• ဖုန်းဆိုးမြေ

    ဆရာလင်းခန့် ဘာသာပြန်တဲ့ ဖုန်းဆိုးမြေ မူရင်း (Stephen King’s ‘Salem’s Lot) ကို သမိုင်းတစ်လျှောက် အကောင်းဆုံး ထိတ်လန့်သည်းဖိုဝတ္ထု ဒရက်ကူလာ ရဲ့ ခေတ်သစ်ဒဏ္ဍာရီ လို့ ဆိုကြတယ်။ စတီဖင်ကင်းဟာ ဒရက်ကူလာ ဝတ္ထုကို ဆယ်နှစ်အရွယ်မှာပင် ဖတ်ခဲ့ရပြီး ဒရက်ကူလာလို ရသမြောက် ကောင်းမွန်တဲ့ စာအုပ်အဖြစ် ‘Salem’s Lot ကို ပြန်လည် ဖန်တီးရေးသားပါတယ်။ စတီဖင်ကင်းက သူရေးသားခဲ့သမျှ စာအုပ်တွေထဲ အကြိုက်ဆုံးက ‘Salem’s Lot ဖြစ်တယ်လို့ ပြောခဲ့တယ်။ ‘Salem’s Lot ဟာ စတီဖင်ကင်းရဲ့ ဒုတိယမြောက် ပုံနှိပ်စာအုပ်ဖြစ်ပြီး အဲ့ဒီစာအုပ်ထွက်ပြီးတဲ့နောက်ပိုင်း စတီဖင်ကင်းကို ထိတ်လန့်သည်းဖို စာရေးဆရာအဖြစ် အမည်ကပ်လိုက်ကြတယ်။ စတီဖင်ကင်းကလဲ ဒါကို ကျေနပ်စွာပဲ ခံယူခဲ့တယ်။
    ဖုန်းဆိုးမြေဝတ္ထုကြီးကို စိတ်ဝင်စားစရာ၊ အံ့ဩဖွယ်၊ ထိတ်လန့်ဖွယ် ရသအပြည့်နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။ ဘာသာပြန်ဆိုသူ ဆရာလင်းခန့်ဟာ စာရေးဆရာကြီး စတီဖင်ကင်းရဲ့ နာမည်ကျော်စာအုပ်များကို ရသမြောက်အောင် ဘာသာပြန်ခဲ့သူ ဖြစ်တာကြောင့် ဖုန်းဆိုးမြေကို ဖတ်ရှုတဲ့အခါ အထစ်အငေါ့ မရှိဘဲ စိတ်ကျေနပ်မှုရစေမှာ သေချာပါတယ်။
    ဖုန်းဆိုးမြေကို ဘာသာပြန်ခဲ့ခြင်းနဲ့ ပတ်သက်ပြီး “စတီဖင်ကင်းရဲ့ ဇာတ်လမ်းတွေကို ရုပ်ရှင်တွေ အရင်ကြည့်ပြီးမှ ဝတ္ထုဖတ်ဖြစ်တာ များပါတယ်။ ရုပ်ရှင်တွေဟာ မူရင်းဝတ္ထုတွေကို မမှီတာ များပါတယ်။ ဒါကလဲ ဖတ်ပြီးတော့မှ သိတာပါ။ အဲ့ဒီအခါကျ ကိုယ်တယောက်တည်း နှစ်သက်ရုံနဲ့ မကျေနပ်နိုင်တော့ဘဲ ချစ်သူခင်သူတို့ကိုပါ မြည်းစမ်းကြည့်စေချင်လာတယ်။ အဲ့ဒါကြောင့် ဘာသာပြန်ဖြစ်ခဲ့တယ်” လို့ ဆရာလင်းခန့်က ဆိုပါတယ်။
    မူရင်းစာရေးဆရာကြီး စတီဖင်ကင်းကတော့ ‘Salem’s Lot စာအုပ်အကြောင်းကို “ပြစ်ချက်လေးတွေ ရှိပေမဲ့ ဆလမ်းလော့စ်ဟာ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ။ ကြောက်စရာလဲကောင်းတယ်။ ခင်ဗျား ယုံလာအောင် ကျွန်တော် လုပ်နိုင်မယ် ထင်တယ်။ ဘာလို့လဲဆို ဒီစာအုပ်ကို ရေးနေတုန်းက ကျွန်တော်ကိုယ်တိုင် ယုံခဲ့တာကိုး” လို့ ပြောပါတယ်။
    Ks 22,000
  • ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ

    မသိသူကျော်သွား သိသူဖော်စားပေရော့ဗျာ … တအုပ်တည်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို ထည့်သွင်းပေးထားတယ်။ မနောမယဂျာနယ်၊ မြန်မာ့အသံ ရွှေလမ်းငွေလမ်း ညွှန်လိုက်မယ် အစီအစဉ်၊ ပတ္တမြားအက်ဖ်အမ် တာရိုစကုပ် အစီအစဉ်၊ ရုပ်သံဌာနတခုမှာ ပြသခဲ့တဲ့ ရွှေစကားငွေစကား အစီအစဉ်နဲ့ online ပေါ်မှာ ရေးသားခဲ့တဲ့ ဂမ္ဘီရလက်ဆောင်များကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဆရာဇင်ယော်နီရဲ့ ဗေဒင်ပညာ ဘဝလမ်းခရီးတစ်လျှောက် ပြုစုခဲ့တဲ့ အဆီအနှစ် နည်းလမ်းပေါင်း ၃၀၀ ကျော်ကို တစုတစည်းတည်း ဖတ်ရှု လေ့လာနိုင်မယ့် စာအုပ်ထူးကြီးပဲ ဖြစ်ပါတယ်။

    ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို တအုပ်တည်းမှာ စုစည်းထားတာမို့ နည်းလမ်းတွေကို ရှာဖွေရခက်မလား လို့လည်း စိုးရိမ်စရာ မလိုပါဘူး။ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ခွဲပြီး စီစဉ်ထားပါတယ်။ ပါဝင်တဲ့ အခန်းခေါင်းစဉ်တွေက –

    (က) ငွေရေးကြေးရေးကိစ္စများ

    (ခ) အလုပ်ကိစ္စနှင့် နိုင်ငံရပ်ခြား

    (ဂ) ပညာရေး၊ တရားတဘောင်နှင့် အထွေထွေ

    (ဃ) ကျန်းမာရေး

    (င) လက္ခဏာသုတ

    (စ) အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး

    (ဆ) အိမ်နှင့်တနင်္ဂနွေနံကိစ္စများ

    (ဇ) ကားနှင့် တနင်္လာနံကိစ္စများ

    (ဈ) ဆိုင်နှင့် အင်္ဂါနံကိစ္စများ

    (ည) ရွှေနှင့် ဗုဒ္ဓဟူးနံ ကိစ္စများ

    (ဋ) မြေနှင့် ကြာသပတေးနံကိစ္စများ

    (ဌ) ရေထွက်ကုန်နှင့် သောကြာနံကိစ္စများ

    (ဍ) အထည်နှင့် စနေနံကိစ္စများ

    (ဎ) ဘယ်မြို့ကို ပြောင်းချင်တာလဲ
    စသည်ဖြင့် ဆိုင်ရာအလိုက် အစီအစဉ်တကျ အခန်းများ ခွဲခြားပြုစုထားတာမို့ ဖတ်ရှုူ လေ့လာသူတို့ အလွယ်တကူ ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။

    ဗေဒင် အဆောင် အစီအရင် ယတြာဆိုတာ လောကထဲက အခက်အခဲတွေကို အလိုလို လွယ်ကူ မသွားစေပါဘူး။ အောင်မြင်လိုသူ၊ ဖြစ်ထွန်းလိုသူဟာ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားမှုဖြင့် အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးစား လျှောက်လှမ်းတဲ့ ခရီးလမ်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်တွေဟာ မီးအိမ်တစ်လုံးလို ပန်းတိုင်ဆီ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။

    ဒီစာအုပ်ကို ရေးသားပြုစုထားတဲ့ ဆရာဇင်ယော်နီက “ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များဟာ တဦးချင်းစီအတွက်ရော၊ မိသားစုများအတွက်ပါ အရေးကြုံလျှင် ကြုံသလို အသုံးတည့် အကျိုးထူးကြပါစေသတည်း” လို့ ဆုတောင်း မေတ္တာပို့ထားပါတယ်။ ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များကြောင့် အားလုံးပဲ အလုပ်အကိုင် စီးပွားရေး၊ ကျန်းမာရေး၊ အချစ်နှင့် အိမ်ထောင်ရေး၊ နှင့် လောကီကိစ္စ အဝဝ အဆင်ပြေကြပါစေ … ။

    Ks 20,000
  • ချက်ကော့ဝတ္တုတိုပေါင်းချုပ်

    Google မှာ Top 10 Short Story Authors လို့ ရှာလိုက်မယ်ဆိုရင် နံပါတ် (၁) မှာ ပေါ်လာသူက Anton Chekhov (အင်တွန်ချက်ကော့) ပါ။ ဝတ္ထုတိုမှာ ဘာကြောင့် ချက်ကော့ကို ဖတ်ရှုသင့်သလဲဆိုတော့ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ်၊ ချမ်းသာ၊ ဆင်းရဲမရွေး လူမျိုးစုံရဲ့ ဘဝတွေကြားက ဇာတ်လမ်းစုံကို ဒိဌဓမ္မလောကနဲ့ နီးစပ်စွာ သရုပ်ဖော်နိုင်လို့ဖြစ်ပါတယ်။

    ချက်ကော့က ငယ်စဉ်ကတည်းကပင် ပုံတိုပတ်စ အပြောကောင်းသူတစ်ဦးဖြစ်ပြီး နားထောင်တဲ့ သူငယ်ချင်းတွေဟာ အူတတ်မတတ် ရယ်မောကြတယ်လို့ ဆိုတယ်။ ချက်ကော့ရဲ့ မိသားစုဟာ ဆင်းရဲလေတော့ ဝင်ငွေရဖို့ မဂ္ဂဇင်း၊ ဂျာနယ်တွေကို ဝတ္ထုတိုစာမူတွေပို့ရင်း နာမည်ကျော်ကြားလာပါတယ်။ ဆေးကျောင်းတက်ရင်း၊ ဆရာဝန်လုပ်ရင်း ဒေသစုံက လူပေါင်းစုံရဲ့ အဖြစ်သနစ်တွေကို သိရှိခွင့်ရခဲ့ပြီး ၎င်းတို့ရဲ့ အဖြစ်အပျက်တွေက ဝတ္ထုတိုတွေ များစွာရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်ကြမ်းတွေဖြစ်လာခဲ့တယ်။

