• တစ်ဘဝဒဏ်ရာ

    ချစ်​ခြင်း​ကြောင့် ဆင်းရဲခြင်း ဖြစ်​ရတယ်​

    ကိုယ်​စိတ်​နှစ်​ပါး ဆင်​းရဲရတာဟာ ချစ်​ခြင်​း​ကြောင်​့ ဖြစ်​တယ်​ ၊ ချစ်​ခြင်​းသာ အမွန်​အစ ဖြစ်​တယ်​လို့ တရား​တော်​မှာ ပါပါတယ်​ ။
    အချစ်​နဲ့ မကင်​းကြတဲ့ လူသား​တွေဟာ ချစ်​ခြင်​း​ကြောင်​့ ဆင်​းရဲကြရတာ အမှန်​တရား ပါပဲ ။ ချစ်​ခြင်​း ဆိုတာမှာလည်​း ၁၅၀ဝ အချစ်​​ကြောင်​့မှ ဆင်​းရဲခြင်​း ကြုံရတာ မဟုတ်​ပါဘူး ။ ၅၂၈ ​မေတ္တာ ​ကြောင်​့လည်​း ဆင်​းရဲခြင်​း ကို ကြုံ​တွေကြရတာပဲ ။

    စစ်​ကိုင်​းတိုင်​း ၊ က​လေးမြို့ ဝန်​းကျင်​ ၊ မြစ်​သာမြစ်​ နား ၊ သာယာကုန်​းရွာ​လေးက လူ​နေမှုဘဝ​တွေ ။ သူတို့ ဝမ်​းစာ ဘယ်​လို ရှာကြသလဲ ၊ ​ခေတ်​ဆိုး စနစ်​ဆိုးကြီး ​အောက်​မှာ ရှင်​သန်​​နေကြရတဲ့ လူ​တွေရဲ့ ​ပင်​ပန်​း ခက်​ခဲရတဲ့ ဘဝ​တွေ ။ ​ရေနံထွက်​လို့ ​ရေနံ​မှော်​ လုပ်​ကြ ၊ ထုံးဖုတ်​ကြ ၊ သစ်​လုပ်​ငန်​း လုပ်​ကြနဲ့ စုံလင်​လှတဲ့ ဘဝ​များ။ ရင်​​မောစရာ ထိုထို ဘဝ​တွေကြားက ​မေတ္တာ စမ်​း​ချောင်​း​လေးပမာ သက်​လယ်​ ဆိုတဲ့ ​ကောင်​းမ​လေးရဲ့ သူ့ ​မောင်​​လေး ပိုးလုံး​လေး အ​ပေါ် ထားတဲ့ ​မေတ္တာတရားဟာ ကြည်​လင်​​အေးမြတဲ့ စမ်​း​ရေ ပမာ ။

    နတ်​ကိုးကွယ်​မှုကို အယုံကြည်​လွန်​ပြီး အယူသီး အစွဲအလမ်​းကြိီးတဲ့ အဘွား ။ ​ခေါင်​းမာပြီး တ​စောက်​ကန်​း လုပ်​တတ်​တဲ့ ​ဖေ​ဖေ ​ ။ ရပ်​ရွာအကျိုးအတွက်​ တစ်​ပြားတစ်​ချပ်​ မှ ခံစားခွင်​့ မယူဘဲ မှန်​မှန်​ကန်​ကန်​ လုပ်​တတ်​လို့ လူအချို့ရဲ့ မုန်​းတီးခြင်​း ခံရသူ တစ်​ဦးလည်​း ဖြစ်​တယ်​ ။ ကျိန်​စာတိုက်​ ခံရတဲ့ အထိကို တချို့က က မုန်​းကြတယ်​ ။

    လင်​​ယောက်​ျား နဲ့ သားသမီး အတွက်​ ​ယောက္ခမ ဖြစ်​သူ ညွှန်​ကြားသမျှ လိုက်​လုပ်​​ပေးရတဲ့ ​မေ​မေ ။ ​မောင်​က​လေး ပိုးလုံး​လေး ​မွေးကတည်​းက အသက်​နဲ့အမျှ ချစ်​ရတဲ့ အစ်​မ သက်​လယ်​ ။ အရွယ်​မတိုင်​ခင်​ ကတည်​းက အ​ဖေ့အလုပ်​ကို ကူညီချင်​စိတ်​ အမြဲရှိတဲ့ သားလိမ္မာ​လေး ပိုးလုံး​လေး ။ သူတို့ မိသားစု အ​ပေါ် ရိုက်​ခတ်​လာတဲ့ ​လောကဓံ မုန်​တိုင်​းထဲမှာ ​မောင်​က​လေး အ​ပေါ် ချစ်​တဲ့စိတ်​နဲ့ သက်​လယ်​ တစ်​​ယောက်​ ပင်​ပန်​း ဆင်​းရဲခဲ့ရတယ်​ ။ တစ်​ဘဝစာဒဏ်​ရာ ပိုင်​ရှင်​ သက်​လယ်​ ရယ်​​လေ ။

