-
အနာဂတ်ကို မကြောက်နဲ့
အောင်သင်းဆရာအောင်သင်း ရေးသားထားတဲ့ အနာဂတ်ကိုမကြောက်နဲ့ ဆိုတဲ့ စာအုပ်လေးမှာ ဆောင်းပါးဆယ့်ခြောက်ပုဒ်ပါဝင်ပါတယ်။ ဒီစာအုပ်မှာ စာဖတ်သူတို့ မြင်တွေ့ရမှာက ဆရာအောင်သင်း ရေးဖွဲ့နေကျအတိုင်း လူငယ်တွေကို သိစေလိုတဲ့ အကြောင်းအရာတွေကို စာထဲကနေ စေတနာပါပါနဲ့ ထည့်သွင်းပြောဆိုထားတာမျိုးပါပဲ။ စာအုပ်ထဲက ဆောင်းပါးတစ်ပုဒ်တိုင်းဟာ အကြောင်းအရာ၊ အဖြစ်အပျက်လေးတွေပေါ်မှာ အခြေခံပြီး သိသင့်သိထိုက်တဲ့အရာကို မိတ်ဆွေတစ်ယောက်က ဘေးနားထိုင်ပြီးပြောပြနေသလို ခံစားမိစေပါတယ်။ ဒါကြောင့်မို့ ဆရာ့ရဲ့ ဆောင်းပါးတွေကို ဖတ်ရှုလေ့လာခြင်းဟာ စာဖတ်သူတို့အဖို့ အသိပညာနဲ့ တွေးခေါ်မှုစွမ်းအားတွေ မြင့်မားလာစေခြင်းလည်း ဖြစ်ပါတယ်။
တချို့နေရာတွေမှာတော့ ကိုယ့်မြေအပေါ် တိုးတက်စေလိုတဲ့ စိတ်ဇောက ထင်ဟပ်နေပြန်ပါတယ်။ ဆရာကြီးရဲ့ ကိုယ့်အရပ်ဒေသအပေါ် တိုးတက်ထွန်းကားချင်စိတ် ပြင်းထန်ပုံဟာ တချို့စာစုလေးတွေထဲ အားမလိုအားမရ ဖြစ်ပုံကိုကြည့်ကာ သိမြင်နိုင်ပါတယ်။ ဒါတွေကို ဆရာအောင်သင်းက အသိမိတ်ဆွေအချင်းချင်း ပြောဆိုဆွေးနွေးပုံမျိုးနဲ့လည်း ရေးသားထားခဲ့ပါတယ်။
လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာတွေပြုလုပ်မယ်ဆိုရင် အတိတ်ကဆိုးကံကို ပြင်နိုင်စွမ်းရှိပါတယ်။ အတိတ်မှာ ကောင်းခဲ့ပေမဲ့ လက်ရှိအနေအထားက ဆိုးတာတွေသာပြုလုပ်နေရင် ကောင်းနေတဲ့ အတိတ်ကံတွေပါ ပျက်စီးဆုံးရှုံးနိုင်ကြောင်းကို ဆရာက ဗုဒ္ဓအယူအဆအတိုင်း ရေးသားထားခဲ့ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ လက်ရှိအချိန်လေးကိုသာ ကောင်းတာတွေသတိကပ်ပြီး ပြုလုပ်သွားမယ်ဆိုရင် အနာဂတ်ဟာ ကြောက်စရာမလိုကြောင်း ဒီစာအုပ်ကနေ ပြောပြချင်ပုံပါပဲ။
ဒါကြောင့် အနာဂတ်အတွက် တွေးတောနေသူတွေ၊ အနာဂတ်ကို ပုံဖော်နေသူတွေ၊ အနာဂတ်ကို ရင်လေးနေသူတွေအားလုံး ဒီစာအုပ်လေးကို ဖတ်ကြည့်သင့်ပါတယ်။ လူအားလုံးဟာ မနက်ဖြန်ဆိုတဲ့ အနာဂတ်ကို မျှော်လင့်ရင်း ရှင်သန်နေကြရတာ မဟုတ်ပါလား။
Ks 6,000အနာဂတ်ကို မကြောက်နဲ့