    နိမ့်၊ မြင့်၊ တက်၊ ကျ လူတန်းစားအလွှာ အမျိုးမျိုးရဲ့ ပင်ကိုယ်စရိုက်၊ အလင်းအမှောင် စိတ်သဘောထား၊ လောဘ မောဟ၊ ဒုက္ခ သုခ တို့ကို အရှိအတိုင်း တွေ့မြင်ခဲ့သူတစ်ယောက်ဖြစ်တဲ့ ချက်ကော့ရဲ့ ဝတ္ထုတိုတွေမှာ တစ်နေ့ကို ၁၂ နာရီလောက် အလုပ်လုပ်ရပြီး မငတ်ရုံတမယ် စားကြသောက်ကြရရှာသူ စက်ရုံအလုပ်သမားတွေရဲ့ အကြောင်းကနေ စက်ရုံတွေ တစ်ရုံပြီးတစ်ရုံတည်၊ အိမ်တွေ တစ်လုံးပြီးတစ်လုံး ဆောက်တဲ့ သူကြွယ်တွေအကြောင်း၊ လောဘကလွဲပြီး အကြင်နာ မေတ္တာ ဘာမှမရှိတဲ့ ကုန်သည်လူတန်းစားအကြောင်း၊ လူအများရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အမျိုးမျိုးဒုက္ခပေးတဲ့ အရာရှိ ကြီး ငယ်တို့အကြောင်း၊ လယ်လုပ်သား မြေလုပ်သားတွေကို အကြင်နာတရားမရှိဘဲ တာဝန်မဲ့တဲ့ လယ်ရှင် မြေရှင်တို့အကြောင်း၊ ပင်ပန်းကြီးစွာ အလုပ်လုပ်ရပေမယ့် အရက်ကျွန်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့၊ အပျင်းထူနေလို့ ဆင်းရဲတွင်းကနေ ရုန်းမထွက်နိုင်သူ လယ်သမားတို့အကြောင်း စသည် စသည် တို့ကို ဘက်လိုက်မှု ကင်းစွာ အမြင်အတိုင်း တင်ပြထားတဲ့အတွက် ခေတ်ပြိုင် ရုရှားစာရေးဆရာတို့ရဲ့ မကျေနပ်မှုများကိုပင် ခံခဲ့ရတယ်။

    ဝတ္ထုတိုတစ်ပုဒ်မှာ အပိုစကားလုံးတွေ မပါသင့်ဘူးဆိုတာနဲ့ ပတ်သက်ပြီး “ဝတ္ထုနဲ့ မသက်ဆိုင်တာ၊ အဆက်အစပ်မရှိတဲ့ စကားတွေကို မညှာတာဘဲ ဖြတ်တောက်ပစ်ရမယ်၊ ဝတ္ထုရဲ့ အခန်းတစ်မှာ နံရံပေါ်တွင် သေနတ်တစ်လက်ချိတ်ဆွဲထားသည်လို့ ဖော်ပြခဲ့ရင် နောက်အခန်းတွေမှာ အဲ့ဒီသေနတ်ဟာ ပစ်ကို ပစ်ရမယ်၊ မပစ်ဘဲ မနေရ” လို့ ပြောခဲ့ပြီး ၎င်းအဆိုအမိန့်ဟာ ခေတ်အဆက်ဆက် စာရေးဆရာတို့အပေါ် လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ချက်ကော့ဟာ ကွယ်လွန်ချိန်မှာ အသက် ၄၄ နှစ်ပဲ ရှိသေးပြီး စာရေးသက် ၁၆ နှစ်မှာ ဝတ္ထုတို ၂၀၁ ပုဒ်ရေးခဲ့တယ်လို့ သိရပါတယ်။ ဒီစာအုပ်မှာ ၎င်းဝတ္ထုတွေထဲက ဆရာကျော်အောင်ရဲ့ ဘာသာပြန် စိတ်ကြိုက်ဝတ္ထုတို (၂၉) ပုဒ်ကို စုစည်းထားပါတယ်။ တတိယအကြိမ် ထုတ်ဝေမယ့် ဒီစာအုပ် ‘ကျော်အောင် – ချက်ကော့ ဝတ္ထုတိုပေါင်းချုပ်’ မှာ ဆရာကျော်အောင်ရဲ့ ပုံနှိပ်စာအုပ်အဖြစ် မထုတ်ဝေခဲ့တဲ့ ချက်ကော့ ဘာသာပြန် လေးပုဒ်ကိုပါ ထပ်မံထည့်သွင်းထားတာဖြစ်ပြီး အရင် ထွက်ခဲ့ဖူးတဲ့ အကြိမ်တွေထက် ပိုမိုကောင်းမွန်အောင် ပြင်ဆင်ထားပါတယ်။

    ဒါတွေက ချက်ကော့ မိတ်ဆက်ပဲဖြစ်ပြီး ဝတ္ထုတိုနဲ့ ပတ်သက်ရင် ကမ္ဘာ့နံပါတ် (၁) နေရာမှာ ထားပြီး ဖတ်ရှုသင့်တယ်လို့ အဆိုရှိတဲ့ ချက်ကော့ ဝတ္ထုတိုများကို ဖတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ဖတ်ရှုပြီးတဲ့အခါ ဘာကြောင့် နံပါတ် (၁) ကို ရရှိထားလဲ ဆိုတာ စာဖတ်သူတို့ သိရှိသွားမယ်လို့ ယုံကြည်ပါတယ်။

