သူကတော့ ဟယ်လင် ရိုဒရီဂတ်စ် ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည် ကိုပါ ဟယ်လင် တွေ့ကြုံခဲ့ဖူးတယ်။ အဖေက ပေါ်တူဂီလူမျိုး ဆရာဝန်ကြီး၊ အမေက စကော့ အမျိူးသမီး သူနာပြု တို့ရဲ့ သမီး ဟယ်လင်ဟာ မျိုးရိုးစဉ်လိုက် လူနာတွေကို ပြုစုစောင့်ရှောက်တဲ့ လုပ်ငန်းကိုပဲ စိတ်ပါဝင်စားတယ်။ သူ့အဖေ ဆရာဝန်ကြီးကလည်း တောင်ကြီးမှာ မြေဝယ် အိမ်ဆောက်ပြီး အခြေချနေခဲ့တာ ကြာပြီ။ မြန်မာ့ ရေမြေကို ချစ်မြတ်နိုးတဲ့ အဖေက မွေးလာတော့ မြန်မာပြည်သား လူနာများစွာကို စောင့်ရှောက်ရနေရတာကို ကျေနပ်နေတဲ့ ဟယ်လင် ပါ။ ဟယ်လင်ဟာ လူနာတွေကို ဘယ်တော့မှ စွန့်ခွာသွားမယ့် လူမျိုး မဟုတ်ပါဘူး။ ဒါကြောင့်လည်း ဂျပန်ခေတ် တစ်ခုလုံး ဆိုးဝါးတဲ့ အတွေ့အကြုံ တွေ အမျိုးမျိုး ကြုံတွေခဲ့ရတာပေါ့။ အမေနဲ့ ညီမဖြစ်သူတို့ အိန္ဒိယကို ထွက်ပြေးသွားချိန်မှာ လူနာတွေအတွက် သူ တောင်ကြီးဆေးရုံ မှာ နေရစ်ခဲ့တယ်။ သူဟာ ရှားမှ ရှားတဲ့ အမျိုးသမီး သူနာပြုတယောက်။ လူနာတွေကို ဘယ်တော့မှ မျက်နှာလွဲ ခဲပစ် မထားခဲ့ရက်နိုင်ဘူး။ ဂျပန်တွေရဲ့ ထိုးစစ် ပြင်းထန်လွန်းတာကြောင့် အခွင့်ထူးခံ လူတန်းစား အနည်းငယ်ကလွဲရင် ကျန်တဲ့ အင်္ဂလိပ်လူမျိူး အရာရှိ အရာခံ ဝန်ထမ်းတွေ၊ အရပ်သား နိုင်ငံခြားသားတွေနဲ့ သူတို့ မိသားစုဝင်တွေဟာ တောလမ်းခရီးလမ်းကြောင်းအမျိုးမျိုးကနေ အိန္ဒိယ ထဲကို ဝင်ဖို့ ကြိုးစားကြတယ်။ တောင်ကြီးဆေးရုံ က မျက်နှာဖြူ ဆေးရုံအုပ်တွေ၊ လူကြီးတွေ ဂျပန် မဝင်ခင် ပြေးသွားကြတဲ့ အချိန်မှာ ဟယ်လင် ရိုဒရီဂတ်စ် ဆိုတဲ့ သူနာပြု တယောက်က သူ့ လူနာတွေ အတွက် စိုးရိမ်လို့ ကိုယ်လွတ်ရုန်းမပြေးခဲ့ရှာဘူး။ လူကောင်သေးသေး အပျိုအရွယ်လေးပေမဲ့ ဇွဲသတ္တိ အပြည့်နဲ့ လူနာတွေကို ဆေးကုပေး၊ အစားအသောက် တတ်နိုင်သမျှ ရှာဖွေ ကျွေးမွေးပြုစုတယ်။ သူ့ကို ကူညီနေတဲ့ သူနာပြုကလည်း အယ်နီ ဆိုတဲ့ ရှမ်းမလေး တယောက်ပဲ ရှိတယ်။ ဆေးရုံမှာ ခဏတာ လုပ်အားပေး လာလုပ်တဲ့ အင်္ဂလိပ် တပ်ကြပ်ကြီး ကတော့ ဟယ်လင့် စွမ်းဆောင်မှုတွေကြောင့် မီးအိမ်ရှင်မလေး ဖလော်ရင့်နိုက်တင်ဂေး ဆိုပြီး တင်စား ခေါ်ဝေါ်ခဲ့တယ်။ ” ဗမာ့ဟယ်လင် ” စာအုပ်ကတော့ နိုင်ငံခြားသူ သူနာပြုတဦးရဲ့ မျက်မြင်ကိုယ်တွေ့ တွေ နဲ့ သူရင်ဆိုင်ခဲ့ရတဲ့ ဘေးအန္တရယ်တွေကို အရိုးရှင်းဆုံး တင်ပြသွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ရဲ့ အဆိုးဝါးဆုံး ကာလကို ကျော်ဖြတ်ခဲ့ရတဲ့ နိုင်ငံခြားသား သူနာပြုတယောက် ရဲ့ ကိုယ်တိုင်ရေးမှတ်တမ်း ဖြစ်ပါတယ်။