Ks 6,000 -
ကောင်းမွန်သော လုပ်ငန်းခွင်
ထင်ဇော်မှူးသင်အလုပ်လုပ်နေရင်းနဲ့ အလုပ်ရဲ့ သဘောသဘာဝက ဘာလဲ? ငါက ဘာကြောင့် အလုပ်လုပ်နေရတာလဲ? အခုလုပ်နေတဲ့အလုပ်က ငါ့ကို ကျေနပ်မှု ပေးနိုင်ရဲ့လား? ဆိုတဲ့ မေးခွန်းတွေကို မေးမိပြီ ဆိုရင် ဒီစာအုပ်က မိတ်ဆွေအတွက်ပါပဲ။
ကမ္ဘာကြီးကို အုပ်စိုးနေတာ ဘောဂဗေဒပညာရှင်တွေနဲ့ နိုင်ငံရေးဒဿနပညာရှင်တွေရဲ့ အိုင်ဒီယာတွေလို့ ဒီစာအုပ်ရဲ့ အစမှာပဲ ဖတ်ရမယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ သူတို့ရဲ့ အိုင်ဒီယာတွေဟာ လူတွေနားလည်ထားတာထက် အများကြီးပိုပြီး သက်ရောက်မှုရှိနေလို့ပါတဲ့။ ဒါဆို Barry Schwartz ရဲ့ Why We Work ကို ဆရာထင်ဇော်မှူးသင်က ကောင်းမွန်သောလုပ်ငန်းခွင် အမည်နဲ့ ဘာသာပြန်ဆိုထားတဲ့ ဒီစာအုပ်မှာ လူတွေဘာကြောင့် အလုပ်လုပ်ကြတယ်၊ အလုပ်လုပ်ဖို့ ဘယ်လိုအရာတွေက သူတို့ကို လှုံ့ဆော်ပေးတယ်၊ လွှမ်းမိုးခံထားရတဲ့ အိုင်ဒီယာတွေရဲ့ အပြင်ဘက်ကို ထွက်ဖို့ ဘယ်လိုစတင်ရမယ် ဆိုတဲ့အရာတွေကို စနစ်တကျ လေ့လာဆန်းစစ်ထားတာ ဖတ်ရှုရပါမယ်။
လူတွေ အလုပ်လုပ်ကြတယ် ဆိုတာ ငွေရဖို့ အဓိကလို့ ဆိုရင် သိပ်တော့ မလွဲပါဘူး။ ဒါပေမဲ့ ငွေရတဲ့ လုပ်ငန်းခွင်တိုင်းက စိတ်ကျေနပ်စရာ ကောင်းပါရဲ့လား? ဒါဆို စိတ်ကျေနပ်စရာ ငွေကြောင့် မဟုတ်တဲ့ တခြားအကြောင်းရင်းတွေကို လိုက်လံဖွေရှာရင် မနည်းမနောပဲ ဆိုတာ သိနိုင်ပါမယ်။ ဒီအကြောင်းက စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။
စိတ်ကျေနပ်မှုရတဲ့ ဝန်ထမ်းဆိုတာ –
(၁) အလုပ်ထဲမှာ စိတ်ဝင်စားမှု ရှိကြတယ်။
(၂) အလုပ်လုပ်ရတာ ပျော်စရာကောင်းတယ်။
(၃) အလုပ်ထဲမှာ ကြီးစိုးခွင့်ရတယ်။
(၄) လုပ်ပိုင်ခွင့်ကို အသုံးချပြီး အခြားပိုင်ဆိုင်ခွင့်တွေ ဖန်တီးနိုင်တယ်။
(၅) အလုပ်ဟာ အဓိပ္ပာယ်ပြည့်ဝတယ်လို့ ခံယူပြီး ကမ္ဘာကြီးအတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်စေမယ်လို့တောင် ယုံကြည်တယ်။ဟုတ်ပြီ … ဒါဆို မေးစရာ ရှိလာပါပြီ။ အဲ့ဒီလက္ခဏာတွေ အကုန်လုံးရှိတဲ့ အလုပ်အကိုင်မျိုးက ဘယ်မှာလဲ?