    Ks 17,000
  • မှတ်စု ၄၃

    Note 43 ဆိုတဲ့ စာအုပ်ကလေးဟာ စိတ်ခံစားချက်ကို ဖောက်ထုတ်လိုစိတ်နဲ့ ရေးသားထားပါတယ်လို့ စာရေးဆရာမငွေတီဦးက ဖွင့်ဆိုထားပါတယ်။ ဆရာမက စိတ်ဝင်စားစရာကောင်းတဲ့ အဖြစ်အပျက်တွေကို မှတ်သားထားချင်စိတ်နဲ့ ဒီစာအုပ်ပါ အကြောင်းအရာတွေကို စုစည်းထားခြင်းလည်း ဖြစ်နိုင်ပါတယ်။

    Note 43 ထဲမှာဆိုရင် ဆရာမငွေတီဦးဟာ ဖျတ်ခနဲ မြင်တွေ့လိုက်ရတဲ့ အရာ‌တွေကိုတွေ့ကြုံခဲ့ရတဲ့ ဖြစ်စဉ်လေးတွေနဲ့ ချိန်ထိုးနှိုင်းယှဉ်ပြသွားတာကို ဖတ်ရှုရပါလိမ့်မယ်။ ဒီစာအုပ်လေးဟာ ဘာနဲ့တူသလဲဆိုရင် အသိမိတ်ဆွေတစ်ယောက်က သူ့အတွေ့အကြုံ၊ သူဖြတ်သန်းလာရတဲ့ဘဝ၊ သူ့ခံယူချက်တွေကို စာဖတ်သူကို ရင်ဖွင့်ပြောဆိုနေသလိုပါပဲ။ စကားပြောဖော်တစ်ယောက် ဘေးနားရောက်နေသလိုမျိုးပေါ့။

    အချိန်နဲ့အမျှ လူသားတို့ ဖြတ်သန်းနေရတဲ့ နေ့စဉ်ဘဝတွေဟာ ထူးဆန်းအံ့သြဖွယ်ရာတွေ၊ နာကျင်ခက်ခဲမှုတွေ ပြည့်နှက်နေတတ်တာပဲမဟုတ်လား။ ဒါ‌ပေမဲ့ တခါတလေမှာလည်း မြန်မြန်ပဲ ပျောက်ကွယ်သွားတတ်ပြီး လူတွေရဲ့ မှတ်ဉာဏ်ထဲမှာ အမှတ်ရစရာအနေနဲ့သာ ကျန်ရစ်ခဲ့ပါတယ်။ ဆရာမငွေတီဦးကတော့ သူ့ဘဝရဲ့ စိတ်ဝင်စားဖွယ် တစ်စိတ်တစ်ပိုင်းကို စုစည်းထားလိုက်ပြီး မှတ်စုစာအုပ်လေးတစ်အုပ်အဖြစ် အကောင်အထည် ဖော်ခဲ့ပါတယ်။ ဒီစာအုပ်လေးဟာ အဖိုးတန်သော မိတ်ဆွေကောင်းတစ်ဦးလိုမျိုး ကိုယ့်ဘေးနားမှာရှိနေနိုင်ပါတယ်။

    Note 43 ကို ပိုပြီးထူးခြားစေတာက ဆရာမရဲ့ ၄၃ နှစ်ပြည့် မွေးနေ့နဲ့လည်း တိုက်ဆိုင်နေတာပါ။ ဒါကြောင့် ငလျင်ဘေးအတွက် အများနည်းတူ ကြေကွဲထိခိုက်‌နေတဲ့ ဆရာမဟာ ဒီစာအုပ်လေးကရလာတဲ့ အကျိုးအမြတ်တွေကို လိုအပ်တဲ့နေရာတွေဆီသာ စီးဆင်းစေမှာဖြစ်ပါတယ်။

    Note 43 ဟာ ဖတ်ရှုသူအပေါင်းကို အတွေးအမြင်သစ်များ၊ ဗဟုသုတများနဲ့ ရယ်မောပျော်ရွှင်ဖွယ် စိတ်ခံစားချက်အစုံ ပေးစွမ်းနိုင်ပါလိမ့်မယ်။ လူတစ်ယောက်က တခြားလူတစ်ယောက်ကို သူ့ဘဝရဲ့ခံယူချက်၊ ခံစားချက်တွေပေါ်မူတည်ပြီး အမှားတွေကိုလည်း ထောက်ပြပေးထားတာမို့ လမ်းမှန်ကိုပြပေးတဲ့ မီးအိမ်လေးတစ်လုံးနဲ့လည်းတူပါတယ်။ ဒါကြောင့် Note 43 ကို အနီးအနားမှာထားပြီး ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

