-
ဗီလိန်
ချစ်ခိုင်စံကြည်လင်အေးက အောင်မြင်ကျော်ကြားနေပြီဖြစ်တဲ့ best seller စာရေးဆရာလေး။ လုံးချင်းစာအုပ်တွေ တစ်အုပ်ပြီး တစ်အုပ်ထွက်ရှိလာခဲ့ပြီး စာဖတ်ပရိသတ်တွေလဲ အခိုင်အမာ ရရှိနေပြီဖြစ်သူ။သူ့ရဲ့ ခုနစ်အုပ်မြောက် လုံးချင်းဝတ္ထုက သက် ငယ် မုဒိန်းမှုတစ်ခုကို အခြေခံပြီး ရေးဖွဲ့ထားတယ်။ သက် ငယ် မုဒိန်းကို အခြေခံထားတယ်ဆိုသော်ငြား ပုံမှန်ဇာတ်လမ်းတွေလို မဟုတ်ဘဲ နစ်နာသူတွေဘက်က ထိုက်တန်တဲ့ တရားမျှတမှုကို မရတဲ့အခါ ကျူးလွန်သူတွေကို သူတို့နည်းသူတို့ဟန်နဲ့ ပြစ်ဒဏ်စီရင်တဲ့ အကြောင်းကို ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းတစ်ပုဒ်။အဲ့ဒီ ခုနစ်အုပ်မြောက် စာအုပ် ထုတ်ဝေခြင်း အမှတ်တရ လက်မှတ်ရေးထိုးပွဲကနေ အပြုံးလေးတစ်ခုကို အစပြုပြီး စာရေးဆရာကြည်လင်အေးနဲ့ စာဖတ်ပရိသတ်တစ်ဦးဖြစ်တဲ့ နှင်းစံပယ်တို့ ဆုံဆည်းခဲ့တယ်။စာအုပ်ထွက်ရှိပြီး ကာလတစ်ခုရောက်တော့ စာရေးဆရာ ကြည်လင်အေး အိမ်မှာ နေရင်းထိုင်ရင်း ရဲတွေလာဖမ်းတာ ခံရပါလေရော … ။အဖမ်းခံရတဲ့အကြောင်းက ရပ်ကွက်တစ်ခုမှာ သန်းဌေး အမည်နဲ့ လူတစ်ယောက် လုပ်ကြံခံရတယ်။ သန်းဌေး လုပ်ကြံခံရတာက ထူးသလို ဆန်းလဲ ဆန်းပြားတယ်။ ပြီးတော့ ရင်ဘတ်မှာ တက်တူးနဲ့ ‘မု ဒိန်း ကောင်’ ဆိုတာကို အရေးခံထားရသေးတယ်။ သန်းဌေး ကိစ္စမှာ ကြည်လင်အေး အဖမ်းခံရတာက စာရေးဆရာရဲ့ နောက်ဆုံး ထွက်ထားတဲ့ စာအုပ်ထဲက လုပ်ကြံနည်းအတိုင်း သန်းဌေး ကြုံခဲ့ရလို့ပဲ ဖြစ်တယ်။ တိုက်ဆိုင်တာက သေဆုံးသူ သန်းဌေးဟာ ကြည်လင်အေးရဲ့ ချစ်စခင်စ ချစ်သူလေး နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲဖြစ်နေတာ။ပြဿနာတွေဟာ ကြည်လင်အေး အချုပ်ကျသွားရုံနဲ့ ပြီးမသွားဘူး။ သံသယမှုနဲ့ ကြည်လင်အေး အချုပ်ကျနေစဉ်အတွင်း လုပ်ကြံမှု ၂ မှု ထပ်ထပ်ဖြစ်တယ်။ ထပ်လုပ်ကြံခံရတဲ့သူတွေဟာ သန်းဌေးလိုပဲ စိတ်ကြိုက်စီရင်မှု ခံရတယ်။ ရင်ဘတ်မှာလဲ ‘မု ဒိန်း ကောင်’ ဆိုတာ တက်တူးနဲ့ ရေးခံခဲ့ရတယ်။ ပြီးတော့ သန်းဌေးနောက်မှာ လုပ်ကြံခံရတဲ့သူ နှစ်ယောက်ကလဲ နှင်းစံပယ်ရဲ့ အစ်ကိုဝမ်းကွဲတွေပဲ။သက် ငယ် မုဒိန်းမှုကို စာရေးဆရာက ရေးသားပုံဖော်တဲ့ ဇာတ်လမ်းတစ်ပုဒ်။အဲ့ဒီဇာတ်လမ်းထဲက စီရင်ပုံအတိုင်း လိုက်လံပြီး မုဒိန်းကောင်တွေကို စီရင်သူ လူတစ်ယောက်။ဇာတ်လမ်းရေးသူ ကြည်လင်အေးရဲ့ ချစ်သူက မုဒိန်းကောင်တွေလို့ သတ်မှတ်ခံရသူတွေနဲ့ ဆွေမျိုးတော်စပ်သူ။ချစ်ခိုင်စံ ရဲ့ ဗီလိန် ဟာ စဖတ်လိုက်တာနဲ့ ဇာတ်သိမ်းအထိ ရင်တမမ ဖြစ်နေရမဲ့ လျှို့ဝှက်သည်းဖို ချောက်ချားဖွယ် ဇာတ်လမ်းတစ်ပုဒ်။စာချစ်သူတို့ကို အကြုံပြုလိုတာက လုပ်စရာရှိတဲ့ အလုပ်တွေ မပျက်ချင်ရင် ချစ်ခိုင်စံ ရဲ့ ဗီလိန် ကို ဘယ်လိုမှ အစပြုပြီး သွားမဖတ်လိုက်ပါနဲ့။ စ ဖတ်လိုက်တာနဲ့ အကုန်လုံးကို မေ့ပြီး အဆုံးထိ ဆွဲခေါ်သွားမှာမို့ အစ အဆုံး ဖတ်ဖို့ အေးဆေး အချိန်ရှိတယ် ဆိုမှသာ ဖတ်ရှုပါလို့ အကြံပြုလိုက်ပါတယ်ခင်ဗျာ။Ks 5,000ဗီလိန်
Ks 5,000 -
ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ
ကျော်အောင်ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ခေတ်စနစ်တစ်ခုအပေါ် အခြေခံပြီး ကွဲပြားခြားနားသွားသည့် လူ့သဘော လူ့စရိုက်သဘာဝကို ဖော်ပြထားသည်။အခြေခံအုတ်မြစ်ဖြစ်သော တောင်သူလယ်သမားတို့၏ ချွေးစက်များကို တန်ဖိုးထား ကာကွယ်လိုသောစိတ်၊ တောသူတောင်သားတို့အပေါ် ငဲ့ညှာထောက်ထားစေလိုသော စိတ်ရင်းစေတနာတို့ကို ဤဝတ္ထုတွင် စာရေးဆရာ ပုံဖော်ထားသည်ကို တွေ့မြင်ရပေမည်။အညာကျေးလက်ဒေသ၏ သာယာအေးချမ်းသော ရှုမျှော်ခင်းအချို့ကို ဖတ်ရှုနေရင်း လိုက်ပါမြင်ယောင် ခံစားစေအောင်လည်း ရေးဖွဲ့သည်။ အညာဒေသ၏ လတ်ဆတ်သော လေကောင်းလေသန့်ကို ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုတွင် ရှူရှိုက်မိစေမည်။ ယာတောသူလေးများ၏ သာယာနာပျော်ဖွယ် တေးသီချင်းသံတို့ကိုလည်း ကြားရမိပြန်မည် ဖြစ်သည်။ဆရာကျော်အောင်၏ ချွေးနှင့်သွေးနှင့်ရင်းသည့်မြေ ဝတ္ထုသည် ယခင်တစ်ချိန်က ရှိခဲ့ဖူးသည့် ခေတ်ကာလတစ်ရပ်ကို ထင်ဟပ်စေသည့် စာကောင်းတစ်ပုဒ် ဖြစ်ပါသည်။ ဤဝတ္ထုထဲတွင် ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်သော စိတ်နှလုံးသားတို့ များစွာ ဖူးပွင့်လျက်ရှိပေသည်။Ks 6,000ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ
Ks 6,000 -
ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ
ဇင်ယော်နီမသိသူကျော်သွား သိသူဖော်စားပေရော့ဗျာ … တအုပ်တည်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို ထည့်သွင်းပေးထားတယ်။ မနောမယဂျာနယ်၊ မြန်မာ့အသံ ရွှေလမ်းငွေလမ်း ညွှန်လိုက်မယ် အစီအစဉ်၊ ပတ္တမြားအက်ဖ်အမ် တာရိုစကုပ် အစီအစဉ်၊ ရုပ်သံဌာနတခုမှာ ပြသခဲ့တဲ့ ရွှေစကားငွေစကား အစီအစဉ်နဲ့ online ပေါ်မှာ ရေးသားခဲ့တဲ့ ဂမ္ဘီရလက်ဆောင်များကို စုစည်းဖော်ပြထားတာ ဖြစ်ပါတယ်။ တနည်းပြောရရင် ဆရာဇင်ယော်နီရဲ့ ဗေဒင်ပညာ ဘဝလမ်းခရီးတစ်လျှောက် ပြုစုခဲ့တဲ့ အဆီအနှစ် နည်းလမ်းပေါင်း ၃၀၀ ကျော်ကို တစုတစည်းတည်း ဖတ်ရှု လေ့လာနိုင်မယ့် စာအုပ်ထူးကြီးပဲ ဖြစ်ပါတယ်။ဂမ္ဘီရလက်ဆောင်ပေါင်း ၃၀၀ ကျော်ကို တအုပ်တည်းမှာ စုစည်းထားတာမို့ နည်းလမ်းတွေကို ရှာဖွေရခက်မလား လို့လည်း စိုးရိမ်စရာ မလိုပါဘူး။ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် ခွဲပြီး စီစဉ်ထားပါတယ်။ ပါဝင်တဲ့ အခန်းခေါင်းစဉ်တွေက –(က) ငွေရေးကြေးရေးကိစ္စများ(ခ) အလုပ်ကိစ္စနှင့် နိုင်ငံရပ်ခြား(ဂ) ပညာရေး၊ တရားတဘောင်နှင့် အထွေထွေ(ဃ) ကျန်းမာရေး(င) လက္ခဏာသုတ(စ) အချစ်ရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး(ဆ) အိမ်နှင့်တနင်္ဂနွေနံကိစ္စများ(ဇ) ကားနှင့် တနင်္လာနံကိစ္စများ(ဈ) ဆိုင်နှင့် အင်္ဂါနံကိစ္စများ(ည) ရွှေနှင့် ဗုဒ္ဓဟူးနံ ကိစ္စများ(ဋ) မြေနှင့် ကြာသပတေးနံကိစ္စများ(ဌ) ရေထွက်ကုန်နှင့် သောကြာနံကိစ္စများ(ဍ) အထည်နှင့် စနေနံကိစ္စများ(ဎ) ဘယ်မြို့ကို ပြောင်းချင်တာလဲ စသည်ဖြင့် ဆိုင်ရာအလိုက် အစီအစဉ်တကျ အခန်းများ ခွဲခြားပြုစုထားတာမို့ ဖတ်ရှုူ လေ့လာသူတို့ အလွယ်တကူ ရှာဖွေ နိုင်မှာ ဖြစ်ပါတယ်။ဗေဒင် အဆောင် အစီအရင် ယတြာဆိုတာ လောကထဲက အခက်အခဲတွေကို အလိုလို လွယ်ကူ မသွားစေပါဘူး။ အောင်မြင်လိုသူ၊ ဖြစ်ထွန်းလိုသူဟာ ကိုယ်တိုင်ကိုယ်ကျ ကြိုးစားမှုဖြင့် အားထုတ်ရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးစား လျှောက်လှမ်းတဲ့ ခရီးလမ်းမှာ ဆရာဇင်ယော်နီရဲ့ ဂမ္ဘီရလက်ဆောင်တွေဟာ မီးအိမ်တစ်လုံးလို ပန်းတိုင်ဆီ လမ်းပြပေးသွားမှာ ဖြစ်ပါတယ်။ဒီစာအုပ်ကို ရေးသားပြုစုထားတဲ့ ဆရာဇင်ယော်နီက “ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များဟာ တဦးချင်းစီအတွက်ရော၊ မိသားစုများအတွက်ပါ အရေးကြုံလျှင် ကြုံသလို အသုံးတည့် အကျိုးထူးကြပါစေသတည်း” လို့ ဆုတောင်း မေတ္တာပို့ထားပါတယ်။ ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များကြောင့် အားလုံးပဲ အလုပ်အကိုင် စီးပွားရေး၊ ကျန်းမာရေး၊ အချစ်နှင့် အိမ်ထောင်ရေး၊ နှင့် လောကီကိစ္စ အဝဝ အဆင်ပြေကြပါစေ … ။Ks 12,000ရွှေစကား ငွေစကား ဂမ္ဘီရလက်ဆောင်များ
Ks 12,000 -
မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
မြစ်ကျိုးအင်းဆရာမြစ်ကျိုးအင်းဟာ ရွှေအမြုတေမဂ္ဂဇင်းရဲ့ ရွှေဝတ္ထုတို ကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ စာရေးဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ ဂုဏ်သိက္ခာကြီးမားတဲ့ ရွှေအမြုတေမဂ္ဂဇင်းမှာ ရသမမြောက်ဘဲ ဝတ္ထုတိုတပုဒ်ပါဝင်ဖို့ဆိုတာ မဖြစ်နိင်ပါဘူး။ ရွှေဝတ္ထုတိုကဏ္ဍမှာ အမြဲပါလေ့ရှိတဲ့ ဆရာရဲ့ ရသအရေးအဖွဲ့ကို ဖတ်ရှုဖူးသူတိုင်း လက်ခံအားပေးခဲ့ကြတာဟာ အမျိုးသားစာပေဆုရတဲ့အထိ သက်သေပြနိင်ခဲ့ပါပြီ။
ဝတ္ထုတိုသည် အကြောင်းအရာ တခုတည်းကို ဦးတည်ရမည်၊ ဇာတ်ဆောင် နည်းရမည်၊ အရေးအသား သွက်ရမည် လို့ ဆမ်းမားဆက်မွမ်က ပြောပါတယ်။ အတတ်ပညာ တစ်ခုတည်း မဟုတ်ဘဲ အနုပညာ ခံစားမှုနဲ့ပါ ရောမွှေထားတဲ့ ဝတ္ထုတိုလေးတွေသာ တကယ်ကို ရသမြောက်ပါတယ်။ ဆရာ မြစ်ကျိုးအင်း ရေးဖွဲ့ထားတဲ့ ဝတ္ထုတို တွေလည်း အဲလိုပဲ ထူးခြားမှု တခုခု ကို ခံစားရမိ လောက်အောင်ပဲ ထိရှလွန်းခဲ့တယ်။