ယနေ့ကမ္ဘာမှာ လူအများစုအတွက် အလုပ်ဆိုတာ ပျင်းစရာကောင်းနေကြပါတယ်။ အရင်းရှင်စနစ် ထွန်းကားလာတဲ့အခါ အလုပ်ကနေရနိုင်တဲ့ (ရုပ်ဝတ္ထုပစ္စည်း မဟုတ်တဲ့) အခြားသော စိတ်ကျေနပ်စရာတွေဟာ နည်းပါးလာပါတယ်။ ပျောက်ကွယ်သွားတာတွေတောင် ရှိပါတယ်။ အခြေခံ လစာဝန်ထမ်းအများစုဟာ လခအတွက်ကိုပဲ ဦးစားပေးပြီး အလုပ်လုပ်နေကြတယ်။ သူတို့တွေဟာ အဓိပ္ပာယ်ပြည့်ဝတဲ့အလုပ်မျိုး၊ စိန်ခေါ်မှုရှိတဲ့အလုပ်မျိုး၊ ကိုယ့်လက်ကိုယ်ခြေ လုပ်ခွင့်ရတဲ့အလုပ်မျိုးတွေ ရှာဖွေခဲ့ကြမှာပါ။ ဒါပေမဲ့ သူတို့ကို လစာအတွက် အလုပ်လုပ်ရမဲ့ လုပ်ငန်းခွင်က အနိုင်ယူသွားပါတယ်။
မိတ်ဆွေအနေနဲ့ကော လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ်နဲ့ အဆင်ပြေရဲ့လား (သို့) စိတ်ကျေနပ်ပျော်ရွှင်ရဲ့လား … အလုပ်က မှန်းချက်နဲ့ နှမ်းထွက် ကိုက်မနေဘူးလို့ ယူဆရင် ဒီစာအုပ်ဟာ အဲ့မေးခွန်းအတွက် အဖြေဖြစ်လာပါလိမ့်မယ်။
Ks 6,500ကောင်းမွန်သော လုပ်ငန်းခွင်
Ks 6,500 -
ဓမ္မာရုံ
အကြည်တော်ရပ်ကွက်ဓမ္မာရုံတစ်ရုံရဲ့ရှေ့တည့်တည့်မှာ နေဖူးကြလား။
ဓမ္မာရုံလေးရဲ့ရှေ့မှာ နေမိသူတစ်ဦး ကြုံရတဲ့ အကြောင်းတွေရယ်၊ ရပ်ကွက်နဲ့ ဓမ္မာရုံတစ်ရုံအတွင်းက အချို့ဖြစ်ရပ်လေးတွေရယ် အကြောင်းတွေကို ဓမ္မာရုံ ဝတ္ထုအသစ်မှာ ဆရာအကြည်တော်က ဘယ်လိုခွီရအောင် ရေးသားခဲ့သလဲ ..?နေ့ညမပြတ် လော်စပီကာအသံက ခပ်ကျယ်ကျယ်၊ ဓမ္မာရုံက သေးသေးသွယ်သွယ်၊
ဤသည်ကား ရပ်ကွက်၏ ပြယုဂ်။ ဓမ္မာရုံကို ကြည့်လျှင် မြင်နိုင်ပါမည်၊ ယိုင်နဲ့နဲ့ သစ်သားတိုင်ပေါ်မှာ မှီတည်နေပြီး ပျဉ်ကြမ်းကပ် သွပ်ဆွေး ခပ်ရွဲရွဲလေး။
ရပ်ကွက်က ကြီးကြီးကျယ်ကျယ် မဟုတ်သော်ငြား သိပ်ပြီး လှီလှသည် မဟုတ်။ အခြေခံလူတန်းစား များသည်။ ထိုရပ်ကွက်ကြီးအလယ်မှာ ဆယ်ပေနှစ်ခန်းသာသာ ဓမ္မာရုံလေးက အချက်အချာကျစွာ ရှိနေသည်။၎င်းရပ်ကွက်၊ ၎င်းဓမ္မာရုံရှေ့တည့်တည့်မှာ ဆိုက်ဆိုက်မြိုက်မြိုက် လာနေမိသူက ဖွားငွေခင်။ ဖွားငွေခင်က ရွာမှာ အေးအေးလူလူ တစ်သက်လုံး နေလာခဲ့သူ။ လင်သားဖြစ်သူ ဦးထွန်းတင့် ကွယ်လွန်ပြီးတော့ သားဖြစ်သူက သူတို့နဲ့လဲ နီးနီးနားနား မြို့မှာ အခြေချပါလား ဆိုလို့ အရပ်တစ်ပါးကို ပြောင်းရွှေ့လာတာ။ ပြောင်းမဲ့ပြောင်းတော့လဲ အနှီရပ်ကွက် ဓမ္မာရုံရှေ့တည့်တည့်က အိမ်။
အဲ့ဒီအိမ် မဝယ်ဖို့ သားဖြစ်သူ ဘယ်လိုနားချချ လက်မခံဘဲ ဝယ်ပြီး နေတယ်။ နေပြီး သကာလမှာတော့ … အင်း ပြောရရင် ဩချရလောက်တဲ့ ရပ်ကွက်ထဲက သာရေးနာရေး ဘာသာရေး ပွဲလမ်းပေါင်းစုံကြောင့် လော်စပီကာဆိုသည့်အရာနဲ့ ဖွားငွေခင်ခမျာ လှလှကြီး တိုးရပါလေရော။ ဖွားငွေခင် ဘာဖြစ်မလဲ?ဖွားငွေခင်ရဲ့ အကြောင်းပြီးလေတော့ ဓမ္မာရုံလေးရဲ့ အကျိုးအကြောင်း အဆိုးအကောင်း ဖြစ်ပုံ ဇာတ်စုံကို ဆရာအကြည်တော်က ဆက်ပြီး ရေးသားတင်ပြတယ်။