    Ks 12,000
  • မယ်သီတာဂျိုကာ

    လက်ဝှေ့ လို့ ဆိုရင် ဘာကို အရင်ဆုံး မြင်မိကြသလဲ?
    ဗလကောင်းကောင်း လက်ဝှေ့သမားကြီးတစ်ယောက်ဖြစ်ဖြစ်၊ ကြိုးဝိုင်းထဲ လူနှစ်ယောက် တိုက်ခိုက်နေတာဖြစ်ဖြစ်၊ ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပြီးမှ အနိုင်ရတဲ့ အားကစားအဖြစ် မြင်မိကြမှာပါ။ ပြီးတော့ လက်ဝှေ့လို့ ဆိုလိုက်တာနဲ့ ယောက်ျားလေး‌(အမျိုးသား) ဆိုတာကို အကုန်လုံးနီးပါး တွဲမြင်ကြပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာပေါ်က အမျိုးသမီးတွေလည်း လက်ဝှေ့ ကစားကြပါတယ်။ ကွယ်လွန်သူ ဆရာအကြည်တော် ရေးသားထားခဲ့ပြီး မထုတ်ဝေရသေးတဲ့ စာအုပ်အသစ်တွေထဲကတစ်အုပ် ‘မယ်သီတာဂျိုကာ’မှာ အမျိုးသမီးလက်ဝှေ့မယ်အကြောင်း ဖတ်ရှုရပါမယ်။
    အိမ်နီးချင်းနိုင်ငံတခုက နာမည်ကျော်လက်ဝှေးကစားသမား ခွန်းနက်ကို မယ်သီတာဂျိုကာ ဘယ်လို ယှဉ်ပြိုင်မလဲ? ကိုမင်းထင် မသိအောင်ရော ရေရှည် ဖုံးကွယ်နိုင်မှာလား? ဖတ်ရခဲတဲ့ အမျိုးသမီး လက်ဝှေ့နဲ့ ပတ်သက်တဲ့ ဝတ္ထုတစ်အုပ်မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကောင်စရိုက်တွေနဲ့ အချိတ်အဆက်မိမိ ရေးသားထားသလို ဆရာအကြည်တော်ရဲ့ စာအုပ်တွေအတိုင်း ဖတ်ရင်းနဲ့ ခွိခနဲ ပြုံးရ၊ ရယ်ရမယ့် ဇာတ်ကွက်တွေ ပေါင်းစပ်ထားတာမို့ မယ်သီတာဂျိုကာဟာ အကြည်တော်ရဲ့ ပရိသတ်တွေ စိတ်ကျေနပ်မှု အပြည့်ရစေဦးမယ့် စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

    Ks 11,000
  • အောင်မြင်သူတို့ခရီးလမ်း

    Scott Galloway ရဲ့ The Four စာအုပ်ကို ကိုနေ (Y.I.E) က ‘အောင်မြင်သူတို့ရဲ့ ခရီးလမ်း’ အမည်နဲ့ ဘာသာပြန်ထားတဲ့စာအုပ်မှာ ကမ္ဘာကျော်ကုမ္ပဏီကြီးလေးခုဖြစ်တဲ့ အက်ပဲလ်၊ အမေဇွန်၊ ဖေ့စ်ဘွတ်၊ ဂူးဂဲလ် တို့ရဲ့ သရုပ်မှန်ကို အကောင်း၊ အဆိုး မျှတစွာ ဘက်မလိုက်ဘဲ ဖော်ပြထားတယ်လို့ ဘာသာပြန်သူက ဆိုပါတယ်။ စာရေးသူ Scott Galloway ဟာ NYU Stern School of Business မှာ Marketing ပါမောက္ခတစ်ဦးဖြစ်ပြီး သူ့ရဲ့ ထိုးထွင်းဉာဏ်ရှိတဲ့ သုံးသပ်ချက်တွေနဲ့ ပွင့်ပွင့်လင်းလင်း ဝေဖန်တတ်တဲ့ စတိုင်ကြောင့် လူသိများသူပါ။The Four စာအုပ်မှာ မူရင်းစာရေးသူ Scott Galloway ဟာ အစိုးရကိုယ်တိုင်က ဥပဒေတွေနဲ့ ကာကွယ်စောင့်ရှောက်ပေးရတဲ့အထိ နက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတဲ့ ကုမ္ပဏီကြီးလေးခုရဲ့ ကမ္ဘာပေါ် မသိမသာ အင်အားချဲ့ထွင်ပုံတွေ၊ ကိုယ်ရေးအချက်အလက်တွေ ရောင်းစားခံရမှာကို သိသိကြီးနဲ့ ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအောက်က မလွန်ဆန်နိုင်ပုံတွေကို အားမနာတမ်း ချပြထားတယ်။အဲဒီနည်းပညာဘီလူးကြီးလေးခုဟာ ပျော်ရွှင်မှု၊ လူတစ်ဦးနဲ့တစ်ဦးကြား ဆက်သွယ်မှု၊ ကြွယ်ဝမှုနှင့် ရှာဖွေတွေ့ရှိမှုတွေအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ဖြစ်စေခဲ့တာ အမှန်ပါပဲ။ ပြီးတော့ လစာငွေမြင့်မားတဲ့ အလုပ်အကိုင်ပေါင်းများစွာ၊ အိမ်မှာနေရင်း လုပ်ကိုင်နိုင်တဲ့ Online  Shop တွေများစွာကိုလည်း ဖန်တီးပေးခဲ့တယ်။ ဒီလိုဆိုတော့ The Four ဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်စေခဲ့တာကို ငြင်းမရပါဘူး။

     

    Ks 9,500
  • ကျားဖောင်

    ကျားဖောင်ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ ပင်လယ်ပြင်က ငရဲခန်းလို့ ပြေးမြင်မိကြမှာပါ။

    လူတွေဟာ ပင်လယ်ထဲက သတ္တဝါတွေကို ကုန်းပေါ်ဆယ်ယူပြီး စီးပွားရေးလုပ်ကြတယ်။ တချို့ကတော့ ပိုက်ဆံအတွက် ပင်လယ်ထဲကို ပြန်ဆင်းပြီး အသက်ပေးသွားရပြန်တယ်။