Ks 10,000ဗမာ့ဟယ်လင်
Ks 10,000 -
အရူးထောင်မှာ ဆယ်ရက်တာ
ဟိန်းလတ်ကျွန်တော်တို့ လူသားတွဟော ဘဝရဲ့ စိန်ခေါ်မှုကို အမြဲ လက်ခံကြရတယ် ။
တချို့ စိန်ခေါ်မှုက သိပ်မကြမ်းတမ်းဘူး ။ တချို့ စိန်ခေါ်မှုကတော့ ကြမ်းတမ်းလွန်းအားကြီးတယ် ။ စိန်ခေါ်မှုတွကေို ရင်မဆိုင်နိုင်ဘဲ ကျရှူံး သွားသူတွေ ရှိသလို ဖြတ်ကျော်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်တွလေည်း အထင်အရှား ရှိခဲ့တယ် ။ ဘယ်သူလဲဆိုတော့ အမေရိကန် စာရေးဆရာမ နယ်လီဘလိုင်း (၁၈၆၄_၁၉၂၂) ပါ။
သူမဟာ ဘယ်လို စိန်ခေါ်မှုကို လက်ခံခဲ့သလဲ ။ အရူးထောင်မှာ ဆယ်ရက်တာ ကြာအောင် အရူးတွေနဲ့အတူ ရောပြီး နေထိုင်ဖို့ပဲ ။ ပြီးရင် သူမ အတွေ့အကြုံတွေကို စာပြန်ရေးပြရမယ်တဲ့။ ကမ္ဘာ့သတင်းစာတိုက်က တောင်းဆိုခဲ့တာပါ။
သူတို့ ပစ်မှတ်ထားတဲ့ အရူးထောင်က နယူးယောက်မြို့ မှာရှိတဲ့ ဘလက်ဝဲလ်ကျွန်းက အရူးထောင်။ နယ်လီဘလိုင်း အတွက် ပထမဆုံးသော အခက်အခဲ က သူ့ကို ရူးနတေယ်လို့ ထင်အောင် နေပြပြီး အဲဒီ ဘလက်ဝဲလ်ကျွန်း အရူးထောင်ကို ပို့ဖို့ အရူး ဟန်ဆောင်ရတာပဲ။ စကတည်းက ယဉ်သကို ဆိုသလိုပဲ လူကောင်းစင်စစ် ကနေ အရူးဖြစ်အောင် သူမ လုပ်ပြရတာနဲ့တင် စိတ်ဝင်စားဖို့ ကောင်းနေတယ်။
ဒီဘက်ခေတ်မှာ စိတ္တဇဝဒေနာရှင် ၊ စိတ်ကျန်းမာရေး ချိူ့တဲ့သူ စသည်ဖြင့် ခေါ်ကြပေမဲ့ အရူး လို့ပဲ သာမန်လူတွေက ခေါ်ကြတုန်းပါပဲ။ ရပ်ကွက်ထဲမှာ တစ်ဦးချင်းတွေ့ရတဲ အရူးတွေကို လူတွေ မကြောက်ကြပေမဲ့ အရူးထောင်ထဲမှာ အရူးတွေနဲ့အတူသွားပြီး ခဏတာ နေရမှာကိုတော့ တော်ရုံ ပုံမှန်စိတ် ရှိတဲ့သူတွေ လုပ်ရဲကြာမှာ မဟုတ်ဘူး။ တော်ရုံ သတ္တိ ရှိရုံနဲ့လည်း မဖြစ်နိုင်ဘူး။ တော်တော်ကြီးကို စိတ်ဓာတ် ကြံ့ခိုင်တဲ့သူမှ ဖြစ်မှာကိုး။
စာရေးဆရာမ နယ်လီဘလိုင်းဟာ အရူးထောင်ထဲမှာ ဆိုးဆိုးဝါးဝါး ရူးနသေူတွေ ၊ ယဉ်ယဉ်လေး ရူးနေသူတွေကို လေ့လာခွင့်ရခဲ့တယ်။ လူချင်း အတူတူ ဘယ်အရာတွေက သူတို့ကို ရူးသွပ်စေရသလဲ ဆိုတဲ့ အချက်ကို သူမ လေ့လာခဲ့တယ်။
တကယ် ရူးသွပ်နေကြသူတွေရဲ့ ကြားမှာ နေရတဲ့အပြင် အရူးထောင်က ဆရာဝန် ၊ သူနာပြု နဲ့ ထောင်ဝန်ထမ်းတွေက စိတ်ဝေဒနာရှင်တွေကို ဘယ်လို ဆိုးဆိုးဝါးဝါး ဆက်ဆံသလဲ ဆိုတာ စောင့်ကြည့်လေ့လာခဲ့တယ် ။ အရူးထောင် အဆောက်အဉီ ရဲ့ အားနည်းချက်တွေပါသိလာရပြီး အပြင်ပြန်အရောက်မှာ #အရူးထောင်မှာ ဆယ်ရက်တာ ဆိုတဲ့ စာအုပ်ကို ရေးသားပြုစုခဲ့ပါတယ်။