သေးသေးသွယ်သွယ် ပိန်လှီလှီ ဆန်ခါပေါက် သွပ်မိုး ဓမ္မာရုံကို ပြင်ဆင်တည်ဆောက်ဖို့ လုပ်ရင်း မုခ်ဦးပဲ ပြီးသွားတာမျိုး၊
ပြီးတော့ ဓမ္မာရုံပြင်ဆောက်ဖို့ ရပ်ကွက်ထဲက ဓမ္မာရုံလူကြီးတွေ နည်းအမျိုးမျိုး ကြံဖန်စဉ်းစား လုပ်ကြရာက မပြုံးဘဲ ဝါးလုံးကွဲရယ်ရမဲ့ ဟာသတွေကို ဖတ်ရမယ်။
အို ဘာပြောကောင်းမလဲ … အလွဲတွေနဲ့ ခွီစရာ ဇာတ်လမ်းတွေ … နောက် ရယ်စရာမောစရာ ဆိုတဲ့အတိုင်း ရယ်ပြီး မောသွားရမယ့် အကြောင်းတွေ …
ရပ်ကွက်ဓမ္မာရုံလေးတစ်ရုံရဲ့ အဖြစ်သနစ်တွေအကြောင်း ဆရာအကြည်တော်ရဲ့ ရေးဟန်အတိုင်း သွက်လက် ရွှင်ပြစွာ ရေးဖွဲ့ထားတဲ့ ဓမ္မာရုံ ဝတ္ထုအသစ်ကို ဖတ်ပြီး ခွီလိုက်ရအောင်လား …Ks 7,000ဓမ္မာရုံ
Ks 7,000 -
မျောက်ငှက်
လင်းခန့်မျောက် ငှက်’ဟာ ကမ္ဘာကျော် စာရေးသူနှစ်ဦးရဲ့ ဇာတ်လမ်းနှစ်ပုဒ်ကို တစ်အုပ်ထဲပေါင်းပြီး ဆရာလင်းခန့်က ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ သည်းထိတ်ရင်ဖို ဇာတ်ကြောင်းကိုမှ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ဖတ်ချင်သူတွေအတွက် ‘မျောက် ငှက်’ဟာ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်လို့ ဆိုနိုင်ပါတယ်။
မျောက်ရဲ့ မူလဇာတ်လမ်းရေးသူ Stephen King ကို စာဖတ်ပရိသတ်တို့နဲ့ အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ Thriller & Mystery ဇာတ်လမ်းရေးသူများအနက် ကမ္ဘာကျော်ထိပ်သီးတစ်ဦးဖြစ်ပြီး ပရိသတ်များက သည်းထိတ်ရင်ဖိုဘုရင်လို့တောင် သတ်မှတ်ကြပါတယ်။ The Monkey ဟာ British Fantasy Award ဆန်ခါတင်စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့လည်း လူကြိုက်များ ကျော်ကြားခဲ့တာပါ။
ဇာတ်လမ်းအစမှာ ညီအစ်ကိုနှစ်ယောက် မျောက်ရုပ်အဟောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ရက်စက်တဲ့ လူသေဆုံးမှုတွေဆက်တိုက်ဖြစ်လာပြီး သူတို့မိသားစုလည်း ပြိုကွဲသွားခဲ့ရတာဟာ တိုက်ဆိုင်တဲ့ အကြောင်းအရာသက်သက်လား။ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့ အဲဒီမျောက်ကြောင့် “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ“ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရပါလိမ့်မယ်။
Ks 7,000မျောက်ငှက်
Ks 7,000 -
-
ရွှေအိမ်တော်အဖွင့်ကျမ်း