    ကျားဖောင်ကို လူနဲ့သတ္တဝါ၊ လူနဲ့ငွေကြေး၊ အလဲအထပ်လုပ်ကြတဲ့နေရာလို့ ဆိုရင်လည်း မမှားပါဘူး။ ပင်လယ်ပြင်ကြီးကပေးတဲ့ ဝေဒနာ၊ လူလူချင်းကပေးတဲ့ ဒုက္ခတွေကြား ကုန်းပေါ်ပြန်တက်မယ့်ရက်ကို လက်ချိုးစောင့်နေရပြီး ပင်ပန်းဆင်းရဲကြီးစွာ ဖြတ်သန်းရတဲ့ လူ့ငရဲတွင်းတစ်ခုပါပဲ။

    ဆရာအာကာခေတ်ပိုင်က ဒီဖြစ်ရပ်တွေကို ကျားဖောင်ဆိုတဲ့စာအုပ်အဖြစ် ပုံဖော် ရေးဖွဲ့ထားပါတယ်။ ဒီစာအုပ်ထဲမှာ ပင်လယ်မှာ အသက်မွေးပြီး စီးပွားရှာကြတဲ့ ကျားဖောင်လုပ်ငန်းအကြောင်းကို ဗဟုသုတရစရာအဖြစ် သိခွင့်ရပါလိမ့်မယ်။

    ဒါ့အပြင် ဖောင်ဦးစီးချုပ်တွေ၊ ဖောင်ဦးစီးတွေရဲ့ လူမဆန်တဲ့လုပ်ရပ်တွေ၊ ဖောင်နောက်လိုက်တွေအပေါ် ကိုယ်ချင်းမစာနာစွာ ညှင်းပန်းနှိပ်စက်မှုတွေကိုလည်း မြင်တွေ့ရပြန်ပါတယ်။

    လူပွဲစားတွေရဲ့ ငွေရလိုမှုတစ်ခုတည်းအတွက် လူလူချင်းအမြတ်ထုတ်ပုံတွေကို ဖတ်ရတဲ့အခါမှာလည်း ဒေါသထွက်ပြီး ခံပြင်းစရာပါ။ ကိုယ့်နိုင်ငံထဲမှာတင် ကိုယ့်လူမျိုးအချင်းချင်းက လူကုန်ကူးတဲ့ဖြစ်ရပ်တွေဟာ နေရာတိုင်းမှာ လူမသိသူမသိဘဲ အများကြီးရှိနေနိုင်ပါတယ်။ ဒီလိုအကြောင်းအရာတွေကို စာရေးဆရာက စာရေးခြင်းအတတ်ပညာနဲ့ ဝတ္ထုတစ်အုပ်ထဲမှာ လှလှပပ အကွက်ဆင်ကာ ထည့်သွင်းပုံဖော်ထားပါတယ်။

    ကျားဖောင်စာအုပ်ထဲမှာ ဖောင်ဦးစီးမှတ်ကြီး၊ ဦးခင်ဝင်း၊ မိုးစည်နဲ့ရဲထက်တို့ လေးဦးရဲ့ မတူညီတဲ့ ဘဝဖြစ်စဉ်တွေကို တွေ့ရပါလိမ့်မယ်။ ဒီလူလေးဦးဟာ အန္တရာယ်များပြားလှတဲ့ ကျားဖောင်ပေါ်ကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာကြသလဲ၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆရာအာကာခေတ်ပိုင်က စိတ်ဝင်စားဖွယ်ရေးသားထားပါတယ်။ ဒီလူတွေဟာ ကုန်းပေါ်ကိုရော ပြန်ရောက်ခွင့်ရပါ့မလား။ ပင်လယ်ထဲမှာ အချိန်မရွေး အစပျောက်သွားမလား။ ကိုယ့်နိုင်ငံအတွင်းမှာပဲ နေထိုင်ရင်း ကျားဖောင်ပေါ်က လုံခြုံမှု မရှိတဲ့ဘဝတွေအတွက် ရင်လေးစရာပါပဲ။

    ကျားဖောင်စာအုပ်ထဲက ဇာတ်ကောင်တစ်ဦးဖြစ်သူ ရဲထက်ပြောတဲ့ စကားလေးတစ်ခွန်းက စာဖတ်သူတို့ကို မှတ်မှတ်ထင်ထင် ရှိစေမှာ ဖြစ်ပါတယ်။

    “ပင်လယ်ရေတွေ ခန်းသွားရင်ကောင်းမယ်” တဲ့။

    တချို့တွေအတွက် အိမ်ပြန်နိုင်ဖို့ အခွင့်အရေးဟာ ပင်လယ်ကြီး ခန်းခြောက်သွားမှတဲ့လား … ။

    Ks 9,000
  • ဂေဟာ

    ပထမစာမျက်နှာကို ဖတ်ပြီး အဆုံးထိ ဆွဲခေါ်သွားမယ့် ဝတ္ထုမျိုးမှ ဖတ်ချင်တယ် ဆိုရင်တော့ မဧကံရဲ့ Shelter ဟာ အမှန်ကန်ဆုံး ရွေးချယ်မှု ဖြစ်လိမ့်မယ်။ ကေတီဗွီမှာ အလုပ်လုပ်ပြီး မေတ္တာအထားမှားမိလို့ ကိုယ်ဝန်ရသွားတဲ့ ရဲနွယ်လွင် အမည်ရှိ အမျိုးသမီးလေးတစ်ယောက်ကို ဇာတ်အိမ်တည်ထားတယ်။ ဒီလို အခင်းအကျင်းမှာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်အဖြစ် Shelter ဝတ္ထု အစကနေ အဆုံး လက်ကမချနိုင်အောင် စာရေးဆရာမ မဧကံက ဘယ်လိုရေးဖွဲ့ထားမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှတယ်။