ယခု ဆုရစာအုပ်ထဲမှာ ပါဝင်တဲ့ ဝတ္ထုတိုတွေဟာဆိုရင် ရွှေအမြုတေမှာ ပါဝင်ခဲ့တဲ့ ဒေါင်ဒေါင်မြည်ဝတ္ထုတွေပဲ ဖြစ်ပါတယ်။ ယခုစာအုပ်ထဲမှာ ရသဝတ္ထုတိုစစ်စစ် (၁၆) ပုဒ် ပါဝင်ပါတယ်။
Ks 10,000မျှော်လင့်ခြင်းကို မျှားတဲ့ညနေ
Ks 10,000 -
ပြုံးရွှင်သည် ငိုတတ်သည်
အကြည်တော်ပြုံးပျော်ရွှင်နေတဲ့သူတွေ တကယ် ပျော်ကြရဲ့လား။
အထူးသဖြင့် ပရိသတ်ကို ပြုံးပျော်စေဖို့ ဟာသတွေ တရစပ်ထုတ်၊ ပရိသတ် တဝေါဝေါနဲ့ ပွဲကျနေချိန် အဲဒီ ဟာသထုတ်နေတဲ့ လူရွှင်တော် ရင်ထဲမှာ တကယ် ပျော်နေပါသလား ။
ဒါမှမဟုတ် ပြုံးနေတဲ့ မျက်နှာအောက်က ရင်ဘတ်ထဲမှာ မီးစကြီး မြိုထားရသလိုပဲ ခံစားနေရသလား ။
သူတပါးကို အားနာတတ်ပြီး ရိုးသားတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝက လူကောင်းမှန်ပေမဲ့ အကျိုးပေး မကောင်းဘူးလို့ ဆိုရမယ် ထင်ပါရဲ့ ။ တကိုယ်ကောင်းဆန်တဲ့ ဇတ်ဆရာကြောင့် လေဖြတ်နေတဲ့ မိန်းမနဲ့ မွေးကင်းစ သမီးလေးကို ကျောပိုးပြီး ဇတ်သဘင်လောက ကနေ အနားယူလိုက်ရတဲ့ လူရွှင်တော် ပြုံးရွှင်ရဲ့ ဘဝဟာ ခါးသက်လွန်းခဲ့တယ်။
စင်ပေါ်ကနေ ပရိသတ်ကို ရယ်မော ပျော်ရွှင်စေနိုင်သူရဲ့ စင်နောက်က ဘဝဟာ အတော်ဆိုးပါလား နော်။
ဆရာ အကြည်တော်ရေးတဲ့ ဝတ္ထုဆိုရင် ရယ်မောစရာလို့ပဲ မှတ်ယူထားသူတွေအတွက် ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားစေနိုင်တဲ့ ဘဝသရုပ်ဖော် ဝတ္ထုကောင်းတစ်ပုဒ်ပါ။
ဇတ်စင်ပေါ်က ဟာသ ပြက်လုံးတွေ တစ်လှေကြီး ပါပြီး ကြေကွဲရတဲ့ ဝတ္ထု တပုဒ်၊ ကိုယ်တိုင်က ပူပင်သောက ဗရပွပေမဲ့ သူများကို ပျော်ရွှင်အောင် လုပ်နိုင်တဲ့ လူရွှင်တော်တွေရဲ့ ဘဝခါးခါး ကို စာနာစိတ်လေး ဝင်သွားစေနိုင်တဲ့ ဝတ္ထု တပုဒ် ဖြစ်ပါကြောင်း …။Ks 10,000ပြုံးရွှင်သည် ငိုတတ်သည်
Ks 10,000 -
ဓါးလွတ်ကိုင် ဆာမူရိုင်း၏ ကိုကာကိုလာယဉ်ကျေးမှု
ကျော်အောင်ဆရာကျော်အောင်ရေးသော ဓားလွတ်ကိုင်ဆာမူရိုင်းနှင့် ကိုကာကိုလာယဉ်ကျေးမှု စာအုပ်သည် စာရေးသူ ဂျပန်နိုင်ငံတွင် စာအုပ်ထုတ်ဝေရေးသင်တန်းကို တစ်လကျော် တက်ရောက်ခဲ့စဉ်က နေ့ရက်များအကြောင်း ပြန်လည်မျှဝေထားသည့် ခရီးသွားစာပေဆောင်းပါးရှည်ကြီး ဖြစ်၏။ အာရှဒေသ ယူနက်စကိုအဖွဲ့ခွဲက နှစ်စဉ်နှစ်တိုင်း တိုကျိုတွင် ဖွင့်လှစ်သင်ကြားသော သင်တန်းဖြစ်ပြီး ဆရာကျော်အောင်သည် ၁၉၇၇ ခုနှစ်တွင် သွားရောက် လေ့လာသင်ကြားခွင့် ရခဲ့၏။ သင်တန်းကာလ ၃၃ ရက်ကြာသော ခရီးသွားအတွေ့အကြုံကို စန္ဒာမဂ္ဂဇင်းတွင် အခန်းဆက်ဆောင်းပါးရှည်အဖြစ် ၁၉၇၉ နိုဝင်ဘာ မှ ၁၉၈၂ ဇွန်ထိ ၃၂ ဆက်တိုက်ဖော်ပြခဲ့ပြီး ၎င်းအခန်းဆက်ဆောင်းပါးကို စုစည်း၍ ယခုစာအုပ်အဖြစ် ထုတ်ဝေလိုက်ပါသည်။
စာအုပ်၏ အဖွင့်ကို ဂျပန်နိုင်ငံသို့အသွား ပထမဆုံးနေ့ရက် ၁၉၇၇ စက်တင်ဘာလ ၂၆ ရက် ရန်ကုန်လေဆိပ်မှ ထိုင်းနိုင်ငံ ဘန်ကောက်သို့အသွား ခရီးဖြင့် စထားသည်။ ဆရာကျော်အောင်၏ ဂျပန်ခရီးစဉ်လမ်းကြောင်းသည် ရန်ကုန် – ဘန်ကောက် – မနီလာ – တိုကျို ဖြစ်သည်။ ရန်ကုန်မှ ဘန်ကောက်သို့ စတင်၍ လေယာဉ်စီးချိန်မှ စပြီး ဂျပန်နိုင်ငံ မရောက်မီ လေယာဉ်လမ်းကြောင်းတစ်လျှောက် စာရေးသူ ကြုံတွေ့ရသော အကြောင်းအရာများကို ဤဆောင်းပါးရှည်တွင် ဖတ်ရှုရပေမည်။ ဂျပန်သို့ ရောက်ရှိပြီး စတင်၍ သင်တန်းတက်သောနေ့မှစ၍ ဆရာကျော်အောင် မျှဝေသည့် စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာများကို ဖတ်ရပေမည်။ စာရေးသူသည် တစ်ပတ်လျှင် တနင်္လာမှ သောကြာထိ မနက်ကိုးနာရီမှ ညနေလေးနာရီခွဲအထိ သင်တန်းတက်သည်။ အခြားအချိန်များတွင် ကိုယ့်အစီအစဉ်နှင့်ကိုယ် လေ့လာရေးထွက်သည်။ ယခုခရီးသွားဆောင်းပါးရှည်စာအုပ်တွင် ဂျပန်လူမျိုးတို့၏ ဓလေ့ထုံးစံ၊ စရိုက်၊ ယဉ်ကျေးမှု၊ စီးပွားရေး၊ ပညာရေး၊ စက်မှုလုပ်ငန်း၊ ကိုးကွယ်ယုံကြည်မှု စသည်တို့ကို စာရေးသူက ရေးသားဖော်ပြထားသည်ကို ဖတ်ရမည်ဖြစ်သည်။