ဇင်ယော်နီဆရာဇင်ယော်နီရဲ့ ရွှေအိမ်တော်အဖွင့်ကျမ်း စာအုပ်လေးကို အိမ်ခြံမြေဝယ်ယူမဲ့သူတွေ၊ အိမ်ခြံမြေပွဲစားတွေနဲ့ မိမိနေအိမ်ကို အကျိုးဖြစ်ထွန်းစေလိုသူတွေ လုံးဝဆောင်ထားသင့်ပါတယ်။ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်၊ နေအိမ်တွေမှာ အဖျက်ပယောဂ၊ အတိုက်အခိုက်တွေ ရှိမရှိ သံသယဖြစ်နေရင်လည်း ရွှေအိမ်တော်အဖွင့်ကျမ်းကိုသာ ရဲရဲကြီးအားကိုးလိုက်ပါ။ ဗေဒင်၊ ယတြာဆိုတာကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်း အသာထားလို့ ဒီစာအုပ်လေးကို ကိုယ့်မိတ်ဆွေအပေါင်းအသင်း၊ တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်ယောက်လို ဘေးနားမှာ ထားထားလိုက်ပါ။ အချိန်တစ်ခု ကြာသွားတဲ့အခါ ကိုယ့်အတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာ လက်တွေ့သိလာပါလိမ့်မယ်။
ဒီစာအုပ်ထဲမှာ အိမ်ခြံမြေပိုင်ရှင်များအတွက် မြေသန့်နည်း၊ အမှောင့်ပယောဂ အစွဲရှင်းနည်း၊ အတိုက်အခိုက် ပြေပျောက်စေနည်း၊ အရောင်းအဝယ် အမြန်ဖြစ်နည်း၊ အိမ်ဆောက်ဖို့အတွက် ရက်ကောင်းရက်မြတ် ရွေးချယ်နည်းတွေလို တန်ဖိုးရှိတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။
လောကီပညာရပ်ဆိုတာဟာ သာမန်လူတွေ မမြင်နိုင်တဲ့အရာပါ။ ဒါကြောင့်မို့ ဒီပညာရပ်တွေကို ရေးသားထုတ်ဝေထားတဲ့ ဒီစာအုပ်လေးကို အသုံးပြုပြီး မိမိနေထိုင်ရာ အရပ်ဒေသကို သန့်ရှင်းစင်ကြယ်လိုက်ပါ။ ထိထိရောက်ရောက် ကာကွယ်ပါ။ ဒီစာအုပ်ထဲမှာ အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ ယတြာတွေ၊ ဂါထာအစွမ်းတွေကိုလည်း တွေ့မြင်ဖတ်ရှုရပါလိမ့်မယ်။ ဆရာဇင်ယော်နီက ခုနှစ်ရက်သားသမီးများအတွက် အိမ်ခြံမြေနဲ့ပတ်သတ်ပြီး ဆောင်ရရှောင်ရမှာတွေ၊ အတိုက်အခိုက်အဖျက်ရန်က ကာကွယ်ရမဲ့အရာတွေကို စေတနာပါပါ ဖော်ပြထားတာမို့ တန်ဖိုးရှိတဲ့ လက်စွဲတော်စာအုပ်ဖြစ်လာပါမယ်။
ရွှေအိမ်တော်အဖွင့်ကျမ်းဟာ တအုပ်ဆောင်ထားရုံဖြင့် တဘဝလုံးအတွက် အကြံဉာဏ်ကောင်းပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် မိမိဘဝတစ်လျှောက်လုံး မင်္ဂလာနိမိတ်၊ မင်္ဂလာအခါတွေနဲ့ ပြည့်ဝစေဖို့အတွက် ရွှေအိမ်တော်အဖွင့်ကျမ်းကို ဆောင်ထားလိုက်ပါ။
Ks 7,500ရွှေအိမ်တော်အဖွင့်ကျမ်း
Ks 7,500 -
ကျားဖောင်
အာကာခေတ်ပိုင်ကျားဖောင်ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ပင်လယ်ပြင်က ငရဲခန်းလို့ ပြေးမြင်မိကြမှာပါ။
လူတွေဟာ ပင်လယ်ထဲက သတ္တဝါတွေကို ကုန်းပေါ်ဆယ်ယူပြီး စီးပွားရေးလုပ်ကြတယ်။ တချို့ကတော့ ပိုက်ဆံအတွက် ပင်လယ်ထဲကို ပြန်ဆင်းပြီး အသက်ပေးသွားရပြန်တယ်။