တကယ်ဆိုရင် အရူးထောင်မှာ နေကြတဲ့ လူနာတွေ အတွက် နေ့တာဟာ ပိုရှည်သလို ညတာလည်းရှည်လျား လှပါတယ်။
ဒီစာအုပ်ရဲ့ အကျိုးဆက်ကြောင့်အလှူရှင်တွေ ၊ အာဏာပိုင်တွကေ အရူးထောင်တွေ အတွက် လိုအပ်ချက်တွေကို မမေ့မလျော့ ဖြည့်ဆည်းပေးဖို့ လုပ်ဆောင်လာကြပါတယ် ။ နယ်လီဘလိုင်း စွန့်စားရကျိုး နပ်ခဲ့တယ် ဆိုရမှာပေါ့။
နယ်လီဘလိုင်း ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့တဲ့ အရူးတွေကြားက ဆယ်ရက်တာ နေထိုင်ခြင်းအကြောင်းကို ရင်တမမ နဲ့ ဖတ်ရမှာ ဖြစ်ပါတယ်ခင်ဗျာ။
Ks 3,500အရူးထောင်မှာ ဆယ်ရက်တာ
Ks 3,500 -
ကူလီ
ကျော်အောင်ဆရာကျော်အောင် ရဲ့ ကူလီ ဝတ္ထုဟာ မူရင်းစာရေးဆရာ Mulk Raj Anand ရဲ့ Coolie ကို ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ အာနန်ဟာ ဒီစာအုပ်မှာ အိန္ဒိယပြည်က ဗြိတိသျှတို့ရဲ့ ညစ်ညမ်းမှုတွေကို လူအများသိစေရန် ဖွင့်ထုတ်ထားတယ်။ ပြီးတော့ အိန္ဒိယက နာမည်ကျော်ဇာတ်တစ်ခုဖြစ်တဲ့ အထက်အတန်းလွှာနဲ့ အောက်တန်းလွှာတို့ရဲ့ လူတန်းစားခြားနားမှုကိုလည်း သေချာဖော်ပြထားတယ်။ အောက်ခြေလူတန်းစားတစ်ရပ်ရဲ့ ဘဝလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပုံကို မူရင်းစာရေးဆရာက ဆင်းရဲသားတို့ဘက်ကနေ ရပ်တည်ရေးဖွဲ့ထားတာ ကူလီ မှာ စိတ်ဝင်စားဖွယ် ဖတ်ရှုရပါမယ်။
” ဟိုအကောင်ကြီးက ဘာကောင်လဲ ဦးလေး ”
ဒါဟာ ကူလီ စာအုပ်ထဲက ဇာတ်ကောင် မူနူးလေး ရှန်နဂါမြို့ထဲ ဝင်ဝင်ချင်း သူ့ဦးလေးဖြစ်သူကို မေးလိုက်တဲ့ မေးခွန်းပါ။ ဒီမေးခွန်းလေးဟာ မီးရထားကိုတောင် မမြင်ဖူးတဲ့ အောက်ဆုံးအလွှာရဲ့ ဘဝအနေအထားကို မီးမောင်းထိုးပြလိုက်သလိုပါပဲ။ ဓာတ်စက်ကိုမြင်တော့လည်း သေတ္တာထဲ လူဝင်ပြီး သီချင်းဆိုတယ်လို့ ထင်နေတဲ့ ဆင်းရဲသားလေး မူနူး။ ရှန်နဂါမှာ သူရင်ဆိုင်ကြုံတွေ့ရမယ့် အခက်အခဲတွေဟာ ဘာတွေဖြစ်မလဲ။ ဘယ်လိုလူမျိုးတွေနဲ့ရော တွေ့ဆုံရမှာလဲ။