ထို့အပြင် ယခုကာလကဲ့သို့ စမတ်ဖုန်း၊ အေအိုင် အတတ်ပညာများ မရှိသေးခင်က ခရီးသွားကြသောသူတို့၏ နေ့ရက်များကို စူးစမ်းလေ့လာနိုင်မည်ဖြစ်သလို ထိုခေတ်ထိုအခါ ဂျပန်နိုင်ငံအကြောင်းကိုလည်း သိရှိနိုင်ပေမည်။ ဥပမာအားဖြင့် တိုကျိုမြို့ရှိ ဆရာကျော်အောင် တည်းခိုသောဟိုတယ်ခန်းထဲတွင် တီဗီ ရှိသော်လည်း တီဗီကြည့်ရန် တည်းခိုသူမှ တစ်ရက်စာ ယန်း ၂၀၀ ထည့်မှ ကြည့်ခွင့်ရှိသောကိစ္စမျိုး စသဖြင့် ဖတ်ရှုရပေမည်။ သင်တန်းကို တိုကျိုမြို့တွင် သင်ကြားသော်လည်း ကျိုတိုမြို့သို့ သွားရောက်လေ့လာခြင်းမျိုးကိုလည်း ဖတ်ရှုရမည်။
ဆရာဇော်ဂျီက “ခရီးသွားစာပေ ဖတ်ရှုခြင်းဟာ ကျဉ်းမြောင်းတဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ကျော်ပြီး ကျယ်ပြန့်တဲ့ သက်ရှိ၊ သက်မဲ့ ကမ္ဘာလောကမှာ စိတ်ဝင်စားလာချင်ကြအောင် မျက်စိ ဖွင့်ကြည့်ချင်လာကြအောင်၊ တိုးတက်ကြံဆမှု ရှိချင်လာကြအောင် မျှမျှတတ ချိန်ဆသုံးသပ်မှု ရှိလာချင်ကြအောင် ပြုနိုင်စွမ်းရှိတယ်လို့ ယူဆချင်ပါတယ်” ဟု ဆိုခဲ့ပါသည်။ ယခုစာအုပ် ဆရာကျော်အောင် ရေးသားသော ဓားလွတ်ကိုင်ဆာမူရိုင်းနှင့် ကိုကာကိုလာယဉ်ကျေးမှု စာအုပ်သည် တစ်ခေတ်တစ်ခါက ဂျပန်နိုင်ငံအကြောင်းကို လှစ်ဟပြသည့်နှယ် သမိုင်းတံခါးချပ်အား ရှုမြင်ရမည်ဖြစ်ပြီး ဖတ်ရှုစဉ်ကာလတစ်လျှောက် စာရေးသူနှင့်အတူ ဂျပန်နိုင်ငံသို့ လိုက်ပါ လည်ပတ်ကြည်ရှုရသကဲ့သို့ ခံစားရမည်လည်း ဖြစ်သော စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါသည်။
Ks 25,000 -
တစ်ဘဝဒဏ်ရာ
ဆေးဆေချစ်ခြင်းကြောင့် ဆင်းရဲခြင်း ဖြစ်ရတယ်
ကိုယ်စိတ်နှစ်ပါး ဆင်းရဲရတာဟာ ချစ်ခြင်းကြောင့် ဖြစ်တယ် ၊ ချစ်ခြင်းသာ အမွန်အစ ဖြစ်တယ်လို့ တရားတော်မှာ ပါပါတယ် ။
အချစ်နဲ့ မကင်းကြတဲ့ လူသားတွေဟာ ချစ်ခြင်းကြောင့် ဆင်းရဲကြရတာ အမှန်တရား ပါပဲ ။ ချစ်ခြင်း ဆိုတာမှာလည်း ၁၅၀ဝ အချစ်ကြောင့်မှ ဆင်းရဲခြင်း ကြုံရတာ မဟုတ်ပါဘူး ။ ၅၂၈ မေတ္တာ ကြောင့်လည်း ဆင်းရဲခြင်း ကို ကြုံတွေကြရတာပဲ ။စစ်ကိုင်းတိုင်း ၊ ကလေးမြို့ ဝန်းကျင် ၊ မြစ်သာမြစ် နား ၊ သာယာကုန်းရွာလေးက လူနေမှုဘဝတွေ ။ သူတို့ ဝမ်းစာ ဘယ်လို ရှာကြသလဲ ၊ ခေတ်ဆိုး စနစ်ဆိုးကြီး အောက်မှာ ရှင်သန်နေကြရတဲ့ လူတွေရဲ့ ပင်ပန်း ခက်ခဲရတဲ့ ဘဝတွေ ။ ရေနံထွက်လို့ ရေနံမှော် လုပ်ကြ ၊ ထုံးဖုတ်ကြ ၊ သစ်လုပ်ငန်း လုပ်ကြနဲ့ စုံလင်လှတဲ့ ဘဝများ။ ရင်မောစရာ ထိုထို ဘဝတွေကြားက မေတ္တာ စမ်းချောင်းလေးပမာ သက်လယ် ဆိုတဲ့ ကောင်းမလေးရဲ့ သူ့ မောင်လေး ပိုးလုံးလေး အပေါ် ထားတဲ့ မေတ္တာတရားဟာ ကြည်လင်အေးမြတဲ့ စမ်းရေ ပမာ ။
နတ်ကိုးကွယ်မှုကို အယုံကြည်လွန်ပြီး အယူသီး အစွဲအလမ်းကြိီးတဲ့ အဘွား ။ ခေါင်းမာပြီး တစောက်ကန်း လုပ်တတ်တဲ့ ဖေဖေ ။ ရပ်ရွာအကျိုးအတွက် တစ်ပြားတစ်ချပ် မှ ခံစားခွင့် မယူဘဲ မှန်မှန်ကန်ကန် လုပ်တတ်လို့ လူအချို့ရဲ့ မုန်းတီးခြင်း ခံရသူ တစ်ဦးလည်း ဖြစ်တယ် ။ ကျိန်စာတိုက် ခံရတဲ့ အထိကို တချို့က က မုန်းကြတယ် ။
လင်ယောက်ျား နဲ့ သားသမီး အတွက် ယောက္ခမ ဖြစ်သူ ညွှန်ကြားသမျှ လိုက်လုပ်ပေးရတဲ့ မေမေ ။ မောင်ကလေး ပိုးလုံးလေး မွေးကတည်းက အသက်နဲ့အမျှ ချစ်ရတဲ့ အစ်မ သက်လယ် ။ အရွယ်မတိုင်ခင် ကတည်းက အဖေ့အလုပ်ကို ကူညီချင်စိတ် အမြဲရှိတဲ့ သားလိမ္မာလေး ပိုးလုံးလေး ။ သူတို့ မိသားစု အပေါ် ရိုက်ခတ်လာတဲ့ လောကဓံ မုန်တိုင်းထဲမှာ မောင်ကလေး အပေါ် ချစ်တဲ့စိတ်နဲ့ သက်လယ် တစ်ယောက် ပင်ပန်း ဆင်းရဲခဲ့ရတယ် ။ တစ်ဘဝစာဒဏ်ရာ ပိုင်ရှင် သက်လယ် ရယ်လေ ။
ကလေးမြို့ နားက သာယာကုန်း ရွာ ရဲ့ လူမှု စီးပွားရေးတွေ ၊ ရေနံမှော် မှာ ရုန်းကန်ကြရတဲ့ ဘဝတွေ ။ အဲဒီ လူတွေ မျှော်လင့်ချက် အပြည့်နဲ့ ဆင်းရဲပင်ပန်းစွာ ရေနံတူးကြရတဲ့ ဇာတ်လမ်းတွေ ။အဆိုးထဲက အကောင်းဖြစ်တဲ့ မောင်နဲ့ နှမ ရဲ့ ကြည်နူးဖွယ် ချစ်ခြင်း မေတ္တာတရား တွေကို ဆရာမ ဆေးဆေ က သပ်ရပ် လှပစွာ ရေးဖွဲ့ထားပါတယ် ။
ပထမ တစ်အုပ်တုန်းကလိုပဲ နိုင်ငံခြား နောက်ခံ စိတ်ဝင်စားစရာ အဖြစ်အပျက်တွေနဲ့ ချစ်ခြင်းမေတ္တာကို အခြားသော ရှုထောင့်တစ်ခုမှ ထူးခြားစွာ ရေးဖွဲ့ထာတဲ့ ဒီ ဇာတ်လမ်းလေးဟာ စဖတ်မိလိုက်ရင် စာအုပ်ကို လက်က မချနိုင်အောင်ပဲ စာဖတ်သူကို ဆွဲခေါ်သွားမှာပါ ။