    မိဘဆွေမျိုး ကျောထောက်နောက်ခံမရှိဘဲ မိခင်မေတ္တာတစ်ခုတည်းနဲ့ လွယ်ထားရတဲ့ကလေးကို မရရအောင် မွေးဖို့ဆုံးဖြတ်ခဲ့တဲ့ ရဲနွယ်လွင်။

    ရဲနွယ်လွင်တစ်ယောက် ရှမ်းပြည်နယ်ထဲက ဂေဟာတစ်ခုကို အားကိုးတကြီး ရောက်သွားမိတဲ့အခါ ထင်မှတ်မထားတဲ့ အရာတွေကို ဘယ်လိုရင်ဆိုင်ရမှာလဲ။
    တွေ့ဆုံရင်းနှီးမိတဲ့ ကားသမားလေး ထူးမြတ်နောင်နဲ့ကော ဘာတွေဆက်ဖြစ်သွားကြမလဲ။
    အပင်မရှိဘဲ မွှေးနေတဲ့ စန္နကူးနံ့တွေကတစ်ဆင့် အမှတ်မထင် သိရှိလိုက်ရတဲ့ စောမြဝေ။
    သည်မိန်းကလေးရဲ့အဖြစ်အပျက်တွေကိုရော ရဲနွယ်လွင်တစ်ယောက် သိခွင့်ရလာမှာလား။
    ဂေဟာက ဆရာမကြီးဒေါ်သက်ဝေကိုရော ရဲနွယ်လွင် ယုံကြည်အားကိုးရပါ့မလား။
    ရဲနွယ်လွင်ဟာ သူလွယ်ထားရတဲ့ ကလေးကိုရော အပြည့်အဝကာကွယ်နိုင်ပါ့မလား။
    ဒီဂေဟာထဲမှာ ရဲနွယ်လွင်ရဲ့အနာဂတ်ဟာ ဘယ်လိုတွေရှေ့ဆက်ဖြစ်လာမလဲ။

    သူခိုလှုံဖို့ရောက်လာမိတဲ့ ဂေဟာကြီးဟာ လျှို့ဝှက်ချက်တွေပြည့်နေလေတော့ ရဲနွယ်လွင်တစ်ယောက် ဘယ်လို ရင်ဆိုင် ကျော်လွှားသွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြက်သီးထအောင် ဖတ်ရှုရပါလိမ့်မယ်။

    စာရေးဆရာမ မဧကံဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအချိုးအကွေ့တစ်ခုကို အခြေခံပြီး ဇာတ်လမ်းတစ်ခုလုံးကို သည်းထိတ်ရင်ဖိုဖြစ်အောင် ဖန်တီး ရေးသားသွားပါတယ်။ စဖတ်မိကတည်းက စာဖတ်သူကို တောက်လျှောက် ဆွဲခေါ်သွားမယ့် ဇာတ်အိမ်ဖြစ်ပြီး ဖတ်နေတဲ့လူကိုပါ ဂေဟာထဲ ဆွဲခေါ်သွားနိုင်တဲ့ အရေးအသားမျိုးဖြစ်တယ်။

    Shelter ဝတ္ထုဟာ ဇာတ်လမ်းအဆုံးထိကို ဖတ်ပြီးမှ စိတ်ကျေနပ်ရမယ့် စာအုပ်ဖြစ်ပါတယ်။ ရင်ထိတ် အံ့ဩဖွယ်များ ဖတ်ရှု ခံစားလိုသူတိုင်း လက်မလွတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါပဲ။

    Ks 8,000

    ဂေဟာ

    Ks 8,000
  • ရွှေအိမ်တော်အဖွင့်ကျမ်း

    ဆရာဇင်ယော်နီရဲ့ ရွှေအိမ်တော်အဖွင့်ကျမ်း စာအုပ်လေးကို အိမ်ခြံမြေဝယ်ယူမဲ့သူတွေ၊ အိမ်ခြံမြေပွဲစားတွေနဲ့ မိမိနေအိမ်ကို အကျိုးဖြစ်ထွန်းစေလိုသူတွေ လုံးဝဆောင်ထားသင့်ပါတယ်။ မိမိတို့ နေထိုင်ရာ ပတ်ဝန်းကျင်၊ နေအိမ်‌တွေမှာ အဖျက်ပယောဂ၊ အတိုက်အခိုက်တွေ ရှိမရှိ သံသယဖြစ်နေရင်လည်း ရွှေအိမ်တော်အဖွင့်ကျမ်းကိုသာ ရဲရဲကြီးအားကိုးလိုက်ပါ။ ဗေဒင်၊ ယတြာဆိုတာကို ယုံကြည်ခြင်း၊ မယုံကြည်ခြင်း အသာထားလို့ ဒီစာအုပ်လေးကို ကိုယ့်မိတ်ဆွေအပေါင်းအသင်း၊ တိုင်ပင်ဖော်တိုင်ပင်ဖက် တစ်‌ယောက်လို ဘေးနားမှာ ထားထားလိုက်ပါ။ အချိန်တစ်ခု ကြာသွားတဲ့အခါ ကိုယ့်အတွက် ဘယ်လောက်အကျိုးရှိသလဲဆိုတာ လက်တွေ့သိလာပါလိမ့်မယ်။