    က​လေးမြို့ နားက သာယာကုန်​း ရွာ ရဲ့ လူမှု စီးပွား​ရေး​တွေ ၊ ​ရေနံ​မှော်​ မှာ ရုန်​းကန်​ကြရတဲ့ ဘဝ​တွေ ။ အဲဒီ လူ​တွေ ​မျှော်​လင်​့ချက်​ အပြည်​့နဲ့ ဆင်​းရဲပင်​ပန်​းစွာ ​ရေနံတူးကြရတဲ့ ဇာတ်​လမ်​း​တွေ ။အဆိုးထဲက အ​ကောင်​းဖြစ်​တဲ့ ​မောင်​နဲ့ နှမ ရဲ့ ကြည်​နူးဖွယ်​ ချစ်​ခြင်​း ​မေတ္တာတရား ​တွေကို ဆရာမ ​ဆေး​ဆေ က သပ်​ရပ်​ လှပစွာ ​ရေးဖွဲ့ထားပါတယ်​ ။

    ပထမ တစ်​အုပ်​တုန်​းကလိုပဲ နိုင်​ငံခြား ​နောက်​ခံ စိတ်​ဝင်​စားစရာ အဖြစ်​အပျက်​​တွေနဲ့ ချစ်​ခြင်​း​မေတ္တာကို အခြား​သော ရှု​ထောင်​့တစ်​ခုမှ ထူးခြားစွာ ​ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်​လမ်​း​လေးဟာ စဖတ်​မိလိုက်​ရင်​ စာအုပ်​ကို လက်​က မချနိုင်​​အောင်​ပဲ စာဖတ်​သူကို ဆွဲ​ခေါ်သွားမှာပါ ။
    ​ဖွေရှာ​မောရသူမယ်​ စာအုပ်​နဲ့ လုံချင်​း​လောကမှာ ပွဲထွက်​​ကောင်​းခဲ့တဲ့ ဆရာမ ​ဆေး​ဆေရဲ့ ဒုတိယ​မြောက်​ လက်​ရာ ၊ ပင်​ကို​ရေး ဝတ္ထု​ အသစ်​တစ်​ပုဒ်​ ဖြစ်​ပါတယ်​ ။

  • မှောင်ရိပ်ကလိပ်ပြာ (မဂ္ဂဇင်းဝတ္ထုတိုများ)

    “ဖွေရှာမောရသူမယ်” ၊ ” တစ်ဘဝဒဏ်ရာ ” နှင့် မကြာသေးခင်က ထွက်ရှိခဲ့တဲ့ ” ခိုတွယ်ရာ ” လုံးချင်းဝတ္ထရှည်တွေရဲ့ ဖန်တီးသူပဲ့ကိုင်ရှင် ဆရာမဆေးဆေရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်အသစ်ထွက်ရှိလာပါပြီ။ ဆရာမဟာ ဝတ္ထုတိုရေးသူသက်သက်အဖြစ် စာပေလောကထဲသို့ဝင်ရောက်လာပြီး လုံးချင်းဝတ္ထုရှည် (၃) အုပ်ထွက်ပြီးမှ ယခုဝတ္ထတိုပေါင်းချုပ်စာအုပ်ကို စာဖတ်သူတွေလက်ထဲ အရောက်ပို့လိုက်တာဖြစ်ပါတယ်။

    ဖြတ်သန်းရာ ခေတ်ကာလကို အပြည့်အဝ ထင်ဟပ်ဖော်ကျူးသော ဆရာမဝတ္ထုများတွင် ဝတ္ထုအခင်းအကျင်းမှတဆင့် ထပ်ဆင့်မြင်ရသော ပုံရိပ်များ၊ အဖြစ်အပျက်များကို ခံစားရယူနိုင်ခြင်းက အရသာတစ်မျိုးပင်။ ဒါသည်ပင် ဆရာမဆေးဆေ၏ ထူးခြားမှုဟု ဆိုချင်ပါတယ်။ အရောင်၊ အလင်း ညီသည့် ပန်းချီကားတစ်ချပ်ပမာ အကြောင်းအရာအားကောင်းသော ဝတ္ထုတိုများတွင် စ/လယ်/ဆုံး ဝါကျဖွဲ့လှသည့် ဆရာမ၏ စာအရေးအသားနှင့် တင်ဆက်မှုအနုပညာကို ကျေနပ်နှစ်သိမ့်ကြမယ် ထင်ပါတယ်။

    ယခုစာအုပ်တွင် ၂၀၀၉ ခုနှစ်မှစပြီး ၂၀၂၀ ပြည့်နှစ်အထိ (၁၁) နှစ်တာကာလအတွင်း ရေးသားခဲ့တဲ့ ဝတ္ထုတိုလေးတွေပါဝင်ပါတယ်။ ဝတ္ထုတိုချစ်သူပီပီ ဆရာမရဲ့ ကိုယ်တိုင်ရေးဝတ္ထုတိုလေးတွေဟာ အရသာတစ်ခု၊ ဟန်တစ်မျိုးထူးခြားနေပြန်ပါတယ်။