ဖွေရှာမောရသူမယ် စာအုပ်နဲ့ လုံချင်းလောကမှာ ပွဲထွက်ကောင်းခဲ့တဲ့ ဆရာမ ဆေးဆေရဲ့ ဒုတိယမြောက် လက်ရာ ၊ ပင်ကိုရေး ဝတ္ထု အသစ်တစ်ပုဒ် ဖြစ်ပါတယ် ။Ks 3,000တစ်ဘဝဒဏ်ရာ
Ks 3,000 -
မပျော်ရွှင်နိုင်သေးတဲ့မြို့
မိုးကျော်ဇင်မိုးကျော်ဇင်ဟာ လုံးချင်းဝတ္ထုရှည်၊ ဝတ္ထုတို၊ အက်ဆေး စတဲ့ စာပေအနုသုခုမတွေကို တီထွင် ဖန်တီးနိုင်တဲ့ လက်ရာရှင်တစ်ဦးဖြစ်ပြီး သူဖန်တီးတဲ့ အနုပညာတွေဟာ ခံစားသူတို့ ရင်တွင်းကို ထိစေပါတယ်။ မိုးကျော်ဇင်ရဲ့ ဇာတ်လမ်းတွေက ကလောင်သွားထက်မှာ မျိုးစုံ ဘယ်လိုပဲလှုပ်ရှားပါစေ၊ လူသားဘဝနဲ့ အနီးစပ်ဆုံးတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် ဖတ်ရှုသူတိုင်းရဲ့ သဘောကျနှစ်သက်မှုကို ရနေတယ်ဆို မမှားပါဘူး။ ယခု ထုတ်ဝေလိုက်တဲ့ မိုးကျော်ဇင် – ဝတ္ထုတိုပေါင်းချူပ်မှာ ၂၀၁၅ ကနေ ၂၀၂၁ အထိ ဆရာ့ရဲ့ ဝတ္ထုတိုလက်ရာ ၁၅ ပုဒ်ကို တစ်စုတည်း စုစည်းထားတာ ဖတ်ရှုရမှာဖြစ်ပြီး ရသဖန်တီးမှုကောင်းကောင်းနဲ့ တည်ဆောက်ထားတဲ့ ဝတ္ထုတိုများလည်းဖြစ်ပါတယ်။
– စိတ္တဇမြူခိုးများ အမည်ရ ဝတ္ထုတိုမှာဆို တဒင်္ဂစိတ်ထဲက ဖြစ်လာတဲ့ မသိစိတ်ရဲ့ စေခိုင်းမှုကြောင့် ရှေ့ဆက် ဘာဆက်လုပ်ရမလဲ မဝေခွဲနိုင်တဲ့ ကာလအပိုင်းအခြားလေးကို ရိုးရှင်းစွာ တင်ပြထားတာ အဆုံးထိ မဖတ်ရမနေနိုင် ဆွဲခေါ်သွားပါလိမ့်မယ်။
– ကျပ်တစ်ထောင်တန်ထိုင်ခုံ ဝတ္ထုလေးမှာဆို မြို့ထဲကနေ မြို့ပြင်ကို အသွား တစ်ယောက်တစ်ထောင်ပေးစီးရတဲ့ ကားငယ်တစ်စီးပေါ် စာရေးဆရာ ကားစီးရင်း မြင်မိတဲ့ လူတစ်ယောက်ရဲ့ သရုပ်သကန်ကို တိကျစွာ ဖော်ညွှန်းထားတာကို ဖတ်ရှုရပါမယ်။
– နာရီကြည့်သော မိုးတိမ်များမှာက ဆိုင်ကယ်စီးရင်း ဒဏ်ငွေဆောင်ဖို့ အဖမ်းခံရတဲ့ ဘဝခရီးသည်တွေအကြောင်းကို ဖတ်ရင်း ပြုံးမိရာက နောက်ဆုံးတော့ ဪ လို့ ရေရွတ်တ်မိစေမယ့် ဝတ္ထုလေးပါ။
– ထိုင်ခုံမဲ့ မနက်ခင်းမှာဆို ဇာတ်လမ်းက ရထားတွဲမှာ ခုံနေရာ ရဖို့ ကြိုးစားသော်လည်း မရတဲ့အခါ စိတ်ညစ်ပြီး တခြားနည်း အလွယ်လမ်းကိုပဲ ရွေးသွားတာကို ဖတ်ရမှာဖြစ်ပေမယ့် စာရေးဆရာက လူ့စရိုက် လူ့မနော လူ့သဘောကို လှစ်ခနဲဖော်ပြလိုက်တာမို့ ငါဆိုလည်း ဒီလိုပဲလုပ်မိမလား တွေးမိစေမှာ ဖြစ်ပါတယ်။
– ပူဖောင်းများ မှာဆို နယ်မြို့လေးတစ်မြို့က လက်ဖက်ရည်အိုလေးမှာ ပုံမှန်ထိုင်ရင်း ငြင်းကြခုံကြ လေကန်ကြတဲ့ လူကြီးတွေအကြောင်းကို စိတ်ဝင်စားစဖွယ် ဖတ်ရမှာပါ။
မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်စာအုပ်မှာ အထက်ပါ ဝတ္ထုတိုများအပါအဝင် ကလျာ၊ ရွှေအမြုတေ၊ ကျေးရွှေတမာ၊ မိုးမခ၊ Faces၊ Fashion နဲ့ ဖြူးမြို့ အမျိုးသားကျောင်းရာပြည့်မဂ္ဂဇင်းတို့မှာ ဖော်ပြခဲ့တဲ့ ဝတ္ထုတို ၁၅ ပုဒ်ကို ပြန်လည် စုစည်း ထုတ်ဝေထားပါတယ်။ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုဇာတ်လမ်းတွေမှာ တည်နေရာတွေက နေရာစုံ၊ ပါဝင်တဲ့ ဇာတ်ဆောင်တွေက သဏ္ဌာန်မျိုးစုံ၊ ဟန်မျိုးစုံ၊ ဇာတ်လမ်း အဖုံဖုံ ဖြစ်ပေမယ့် ဖော်ပြပြီးသကဲ့သို့ လူသားတို့နဲ့ အနီးစပ်ဆုံး ဇာတ်လမ်းတွေ ဖြစ်တာကြောင့် ဖတ်ရှုသူတိုင်း နှစ်သက် သဘောကျစေမှာ အမှန်ပါပဲ။
ခေတ်ကာလတစ်ခုရဲ့ ဖြတ်သန်းရာ အချိန်ကာလပေါ်မှာ ရေးဖွဲ့ထားတဲ့ လူ့သဘာဝဇာတ်လမ်းများ စုစည်းမှုလည်း ဖြစ်တာကြောင့် စာပေဆုရ စာရေးဆရာ မိုးကျော်ဇင်ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဟာ ခေတ်ကာလရဲ့ တစ်စိတ်တစ်ဒေသကို မှတ်ကျောက်တင်မယ့် စာအုပ်တစ်အုပ်လို့လည်း ဆိုနိုင်ပါတယ်။
Ks 4,500မပျော်ရွှင်နိုင်သေးတဲ့မြို့
Ks 4,500 -
ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ
လင်းခန့်သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးသွားရင် ဒီဇာတ်လမ်းလေး ကောင်းလိုက်တာ .. သိပ်ဖတ်လို့ကောင်းတာပဲ … စသဖြင့် တွေးမိကြမယ့်သူတွေရှိနိုင်သလို “ဒီဇာတ်လမ်းရဲ့ အဆက်များ ရှိရင်လည်း သိပ်ကောင်းဦးမှာပဲ” လို့ အချို့တွေ တွေးမိကြမယ် ထင်ပါတယ်။