    ဒီစာအုပ်ထဲမှာ အိမ်ခြံမြေပိုင်ရှင်များအတွက် မြေသန့်နည်း၊ အမှောင့်ပယောဂ အစွဲရှင်းနည်း၊ အတိုက်အခိုက် ပြေပျောက်စေနည်း၊ အရောင်းအဝယ် အမြန်ဖြစ်နည်း၊ အိမ်ဆောက်ဖို့အတွက် ရက်ကောင်းရက်မြတ် ရွေးချယ်နည်း‌တွေလို တန်ဖိုးရှိတဲ့ နည်းလမ်းတွေ ပါဝင်ပါတယ်။

    လောကီပညာရပ်ဆိုတာဟာ သာမန်လူတွေ မမြင်နိုင်တဲ့အရာပါ။ ဒါကြောင့်မို့ ဒီပညာရပ်တွေကို ရေးသားထုတ်ဝေထားတဲ့ ဒီစာအုပ်လေးကို အသုံးပြုပြီး မိမိနေထိုင်ရာ အရပ်ဒေသကို သန့်ရှင်းစင်ကြယ်လိုက်ပါ။ ထိထိရောက်ရောက် ကာကွယ်ပါ။ ဒီစာအုပ်ထဲမှာ အကျိုးစီးပွားဖြစ်ထွန်း‌စေတဲ့ ယတြာ‌တွေ၊ ဂါထာအစွမ်းတွေကိုလည်း တွေ့မြင်ဖတ်ရှုရပါလိမ့်မယ်။ ဆရာဇင်ယော်နီက ခုနှစ်ရက်သားသမီးများအတွက် အိမ်ခြံမြေနဲ့ပတ်သတ်ပြီး ဆောင်ရရှောင်ရမှာတွေ၊ အတိုက်အခိုက်အဖျက်ရန်က ကာကွယ်ရမဲ့အရာတွေကို စေတနာပါပါ ဖော်ပြထားတာမို့ တန်ဖိုးရှိတဲ့ လက်စွဲတော်စာအုပ်ဖြစ်လာပါမယ်။

    ရွှေအိမ်တော်အဖွင့်ကျမ်းဟာ တအုပ်ဆောင်ထားရုံဖြင့် တဘဝလုံးအတွက် အကြံဉာဏ်ကောင်းပေးနိုင်ပါလိမ့်မယ်။ ဒါကြောင့် မိမိဘဝတစ်လျှောက်လုံး မင်္ဂလာနိမိတ်၊ မင်္ဂလာအခါတွေနဲ့ ပြည့်ဝစေဖို့အတွက် ရွှေအိမ်တော်အဖွင့်ကျမ်းကို ဆောင်ထားလိုက်ပါ။

    Ks 7,500
  • မျောက်ငှက်

    မျောက် ငှက်’ဟာ ကမ္ဘာကျော် စာရေးသူနှစ်ဦးရဲ့ ဇာတ်လမ်းနှစ်ပုဒ်ကို တစ်အုပ်ထဲပေါင်းပြီး ဆရာလင်းခန့်က ဘာသာပြန်ထားတဲ့ စာအုပ်ပါ။ သည်းထိတ်ရင်ဖို ဇာတ်ကြောင်းကိုမှ ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစား ဖတ်ချင်သူတွေအတွက် ‘မျောက် ငှက်’ဟာ လက်မလွှတ်သင့်တဲ့ စာအုပ်ကောင်းတအုပ်လို့ ဆိုနိုင်ပါတယ်။

    မျောက်ရဲ့ မူလဇာတ်လမ်းရေးသူ Stephen King ကို စာဖတ်ပရိသတ်တို့နဲ့ အထူးမိတ်ဆက်ပေးဖို့ လိုမယ်မထင်ပါဘူး။ Thriller & Mystery ဇာတ်လမ်းရေးသူများအနက် ကမ္ဘာကျော်ထိပ်သီးတစ်ဦးဖြစ်ပြီး ပရိသတ်များက သည်းထိတ်ရင်ဖိုဘုရင်လို့တောင် သတ်မှတ်ကြပါတယ်။ The Monkey ဟာ‌ British Fantasy Award ဆန်ခါတင်စာရင်းဝင်တဲ့အထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်အနေနဲ့လည်း လူကြိုက်များ ကျော်ကြားခဲ့တာပါ။

    ဇာတ်လမ်းအစမှာ ညီအစ်ကိုနှစ်‌ယောက် မျောက်ရုပ်အဟောင်းကို ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ရက်စက်တဲ့ လူသေဆုံးမှုတွေဆက်တိုက်ဖြစ်လာပြီး သူတို့မိသားစုလည်း ပြိုကွဲသွားခဲ့ရတာဟာ တိုက်ဆိုင်တဲ့ အကြောင်းအရာသက်သက်လား။ နောက်ထပ် နှစ်ဆယ့်ငါးနှစ်အကြာမှာ ပြန်ပေါ်လာတဲ့ အဲဒီမျောက်ကြောင့် “ဒီတစ်ခါ ဘယ်သူ့အလှည့်လဲ“ ဆိုတာ ရင်တထိတ်ထိတ်နဲ့ ဖတ်ရှုရပါလိမ့်မယ်။

    Ks 7,000

Main Menu