နွားကျောင်းသားလေးဘဝကနေ၊ အိမ်စေခံ၊ စက်ရုံအလုပ်သမား စသဖြင့် ထမင်းနပ်မှန်ရေးအတွက် အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရတဲ့ မူနူးရဲ့စိတ်ခံစားချက်တွေ၊ ပင်ပန်းဆင်းရဲရပုံတွေကို စာရေးဆရာ အာနန်က ဒီစာအုပ်မှာ ထိထိမိမိ ရေးဖွဲ့ထားတယ်။ ကူလီဝတ္ထုကို ဖတ်နေရင်း အထက်တန်းလွှာတွေရဲ့ ဖိနှိပ်ချယ်လှယ်မှုတွေ၊ အနိုင်ကျင့်ဗိုလ်ကျမှုတွေကို မြင်တွေ့တဲ့အခါ မူနူးနဲ့ ထပ်တူ ခံပြင်းမိစေမှာ အမှန်ပါပဲ။ အိန္ဒိယပြည်က နယ်ချဲ့စနစ်ရဲ့ ဆိုးရွားတဲ့ဖိနှိပ်မှုတွေကိုလည်း ဒီစာအုပ်ထဲမှာမြင်တွေ့ရပါလိမ့်မယ်။ မရှိဆင်းရဲသား လူတန်းစားတစ်ရပ်မှာ ကလေးလုပ်သားတွေ ပေါများပြီး ဒုက္ခခံနေရတာကိုလည်း ဖတ်နေရင်း ခံစားနားလည်မိပါတယ်။ တကယ်တမ်းတော့ လူ့လောကကြီးမှာ လူတန်းစားနှစ်ရပ်ပဲ ရှိတယ်တဲ့။ အဲ့ဒါဟာ အထက်တန်းလွှာနဲ့ အောက်တန်းလွှာပါပဲ။ ဘယ်လောက်ထိ ကွဲပြားခြားနားလဲ သိချင်ရင်တော့ ဆရာကျော်အောင် ဘာသာပြန်ထားတဲ့ ကူလီ ဝတ္ထုကိုသာ ဖတ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။Ks 20,000ကူလီ
Ks 20,000 -
မျောက်ငှက်
လင်းခန့်မျောက် ငှက်’ဟာ ကမ္ဘာကျော် စာရေးသူနှစ်ဦးရဲ့ ဇာတ်လမ်းနှစ်ပုဒ်ကို တစ်အုပ်ထဲပေါင်းပြီး ဆရာလင်းခန့်က ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ သည်းထိတ်ရင်ဖို ဇာတ်ကြောင်းကိုမှ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ဖတ်ချင်သူတွေအတွက် ‘မျောက် ငှက်’ဟာ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်လို့ ဆိုနိုင်ပါတယ်။
မျောက်ရဲ့ မူလဇာတ်လမ်းရေးသူ Stephen King ကို စာဖတ်ပရိသတ်တို့နဲ့ အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ Thriller & Mystery ဇာတ်လမ်းရေးသူများအနက် ကမ္ဘာကျော်ထိပ်သီးတစ်ဦးဖြစ်ပြီး ပရိသတ်များက သည်းထိတ်ရင်ဖိုဘုရင်လို့တောင် သတ်မှတ်ကြပါတယ်။ The Monkey ဟာ British Fantasy Award ဆန်ခါတင်စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့လည်း လူကြိုက်များ ကျော်ကြားခဲ့တာပါ။
ဇာတ်လမ်းအစမှာ ညီအစ်ကိုနှစ်ယောက် မျောက်ရုပ်အဟောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ရက်စက်တဲ့ လူသေဆုံးမှုတွေဆက်တိုက်ဖြစ်လာပြီး သူတို့မိသားစုလည်း ပြိုကွဲသွားခဲ့ရတာဟာ တိုက်ဆိုင်တဲ့ အကြောင်းအရာသက်သက်လား။ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့ အဲဒီမျောက်ကြောင့် “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ“ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရပါလိမ့်မယ်။
Ks 7,000မျောက်ငှက်
Ks 7,000