ကျားဖောင်ကို လူနဲ့သတ္တဝါ၊ လူနဲ့ငွေကြေး၊ အလဲအထပ်လုပ်ကြတဲ့နေရာလို့ ဆိုရင်လည်း မမှားပါဘူး။ ပင်လယ်ပြင်ကြီးကပေးတဲ့ ဝေဒနာ၊ လူလူချင်းကပေးတဲ့ ဒုက္ခတွေကြား ကုန်းပေါ်ပြန်တက်မယ့်ရက်ကို လက်ချိုးစောင့်နေရပြီး ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းရတဲ့ လူ့ငရဲတွင်းတစ်ခုပါပဲ။
ဆရာအာကာခေတ်ပိုင်က ဒီဖြစ်ရပ်တွေကို ကျားဖောင်ဆိုတဲ့စာအုပ်အဖြစ် ပုံဖော် ရေးဖွဲ့ထားပါတယ်။ ဒီစာအုပ်ထဲမှာ ပင်လယ်မှာ အသက်မွေးပြီး စီးပွားရှာကြတဲ့ ကျားဖောင်လုပ်ငန်းအကြောင်းကို ဗဟုသုတရစရာအဖြစ် သိခွင့်ရပါလိမ့်မယ်။
ဒါ့အပြင် ဖောင်ဦးစီးချုပ်တွေ၊ ဖောင်ဦးစီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ၊ ဖောင်နောက်လိုက်တွေအပေါ် ကိုယ်ချင်းမစာနာစွာ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း မြင်တွေ့ရပြန်ပါတယ်။
လူပွဲစားတွေရဲ့ ငွေရလိုမှုတစ်ခုတည်းအတွက် လူလူချင်းအမြတ်ထုတ်ပုံတွေကို ဖတ်ရတဲ့အခါမှာလည်း ဒေါသထွက်ပြီး ခံပြင်းစရာပါ။ ကိုယ့်နိုင်ငံထဲမှာတင် ကိုယ့်လူမျိုးအချင်းချင်းက လူကုန်ကူးတဲ့ဖြစ်ရပ်တွေဟာ နေရာတိုင်းမှာ လူမသိသူမသိဘဲ အများကြီးရှိနေနိုင်ပါတယ်။ ဒီလိုအကြောင်းအရာတွေကို စာရေးဆရာက စာရေးခြင်းအတတ်ပညာနဲ့ ဝတ္ထုတစ်အုပ်ထဲမှာ လှလှပပ အကွက်ဆင်ကာ ထည့်သွင်းပုံဖော်ထားပါတယ်။
ကျားဖောင်စာအုပ်ထဲမှာ ဖောင်ဦးစီးမှတ်ကြီး၊ ဦးခင်ဝင်း၊ မိုးစည်နဲ့ရဲထက်တို့ လေးဦးရဲ့ မတူညီတဲ့ ဘဝဖြစ်စဉ်တွေကို တွေ့ရပါလိမ့်မယ်။ ဒီလူလေးဦးဟာ အန္တရာယ်များပြားလှတဲ့ ကျားဖောင်ပေါ်ကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာကြသလဲ၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆရာအာကာခေတ်ပိုင်က စိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ ဒီလူတွေဟာ ကုန်းပေါ်ကိုရော ပြန်ရောက်ခွင့်ရပါ့မလား။ ပင်လယ်ထဲမှာ အချိန်မရွေး အစပျောက်သွားမလား။ ကိုယ့်နိုင်ငံအတွင်းမှာပဲ နေထိုင်ရင်း ကျားဖောင်ပေါ်က လုံခြုံမှု မရှိတဲ့ဘဝတွေအတွက် ရင်လေးစရာပါပဲ။
ကျားဖောင်စာအုပ်ထဲက ဇာတ်ကောင်တစ်ဦးဖြစ်သူ ရဲထက်ပြောတဲ့ စကားလေးတစ်ခွန်းက စာဖတ်သူတို့ကို မှတ်မှတ်ထင်ထင် ရှိစေမှာ ဖြစ်ပါတယ်။
“ပင်လယ်ရေတွေ ခန်းသွားရင်ကောင်းမယ်” တဲ့။
တချို့တွေအတွက် အိမ်ပြန်နိုင်ဖို့ အခွင့်အရေးဟာ ပင်လယ်ကြီး ခန်းခြောက်သွားမှတဲ့လား … ။
Ks 9,000ကျားဖောင်
Ks 9,000 -
အောင်မြင်သူတို့ခရီးလမ်း