ဟုတ်ကဲ့ပါ … ဒီစာအုပ်က မူရင်းမှာ ကမ္ဘာကျော်ရုပ်ရှင်အဖြစ်ရော စာအုပ်အဖြစ်ပါ အောင်မြင်သလို ဘာသာပြန်အနေနဲ့ မြန်မာပြည်မှာ လူကြိုက်များခဲ့တဲ့ ‘ဖောရက်စ်ဂမ့်’ ရဲ့ အဆက်လို့ ဆိုရမယ့် စာအုပ်ပါ။ ဖောရက်စ်ဂမ့် အမှတ် ၂ လို့ဆိုရမယ့် ‘ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ’ မှာ စစချင်း ဂမ့်က ဘာပြောထားလဲဆို “လူမှန်ရင် အမှားမကင်းဘူးလို့ ဆိုကြတယ်။ ဒါကြောင့်ပဲ ခဲတံမှာ ခဲဖျက်တပ်ပေးထားတာပေါ့။ ဒါပေမဲ့ ကျွန်တော့်စကားကို သေချာမှတ်ထားဗျာ။ ကိုယ့်အကြောင်းကို ဘယ်သူ့ကိုမှ ရုပ်ရှင်ရိုက်ခွင့် မပေးလိုက်နဲ့” တဲ့။
ဒီစာအုပ် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ မှာ ဘယ်နေရာကနေ ဇာတ်ကို စဖွင့်ထားလဲဆို နယူးအော်လင်း တောင်ပိုင်းက အဖော်အချွတ်ကလပ်တစ်ခုမှာ ဖောရက်စ်ဂမ့် တစ်ယောက် ကလပ် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ဖြစ်နေတာက စပြီး ဖတ်ရှုရလိမ့်မယ်။ ဖြစ်ပုံက သူပိုင်ဆိုင်တဲ့ ပုစွန်ကုမ္ပဏီကြီး အရှုံးပေါ်တယ်ဆိုတာက စလို့ပဲပေါ့။ သန်းကြွယ်သူဌေး ဖောရက်စ်ဂမ့် ကုမ္ပဏီအရှုံးပေါ်တာကနေ အခြေအနေတွေအမျိုးမျိုးကြောင့် ဒေဝါလီခံရတဲ့အထိ ဖြစ်တော့ လေလွင့်ရာကနေ ကလပ်မှာ သန့်ရှင်းရေးဝန်ထမ်းဖြစ်ပြီး ကြမ်းတိုက်ရတဲ့ဘဝရောက်ရော … ။ ဒါပေမဲ့ ဖောရက်စ်ဂမ့်သည် ဖောရက်စ်ဂမ့်ပါပဲ။ သူအလုပ်လုပ်တဲ့ ကလပ်မှာ ရန်ပွဲတစ်ခု အကြောင်းပြုပြီး သူ့မိတ်ဆွေ စနိပ်နဲ့ ဆုံရာကနေ စိတ်ဝင်စားစရာ ဇာတ်ကြောင်းတွေ ဖြစ်လာခဲ့တယ်။ စနိပ်က နယူးအော်လင်းစိန့်အဖွဲ့မှာ တိုက်စစ်မှူး။ သူက စိန့်မှာ ဖောရက်စ်ကို ဘောလုံးကစားဖို့ ဖိတ်ခေါ်တယ်။ ဒီလိုနဲ့ ဗိုလ်လုပွဲမှာ ရှုံးပြီးနောက်ပိုင်း ဘောလုံးမကစားတဲ့ ဖောရက်စ်တစ်ယောက် စိန့်မှာ ဘောလုံးဖမ်းရင်း Touchdown တစ်ခါရတိုင်း ဒေါ်လာတစ်သောင်း ဘောနပ်စ်ရတာမျိုး စပြီး အောင်မြင်လာတယ်။ အောင်မြင်မှုနဲ့ အတူ ဇနီးဟောင်း ဂျန်နီနဲ့ လက်ရှိ သူမရဲ့ အမျိုးသား ဆုံးသွားတာတွေ ကြုံရတယ်။ ဘောလုံးသမားဘဝ အောင်မြင်စ ပြုကာစမှာပဲ အခြေအနေတစ်ခုကြောင့် ပရော်ဖက်ရှင်နယ် ဘောသမားနေ့ရက်တွေ ကုန်ဆုံးခဲ့ရာက အလုပ်သစ် အရောင်းမြင့်တင်ရေးကိုယ်စားလှယ်အလုပ် ထပ်ရပြန်တယ်။
1986 မှာ ထွက်ရှိခဲ့ ဖောရက်စ်ဂမ့် ဝတ္ထုရဲ့အဆက် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများက 1995 မှာ ထွက်ရှိခဲ့ပြီး ပထမဇာတ်လမ်းရဲ့ အရှိန်အဝါကြောင့် အဆက်က ကောင်းပါ့မလားဆိုတဲ့ မေးခွန်းတွေကို Winston Groom ရဲ့ အရေးအသားနဲ့ အမိုက်စား အတွေးအခေါ် ဇာတ်ကွက်ဖန်တီးမှုတွေက ချေဖျက်ပြနိုင်ခဲ့ပါတယ်။
“Winston Groom ရဲ့ နောက်ထပ်ခမ်းနားတဲ့ဝတ္ထု။ ဖတ်ရကျိုးနပ်ပါတယ်”
“ဒီစာအုပ်က နောက်ဆုံးအခိုက်အတန့်မှာ သိပ်ခံစားရတယ်” ဆိုတဲ့ Review မျိုးတွေ ရရှိခဲ့ပါတယ်။ ဘာသာပြန်တဲ့ ဆရာလင်းခန့်ကလည်း ပထမအုပ်ဖြစ်တဲ့ ဖောရက်စ်ဂမ့်ကို ဘာသာပြန်ထားသူဖြစ်တာကြောင့် ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများဟာ ဖောရက်စ်ဂမ့် ပရိသတ်တွေသာမက ဘာသာပြန်စာပေနှစ်ခြိုက်သူတို့ လက်မလွတ်တမ်း ဖတ်ရှုရမယ့် စာအုပ်တစ်ဖြစ်ပါတယ်။Ks 4,500ဖောရက်စ်ဂမ့်နှင့် ရောင်းရင်းများ
Ks 4,500 -
နေခြည်ဖြာ၍ လင်းစေသား
ချစ်ခိုင်စံ“ဆရာ ဆိုသည်မှာ တပည့်များအား ပညာ၊ ဗဟုသုတ၊ ကိုယ်ကျင့်တရား စသည်တို့ကို သင်ကြားပေးသော ပုဂ္ဂိုလ် ဖြစ်သည်” လို့ ဆိုပါတယ်။ ပြီးတော့ ဝါသနာ၊ စေတနာ၊ အနစ်နာ .. စတဲ့ နာ ၃ နာနဲ့ ပြည့်စုံမှ ဆရာကောင်းလို့ ဆိုကြပါတယ်။ စာရေးဆရာ ချစ်ခိုင်စံရဲ့ ‘နေခြည်ဖြာ၍ လင်းစေသား’ ဝတ္ထုမှာ ၂၁ ရာစု ကျောင်းဆရာတစ်ယောက်ရဲ့ ဘဝကို ရသမြောက်စွာ ဖတ်ရှုရမှာပါ။
ကိုမျိုးချစ်ဟာ မြို့လေးတစ်မြို့က စီးပွားရေးသမားတစ်ဦးရဲ့ သား။ ဖခင်က သားတော်မောင်ကို သူ့ရဲ့ အလုပ်ကို ဆက်လက်ဦးစီးစေချင်တယ်။ အခြေခံပညာအဆင့် စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်လာသူ၊ စီးပွားရေး လုပ်ငန်းရှိတဲ့ မိသားစုကနေ ဆင်းသက်သူ မျိုးချစ်ဟာ ဖခင်ဆန္ဒကို လွန်ဆန်ကာ ဝါသနာရဲ့ ပညာရေးတက္ကသိုလ်ကို ရွေးချယ်ပြီး ကျောင်းဆရာဖြစ်လာခဲ့တယ်။ နာ ၃ နာကို အခြေခံပြီး ဝါသနာပါလွန်းလို့ ကျောင်းဆရာဖြစ်လာတဲ့ မျိုးချစ်တစ်ယောက် ပထမဆုံး တာဝန်ထမ်းဆောင်ရတဲ့ ကျောင်းမှာတင် လက်တွေ့ဘဝရဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါရောလား။