    ” ကျွန်မ၏ ဝတ္ထုတိုများကို ပြန်ဖတ်မိတိုင်း ရေးဖွဲ့ချိန်က စိတ်လိပ်ပြာ ဖြတ်သန်းမှုရောင်စဉ်အောက် ကျွန်မစိတ်တို့ တဝဲလည်လည် ရောက်ရတတ်မြဲ။ သို့အတွက် ယခုစာအုပ်အမည်ကို မှောင်ရိပ်ကလိပ်ပြာ မဂ္ဂဇင်းဝတ္ထုတိုများ ဟု ပေးဖြစ်ပါသည်လို့ ” ဆိုထားပါတယ်။ ရွှေအမြုတေမဂ္ဂဇင်းမှ ဝတ္ထုတို(၁၆) ပုဒ်၊ အခြားများမှ (၂) ပုဒ် စုစုပေါင်း ဝတ္ထုတို (၁၈) ပုဒ်ကို ဆရာမြင့်မောင်ကျော်ရဲ့ အတွင်းသရုပ်ဖော်ပန်းချီများကိုကြည့်ရှုခံစားရင်း ဖတ်ရှုရမှာပဲဖြစ်ပါတယ်။”

  • စာသမားဂရု အမှတ်တရစာစုများ

    သူတို့ဟာ စာတွေဖတ်ကြတယ် ။ သူတို့ ဖတ်ခဲ့တဲ့စာအုပ်အကြောင်းတွေတွေကို အညွှန်းရေးပြီး အခြားစာဖတ်သူတွေကို မျှဝေဖို့အတွေးလေး ရသွားကြတယ်။ စာအုပ်ဖတ်စာ ဝါသနာပါသူတွေ တစုတစည်းတည်းဖြစ်သွားအောင် Group လေးတခု ဖွဲ့လိုက်ကြတယ်။ သူတို့ ဆိုတာ #စာသမားများ အဖွဲ့လေးပါ။

    စာဖတ်ဝါသနာပါသူတွေကို သူတို့လိုပဲ စာညွှန်းလေးတွေရေးဖို့ တိုက်တွန်းနှိုးဆော်ကြတယ်။ စာဖတ်ဝါသနာပါသူတွေ၊ စာညွှန်းရေးသူတွေနဲ့ စာသမား ဂရုလေးဟာ စည်းကားလာတော့ နောက်တလှမ်း ထပ်လှမ်းလာကြတယ်။

    သူတို့တတွေကို စာတွေပဲ ဖတ်ပြီး သာယာမနေပါနဲ့၊ ပင်ကိုရေး ဝတ္တုတိုလေးတွေ ရေးပါဆိုပြီး ထုတ်ဝေသူတယောက်က မြှောက်ပေးတယ်။

    အဲဒါနဲ့ သူတို့အဖွဲ့ဝင် ၇ ယောက်စုပြီး ပင်ကိုရေး ဝတ္တုတိုတွေ တပုဒ်စီရေးဖြစ်ကြတယ်။ စာရေးဆရာ တယောက်ပါတယ်၊ မဂ္ဂဇင်းမှာ ဝတ္တုတိုရေးဖူးသူ တယောက်ပါတယ်။ ကျန်တဲ့သူတွေကတော့ အပျော်တမ်းတွေပဲပေါ့။ စာပေတန်ဖိုး၊ အနုပညာတန်ဖိုးနဲ့ မတူကြပဲ အမှတ်တရအနေနဲ့ ရေးကြတာဖြစ်လို့ အကြီးကြီးတော့ မျှော်လင့်လို့မရနိုင်ပါဘူး။ ဒါပေမဲ့ မတူကွဲပြားတဲ့ အရသာတခုတော့ ပေးစွမ်းနိုင်မှာပါ။
    သူတို့ဖတ်ဖူးတဲ့ စာအုပ်အမည်တွေ၊ မဖတ်ဖူးပေမဲ့ သိနေတဲ့စာအုပ်အမည်တွေကို

    #စာအုပ်အမည်များနဲ့ အခွီပြောမဲ့အစီအစဉ်” မှာ အပြန်အလှန်ပြောဖြစ်ကြတယ် ။ အဲဒီလို ပြောဖြစ်ကြတဲ့ အခွီကော့မန့်တွေလဲ ဒီစာအုပ်လေးထဲမှာ ပါလာပါတယ်။ မျိုးဆက်သစ် စာဖတ်ဝါသနာရှင်တွေအတွက် တစုံတရာ အထောက်အကူပြုနိုင်မယ်ဆိုရင် သူတို့ ပီတိဖြစ်ကြမှာပါ။

Main Menu