ကိုနေ (Y.I.E)Scott Galloway ရဲ့ The Four စာအုပ်ကို ကိုနေ (Y.I.E) က ‘အောင်မြင်သူတို့ရဲ့ ခရီးလမ်း’ အမည်နဲ့ ဘာသာပြန်ထားတဲ့စာအုပ်မှာ ကမ္ဘာကျော်ကုမ္ပဏီကြီးလေးခုဖြစ်တဲ့ အက်ပဲလ်၊ အမေဇွန်၊ ဖေ့စ်ဘွတ်၊ ဂူးဂဲလ် တို့ရဲ့ သရုပ်မှန်ကို အကောင်း၊ အဆိုး မျှတစွာ ဘက်မလိုက်ဘဲ ဖော်ပြထားတယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။ စာရေးသူ Scott Galloway ဟာ NYU Stern School of Business မှာ Marketing ပါမောက္ခတစ်ဦးဖြစ်ပြီး သူ့ရဲ့ ထိုးထွင်းဉာဏ်ရှိတဲ့ သုံးသပ်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ စတိုင်ကြောင့် လူသိများသူပါ။The Four စာအုပ်မှာ မူရင်းစာရေးသူ Scott Galloway ဟာ အစိုးရကိုယ်တိုင်က ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးရတဲ့အထိ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကုမ္ပဏီကြီးလေးခုရဲ့ ကမ္ဘာပေါ် မသိမသာ အင်အားချဲ့ထွင်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ရောင်းစားခံရမှာကို သိသိကြီးနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်က မလွန်ဆန်နိုင်ပုံတွေကို အားမနာတမ်း ချပြထားတယ်။အဲဒီနည်းပညာဘီလူးကြီးလေးခုဟာ ပျော်ရွှင်မှု၊ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့် ရှာဖွေတွေ့ရှိမှုတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ပြီးတော့ လစာငွေမြင့်မားတဲ့ အလုပ်အကိုင်ပေါင်းများစွာ၊ အိမ်မှာနေရင်း လုပ်ကိုင်နိုင်တဲ့ Online Shop တွေများစွာကိုလည်း ဖန်တီးပေးခဲ့တယ်။ ဒီလိုဆိုတော့ The Four ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေခဲ့တာကို ငြင်းမရပါဘူး။
Ks 9,500အောင်မြင်သူတို့ခရီးလမ်း
Ks 9,500 -
ချက်ကော့ဝတ္တုတိုပေါင်းချုပ်
ကျော်အောင်Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။
ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။
နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။
ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။
ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။
Ks 17,000ချက်ကော့ဝတ္တုတိုပေါင်းချုပ်
Ks 17,000 -
ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ
ဇင်ယော်နီမသိသူကျော်သွား သိသူဖော်စားပေရော့ဗျာ … တအုပ်တည်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို ထည့်သွင်းပေးထားတယ်။ မနောမယဂျာနယ်၊ မြန်မာ့အသံ ရွှေလမ်းငွေလမ်း ညွှန်လိုက်မယ် အစီအစဉ်၊ ပတ္တမြားအက်ဖ်အမ် တာရိုစကုပ် အစီအစဉ်၊ ရုပ်သံဌာနတခုမှာ ပြသခဲ့တဲ့ ရွှေစကားငွေစကား အစီအစဉ်နဲ့ online ပေါ်မှာ ရေးသားခဲ့တဲ့ ဂမ္ဘီရလက်ဆောင်များကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဆရာဇင်ယော်နီရဲ့ ဗေဒင်ပညာ ဘဝလမ်းခရီးတစ်လျှောက် ပြုစုခဲ့တဲ့ အဆီအနှစ် နည်းလမ်းပေါင်း ၃၀၀ ကျော်ကို တစုတစည်းတည်း ဖတ်ရှု လေ့လာနိုင်မယ့် စာအုပ်ထူးကြီးပဲ ဖြစ်ပါတယ်။
ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို တအုပ်တည်းမှာ စုစည်းထားတာမို့ နည်းလမ်းတွေကို ရှာဖွေရခက်မလား လို့လည်း စိုးရိမ်စရာ မလိုပါဘူး။ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ခွဲပြီး စီစဉ်ထားပါတယ်။ ပါဝင်တဲ့ အခန်းခေါင်းစဉ်တွေက –
(က) ငွေရေးကြေးရေးကိစ္စများ
(ခ) အလုပ်ကိစ္စနှင့် နိုင်ငံရပ်ခြား
(ဂ) ပညာရေး၊ တရားတဘောင်နှင့် အထွေထွေ
(ဃ) ကျန်းမာရေး
(င) လက္ခဏာသုတ
(စ) အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး
(ဆ) အိမ်နှင့်တနင်္ဂနွေနံကိစ္စများ
(ဇ) ကားနှင့် တနင်္လာနံကိစ္စများ
(ဈ) ဆိုင်နှင့် အင်္ဂါနံကိစ္စများ
(ည) ရွှေနှင့် ဗုဒ္ဓဟူးနံ ကိစ္စများ
(ဋ) မြေနှင့် ကြာသပတေးနံကိစ္စများ
(ဌ) ရေထွက်ကုန်နှင့် သောကြာနံကိစ္စများ
(ဍ) အထည်နှင့် စနေနံကိစ္စများ
(ဎ) ဘယ်မြို့ကို ပြောင်းချင်တာလဲစသည်ဖြင့် ဆိုင်ရာအလိုက် အစီအစဉ်တကျ အခန်းများ ခွဲခြားပြုစုထားတာမို့ ဖတ်ရှုူ လေ့လာသူတို့ အလွယ်တကူ ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။ဗေဒင် အဆောင် အစီအရင် ယတြာဆိုတာ လောကထဲက အခက်အခဲတွေကို အလိုလို လွယ်ကူ မသွားစေပါဘူး။ အောင်မြင်လိုသူ၊ ဖြစ်ထွန်းလိုသူဟာ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားမှုဖြင့် အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးစား လျှောက်လှမ်းတဲ့ ခရီးလမ်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်တွေဟာ မီးအိမ်တစ်လုံးလို ပန်းတိုင်ဆီ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။
ဒီစာအုပ်ကို ရေးသားပြုစုထားတဲ့ ဆရာဇင်ယော်နီက “ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များဟာ တဦးချင်းစီအတွက်ရော၊ မိသားစုများအတွက်ပါ အရေးကြုံလျှင် ကြုံသလို အသုံးတည့် အကျိုးထူးကြပါစေသတည်း” လို့ ဆုတောင်း မေတ္တာပို့ထားပါတယ်။ ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များကြောင့် အားလုံးပဲ အလုပ်အကိုင် စီးပွားရေး၊ ကျန်းမာရေး၊ အချစ်နှင့် အိမ်ထောင်ရေး၊ နှင့် လောကီကိစ္စ အဝဝ အဆင်ပြေကြပါစေ … ။
Ks 20,000ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ
Ks 20,000