မျိုးချစ်ဟာ ဝါသနာပါလွန်းတဲ့ ကျောင်းဆရာ အလုပ်ကို လုပ်နေရတဲ့အတွက် ပထမဆုံး ဝင်ရတဲ့ မြို့ပေါ်က ကျောင်းမှာတင် ဆရာ ဆရာမချင်း မာနပြိုင်ပွဲ၊ အထက်လူကြီးနဲ့ အလျှော့အတင်း၊ ကျောင်းသားကို ဆုံးမတာ မိဘက မကျေနပ်တဲ့ ကိစ္စ၊ ကျူရှင်နဲ့ ဆရာ၊ ကျောင်းအားကစား၊ အုပ်ချုပ်ရေးနဲ့ ဆရာ၊ စတာတွေကို ရင်ဆိုင်ခဲ့ရတယ်။ မျိုးချစ်ဟာ နာ ၃ နာကို အခြေခံပြီး ပထမဆုံး ကျောင်းဆရာဘဝမှာ ကြုံရသမျှ အခက်အခဲတွေကို ရင်ဆိုင်နိုင်ခဲ့တယ်။ ဒီလိုနဲ့ အချိန်ကာလတွေ ရွေ့လျားပြီး မျိုးချစ်တစ်ယောက် ရာထူးတိုးလျှောက်တာ အောင်မြင်လို့ ပဲခူးရိုးမ အစပ်နား ရွာတစ်ရွာဖြစ်တဲ့ …ထ(ခွဲ)ဝါးစိမ်းတော ကျောင်းမှာ အထက်တန်းပြ အဖြစ် တာဝန် ထမ်းဆောင်ဖို့ ဖြစ်လာတယ်။ အဲ့ဒီရွာလေးဟာ ပဲခူးရိုးမရဲ့ အစပ် ခေါင်လွန်းတဲ့နေရာဖြစ်ပြီး ငှက်ဖျားကြမ်းတယ်။ တစ်ခါတရံ တောဆင်ရိုင်းတွေ မျက်စိလည်ပြီး ရောက်လာတတ်တာမျိုး ဖြစ်တဲ့အထိ ခေါင်တဲ့ ဒေသ။ ဒီလိုဒေသကို မြို့ပေါ်က စာပေဝါသနာရှင် တဖြစ်လည်း စာရေးဆရာပေါက်စ ကိုမျိုးချစ်ဟာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တယ်။
‘နေခြည်ဖြာ၍ လင်းစေသား’မှာ စာရေးဆရာ ချစ်ခိုင်စံ ရေးဖွဲ့တဲ့ ၂၁ ရာစု ကျောင်းဆရာ ကိုမျိုးချစ်ရဲ့ ကျောင်းဆရာဘဝကို စာဖတ်သူတို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ ယခုစာအုပ်ဟာ စာရေးဆရာ ချစ်ခိုင်စံရဲ့ ဒုတိယမြောက် လုံးချင်းဝတ္ထုဖြစ်သလို ပထမဝတ္ထုဖြစ်တဲ့ ရွက်ခြောက်တုန်းကလိုပဲ ဇာတ်ကောင်တွေရဲ့ ဘဝတွေကို အပေါ်ယံ မဟုတ်ဘဲ ရင်ဘတ်ထဲထိ မြင်ရအောင် ရသမြောက် ရေးဖွဲ့ထားတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ဖြစ်ပါတယ်။
Ks 6,000နေခြည်ဖြာ၍ လင်းစေသား
Ks 6,000 -
ဇော်က ကနေသည်
အကြည်တော်ဆရာ အကြည်တော်ရဲ့ ဝတ္ထုအများစုဟာ ရယ်မောစရာတွေမို့ ဆရာ့ကို ဟာသစာရေးဆရာလို့ ပြောကြပါတယ်။ အမှန်လည်း ဆရာအကြည်တော်ရဲ့ စာအုပ်တွေဟာ ရယ်ရပါတယ်။ ဒီစာအုပ် ဇော်က က နေသည် ကတော့ စာဖတ်သူတို့ ရယ်လည်းရယ်ရသလို မောလည်းမောရမှာပါ။
တောထဲတောင်ထဲ သူယောင်ပင်လိုက်ရှာ၊ တွေ့ပြီဆို အကိတ်ဆုံးသူယောင်သီး တုတ်နဲ့ထိုး၊ ဟတ်ချလောင်းဆို သူယောင်မယ်ဖြစ်၊ ဇော်ဂျီနဲ့ သီချင်းဆို ကခုန်ကြ။ အဲ့ဒီလို ဇော်ဂျီမဟုတ်ပါဘူး။ လမ်းတကာလှည့်၊ လူစည်ကားရာ ဈေးလိုနေရာမှာ ဇော်က က၊ အစွမ်းထက်တဲ့ ဆေးတွေကို ရောင်းချကာ ဘဝလမ်းကို အခြေခံကျကျ လျှောက်နေတဲ့ ဆေးဆရာဇော်ဂျီ။
ဇော်ဂျီတွေရဲ့ တောထဲတောင်ထဲက ဒဏ္ဍာရီနဲ့ ပတ်သက်ပြီး “အမှန်တော့ လူတွေအမြင်မှားနေတာပါ။ ကျွန်တော်ကိုယ်တိုင်က ဇော်ဂျီပါပဲ” လို့ ဖွင့်ဟခဲ့သူ ဇော်ဂျီတစ်ယောက်ရဲ့ ဇာတ်လမ်း။ ဇော်ဂျီဟာ နိစ္စဓူဝ ဆေးရောင်းရင်း တစ်နေ့မှာ သူ့အစ်ကို ဆုံးပါးသွားခြင်းနဲ့ အတူ မိဘမဲ့ တူလေးတစ်ယောက်နဲ့နေထိုင်ဖို့ ဖြစ်လာတယ်။ ကိုယ်တိုင်က ကြမ်းတမ်းတဲ့ဘဝခရီးလမ်းအတွက် လမ်းတကာလှည့်၊ ဇော်ဂျီဝတ်စုံကြီးဝတ်၊ လျက်ဆားနဲ့ ဆေးတွေရောင်းနေရတဲ့ ဆင်းရဲလှတဲ့ဘဝထဲဝင်လာတဲ့ ကလေးငယ်လေးဟာ သူကိုယ်တိုင် ဦးလေးဇော်ဂျီနောက် လျှောက်လိုက်ရင်း ဇော်ဂျီပေါက်စနလေး ဖြစ်လာတယ်။ ဦးလေးဇော်ဂျီနဲ့ အတွဲညီညီ ဇော်က က ရင်း လောကဓံကို တူတူ ရင်ဆိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ဇော်ဂျီတို့ရဲ့ ဘဝဇာတ်ခုံပေါ်ကို မထင်မှတ်ဘဲ တက်လာသူက မဉ္ဖူ။ ဇော်ဂျီလေးရဲ့ မမနတ်သမီး။ ကားမတော်တဆဖြစ်ရာက မိသားစုတွေ ဆုံးပါး၊ ကိုယ်တိုင်က ခေါင်းကို ထိပြီး ယဉ်ယဉ်လေး ရူးနေသူ။ သူ့ကိုယ်သူ နတ်သမီးလို့ စွဲမှတ်နေတဲ့ မဉ္ဖူဟာ ဇော်ဂျီ တူဝရီးကို ခင်မင်ပြီး မခွဲနိုင် မခွာရက်ဖြစ်ရာက ဇော်က ကနေသည်ဟာ ရယ်စရာ မောစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာပါတော့တယ်။
ဟာသတ္ထုတွေနဲ့ တောက်လျှောက်အောင်မြင်နေတဲ့ ဆရာအကြည်တော်ဟာ ဇော်က က နေသည် ကို ထုတ်ဝေလိုက်တော့ ရသစာဖတ်သူတို့ကြားမှာ ဘဝသရုပ်ဖော်ကို ပီပြင်တဲ့ဝတ္ထုအဖြစ် ရေပန်းစား လူပြောများခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ဟာသလေးတွေ ကြားညပ်ပြီး ရေးထားတဲ့အတွက်လည်း ဆရာအကြည်တော်ရဲ့ ဟန်ကနေ ကွဲထွက်မသွားဘူး။ စာအုပ်အနေနဲ့ အောင်မြင်တဲ့ ဇော်က က နေသည်ကို ၂၀၀၈ ခုနှစ်မှာ နိုင်ငံကျော် အနုပညာ၊ အတတ်ပညာရှင်တွေနဲ့ ရုံတင်ခဲ့ရာမှာ အထူးလူကြိုက်များပြီး အကယ်ဒမီဆုတွေလဲ ရရှိခဲ့ပါတယ်။
Ks 3,000ဇော်က ကနေသည်
Ks 3,000 -
အရိပ်လေးဆယ် (ရသအက်ဆေးများ)
စံပယ်ဖြူနုဆရာမ စံပယ်ဖြူနု ဆိုတာ စာချစ်သူတို့ကို အထူးတလည် မိတ်ဆက်ပေးရမယ့် စာရေးဆရာမ တဦးတော့ မဟုတ်ပါဘူး။ ရသစာပေချစ်သူတိုင်းက ဆရာမရဲ့ ဝတ္ထုတို၊ရှည်၊ အက်ဆေး စတဲ့ အရေးအသားမှန်သမျှကို နှစ်ခြိုက်နေကြသလို အမျိုးသားစာပေဆုများနဲ့ အခြားစာပေဆုများကို ဆွတ်ခူးထားတဲ့ ကလောင်တစ်ချောင်းလည်း ဖြစ်ပါတယ်။ မဟာစာပေက ဆရာမစံပယ်ဖြူနုရဲ့ မြို့ကလေးနေမကောင်းပါ ဝတ္ထုတိုစု၊ အပြန်လမ်းဘယ်မှာ လမ်းဘယ်မှာနှင့် အခြားမဂ္ဂဇင်းဝတ္ထုတိုများ၊ အခါတစ်ပါး (ဝတ္ထုလတ်)လုံးချင်းတို့ကို ထုတ်ဝေခဲ့ပြီးဖြစ်ရာ ယခုထုတ်ဝေတဲ့ အရိပ်လေးဆယ်က မဟာစာပေနဲ့ စံပယ်ဖြူနုတို့ရဲ့ လေးအုပ်မြောက်လက်တွဲခြင်းဖြစ်ပါတယ်။ အရိပ်လေးဆယ်မှာ ဆရာမစံပယ်ဖြူနုက သူ့ရဲ့ စာဖတ်ပရိသတ်ကို ဘယ်လို အရေးအသားတွေနဲ့ ချပြမလဲ?
လူတိုင်း လူတိုင်းမှာ အရိပ်ကိုယ်စီရှိကြပါတယ်။ ကျား မ မရွေး၊ ကလေးလူကြီး အရွယ်စုံ သူ့ အတိုင်းအထွာနဲ့သူ အရိပ်တွေ ကိုယ်စီရှိကြပါတယ်။ လူတိုင်းဟာ နေ့ရက်တွေတိုင်းကို နေထိုင်မှုအမျိုးမျိုးနဲ့ ရုန်းကန်လှုပ်ရှားသွားလာပြီး ဖြတ်သန်းကြရလေတော့ သူတို့ရဲ့ အရိပ်တွေဟာလည်း အရိပ်ရှင်တို့ရဲ့ ဖြတ်သန်းမှုတွေပေါ်မူတည်ပြီး အရောင်အသွေးတွေ၊ အဆင်အပြင်တွေ၊ ဖော်ပြမှုပုံစံတွေ ဖြစ်တည်လာပါတော့တယ်။ ဒီစာအုပ်မှာ ဆရာမစံပယ်ဖြူရဲ့ ဘဝဖြတ်သန်းမှု နေထိုင်လှုပ်ရှားမှုတွေထဲက အရိပ်လေးဆယ်တိတိကို ရသမြောက် အရေးအသားတို့နဲ့ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
အရိပ်တခုချင်းစီတိုင်းဟာ ရသမြောက်အရေးအသား တစ်ပုဒ်ဖြစ်တာကို တွေ့ရမှာဖြစ်ပြီး ဆရာမစံပယ်ဖြူနုရဲ့ ဘဝထဲကို အရိပ်တွေကနေ တဆင့် စာချစ်သူတို့ မြင်တွေ့ခွင့်ရမှာပါ။ အရိပ် – ၁ မှာ သူမရဲ့ အတွင်းနက်နက် စိတ်ပိုင်းဆိုင်ရာအကြောင်းတစ်ခုကို အိပ်မက်ကတဆင့် ထိတွေ့ခွင့်ရမှာဖြစ်သလို အရိပ် – ၃ မှာ ဆိုရင်လည်း တီဗွီနဲ့ ဆရာမစံပယ်ဖြူနုရဲ့ အဘွားအကြောင်းကို ခပ်ပါးပါး တို့ထိခွင့်ရမှာဖြစ်ပါတယ်။ “ကျွန်မက ကံကောင်းလို့ ကြည်အောင် မဖြစ်တာ” ဆိုတဲ့ အရိပ် – ၄ ဟာလည်း စံပယ်ဖြူနုဆိုတဲ့ ကလောင်နာမည် ဘာကြောင့် ဘယ်လိုဖြစ်လာသလဲဆိုတာကို ထဲထဲဝင်ဝင် ရေးထားတာမို့ တစ်ခါဖတ်ပြီးတာနဲ့ ဆရာမရဲ့ ပရိသတ်တို့ ဘယ်တော့မှ မမေ့တော့မယ့် အရေးအသားတစ်ပုဒ်လို့ ဆိုရမှာပါ။ အရိပ် – ၇ မှာဆို စံပယ်ဖြူနုရဲ့ အကြိုက်ဆုံးဟင်းအကြောင်း၊ အရိပ် – ၉ မှာ စံပယ်ဖြူနုနဲ့ ကြောင်အကြောင်း စတဲ့ သူမရဲ့ ဘဝထဲကို အရိပ်တွေကနေတဆင့် ဖတ်ရှုရမှာဖြစ်ပြီး လူသိပ်မသိတဲ့အကြောင်းလေးတွေကို လှစ်ဟပြတဲ့ အရိပ်အကြောင်းတွေပါ ဖတ်ရမှာပါ။
“စာရေးကောင်းသူတို့ဟာ ဘာရေးရေး ဖတ်လို့ကောင်းနေတာပဲ” လို့ ပြောကြပါတယ်။ ဒီစာအုပ်မှာ စံပယ်ဖြူနုရဲ့ ဘဝနဲ့ ဆက်စပ်အကြောင်းအရာတို့ကို အပုဒ် ၄၀ တိတိ ဖတ်ရှုရမှာ ဖြစ်ပြီး ရသမြောက် အရေးအသားတို့နဲ့ ကွပ်ထားတဲ့ ဆရာမရဲ့ ဘဝထဲက ရှင်သန်လှုပ်ရှားမှုတွေဖြစ်တာမို့ အရိပ်တိုင်းဟာ စာဖတ်သူကို အတွေးတစ်စစီ ချန်ထားခဲ့မှာ ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ် ၂၀၂၀ မှာ အသက် ၄၀ ပြည့်ခဲ့သူ စံပယ်ဖြူနုရဲ့ အရိပ်လေးဆယ် ကို အပိုင်း ၅ ပိုင်း ခွဲချပြထားတဲ့ ဒီစာအုပ်ကနေတဆင့် ဆရာမရဲ့ ဘဝနဲ့ နေ့ရက်ဆိုင်ရာအချို့ကို တို့ထိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Ks 6,000အရိပ်လေးဆယ် (ရသအက်ဆေးများ)
Ks 6,000